Connect with us

China

တရုတ်နိုင်ငံတွင် မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်သော သစ်ခွမျိုးစိတ်သစ်များကို ရှာဖွေတွေ့ရှိ

လိပ်ပြာသစ်ခွပန်းအားတွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ ဒီဇင်ဘာ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အချို့နေရာများတွင် မျိုးသုဉ်းပျောက်ကွယ်လုနီးပါးရှိသော သစ်ခွမျိုးစိတ်သစ်တစ်မျိုးကို တရုတ်သုတေသီများက ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

၎င်းမျိုးစိတ်သစ် Bulbophyllum hamatum သည် သစ်ခွမျိုးရင်းဝင်ဖြစ်ကြောင်း ၊ ယင်းသစ်ခွအား တရုတ်နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ် ရီချန်းမြို့ရှိ တရုတ်သိပ္ပံအကယ်ဒမီ၏ လက်အောက်ရှိ ဝူဟန့် ရုက္ခဗေဒဥယျာဉ် (WBG) မှ သုတေသီများက ၂၀၁၄ ခုနှစ်တွင် ပထမဆုံးရှာဖွေတွေ့ရှိခဲ့သည့် မျိုးစိတ်ဟု ယူဆကြောင်း သိရသည်။

မျိုးစိတ်များကို နှစ်ပေါင်းများစွာ ခြေရာခံပြီး ဆင်တူမျိုးစိတ်များနှင့် နမူနာပုံစံများကို နှိုင်းယှဉ်ကြည့်ပြီးနောက် သုတေသီများက ၎င်းကို သစ်ခွမျိုးစိတ်သစ်တစ်ခုအဖြစ် ဆုံးဖြတ်ခဲ့ပြီး ၎င်း၏ပုံသဏ္ဍာန်ကို အမည်ပေးခဲ့ခြင်းဖြစ်ကြောင်း WBG က ဆိုသည်။

နောက်ပိုင်းတွင် တရုတ်သုတေသီများသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုး ပြည်နယ်နှင့် အလယ်ပိုင်း ဟူနန် ပြည်နယ် အပါအဝင် တရုတ်နိုင်ငံတစ်ဝှမ်းရှိ အချို့နေရာများတွင် အလားတူမျိုးစိတ်များကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းတွေ့ရှိမှုကို Phytotaxa ဂျာနယ်တွင် ဖော်ပြခဲ့ပြီး မျိုးစိတ်သစ် အမျိုးအစားနမူနာများကို ရုက္ခဗေဒ ဥယျာဉ်တွင် သိမ်းဆည်းထားခဲ့သည်။

၎င်းသစ်ခွသည် ကမ္ဘာတစ်ဝှမ်းတွင် မျိုးစိတ်ပေါင်း ၂၈,၀၀၀ ခန့်ရှိပြီး မျိုးသုဉ်းလုနီးပါးအပင်မျိုးစိတ်များအဖြစ် စာရင်းသွင်းထားသော angiosperms ၏ ဒုတိယအကြီးဆုံးမျိုးစိတ်ဖြစ်ကြောင်း သိရသည်။ ၎င်းတို့ကို ကုန်းမြေဂေဟစနစ် အသီးသီးတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေထားကြောင်း WBG က ပြောကြားခဲ့သည်။

မျိုးစိတ်သစ်များကို ရှာဖွေတွေ့ရှိခြင်းသည် သစ်ခွမျိုးကွဲများကို သုတေသနနှင့် ထိန်းသိမ်းရေးအတွက် အလွန်အရေးကြီးကြောင်း WBG က ပြောခဲ့သည်။ (Xinhua)

………………………………………….
(English Version)
New endangered orchid species discovered in China
WUHAN, Dec. 3 (Xinhua) — Chinese researchers have discovered a new plant species of endangered orchids in some areas of China.
The new species, Bulbophyllum hamatum, is a member of the orchid family. It was first found as a suspected new species by researchers from the Wuhan Botanical Garden (WBG) under the Chinese Academy of Sciences in Yichang City, central China’s Hubei Province, in 2014.
After years of tracking the species and morphologically comparing specimens with similar species, researchers finally determined it as a new orchid species, and named it after its shape, said the WBG.
Later, Chinese researchers also found the same species in some places across China including the country’s southwestern province of Guizhou and the central province of Hunan.
The finding has been published in the journal Phytotaxa, and the new species’ type specimens are kept in the botanical garden.
The orchid family, as the second-largest family of angiosperms, has about 28,000 species worldwide and was listed as endangered plant species. They are widely distributed in various terrestrial ecosystems, said the WBG.
The finding of the new species is of great significance to the research and conservation of orchid diversity, the WBG added. Enditem