Connect with us

China

သမ္မတ ရှီက အမေရိကန်နိုင်ငံ အလယ်ပိုင်းတွင် လေဆင်နှာမောင်း သဘာဝဘေးအန္တရာယ် ကြုံတွေ့ရမှုအပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

အမေရိကန်နိုင်ငံ ကင်တပ်ကီပြည်နယ် မေဖီးလ်မြို့တွင် လေဆင်နှာမောင်းတိုက်ခတ်ခြင်းကြောင့် သစ်ပင်တစ်ပင် ပြိုလဲနေသည်ကို ဒီဇင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အမေရိကန်နိုင်ငံ အလယ်ပိုင်းရှိ နေရာအတော်များများ၌ လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် သဘာဝဘေးအန္တရာယ် ဆိုးဝါးစွာ ကြုံတွေ့ခဲ့ရခြင်းအတွက် ဝမ်းနည်းကြောင်း သဝဏ်လွှာအား အမေရိကန်နိုင်ငံ သမ္မတ ဂျိုးဘိုင်ဒန်ထံ ဒီဇင်ဘာ ၁၄ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ အစိုးရနှင့် ပြည်သူများ၏ ကိုယ်စား ရှီက အမေရိကန်နိုင်ငံ ကင်တပ်ကီ၊ အီလီနွိုက်၊ အာကန်ဆက်စ်၊ မစ္စစ္စပီ၊ တန်နက်စီနှင့် မစ်ဇိုရီ စသည့် အလယ်ပိုင်းပြည်နယ် ၆ ခုတွင် လေဆင်နှာမောင်းများ တိုက်ခတ်ခြင်းကြောင့် သေဆုံးခဲ့သူများနှင့် အိုးအိမ်ပိုင်ဆိုင်မှုများ ဆုံးရှုံးခဲ့ရခြင်းများအတွက် စာနာမိကြောင်းနှင့် ကြေကွဲဝမ်းနည်းမှု ခံစားရကြောင်း သဝဏ်လွှာထဲ၌ ဖော်ပြထားသည်။ (Xinhua)

———————————-
(English Version)
Xi extends condolences to Biden over tornado disaster in central U.S.
Source: Xinhua| 2021-12-14 22:24:21|Editor: huaxia
BEIJING, Dec. 14 (Xinhua) — Chinese President Xi Jinping on Tuesday extended condolences to his U.S. counterpart, Joe Biden, over the severe disaster of a tornado outbreak hitting central parts of the United States.
In his message, Xi, on behalf of the Chinese government and people, expressed deep sympathies and sincere condolences to the American people over the severe casualties and property loss caused by the multiple tornadoes hitting six central U.S. states of Kentucky, Illinois, Arkansas, Mississippi, Tennessee and Missouri. ■
Photo taken on Dec. 11, 2021 shows a tree toppled in tornadoes in Mayfield, Kentucky, the United States. (Photo by Caromirna Sanchez/Xinhua)