Connect with us

Europe

ဂျာမနီနိုင်ငံက Lockheed F-35 ဂျက်တိုက်လေယာဉ်များ ဝယ်ယူရန် ကြေညာ

အမေရိကန်နိုင်ငံ တက္ကဆတ်ပြည်နယ် Ellington လေဆိပ်၌ F-35 ဂျက်တိုက်လေယာဉ် သရုပ်ပြပျံသန်းမှုအား ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၉ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဘာလင် ၊ မတ် ၁၅ ရက်(ဆင်ဟွာ)

ဂျာမနီနိုင်ငံက လွန်ခဲ့သော နှစ်ပေါင်း ၄၀ ကျော်က စတင်အသုံးပြုခဲ့သည့် သက်တမ်းရင့် Tornado အုပ်စုအား ဆက်ခံမည့် အမေရိကန်နိုင်ငံ Lockheed Martin ကုမ္ပဏီက ထုတ်လုပ်သည့် F-35 ဂျက်တိုက်လေယာဉ်များအား ဝယ်ယူသွားမည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန(BMVg)က မတ် ၁၄ ရက်တွင် ကြေညာခဲ့သည်။ယင်းဝယ်ယူမှုသည် FCAS တိုက်လေယာဉ်စနစ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ၂၀၄၀ ပြည့်နှစ်တွင် ဥရောပတိုက်လေယာဉ်အား တိုးတက်ကောင်းမွန်သည့်ပုံစံနှင့် တစ်ဖြည်းဖြည်း အစားထိုးရန် ပြင်သစ်နိုင်ငံနှင့်အတူ ဂျာမနီနိုင်ငံ၏ ပူးတွဲအစီအစဉ်များအား အဟန့်အတားဖြစ်စေလိမ့်မည် မဟုတ်ဟုဆိုသည် ။ “ဒါက အရေးကြီးတဲ့အဓိကနည်းပညာက ဂျာမနီ နဲ့ ဥရောပမှာ ရှိနေသေးတယ်ဆိုတာကို ဆိုလိုတာပါ။”ဟု ကာကွယ်ရေးဝန်ကြီး Christine Lambrecht က ပြောကြားခဲ့သည်။

မတ်လအစောပိုင်းတွင် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် Olaf Scholz က အထူးကာကွယ်ရေးရန်ပုံငွေ ယူရိုဘီလီယံ ၁၀၀ (အမေရိကန်ဒေါ်လာ ၁၁၀ ဘီလီယံ) ထိသုံးစွဲသွားရန် နှင့် နိုင်ငံ၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှု၏ ၂ ရာခိုင်နှုန်းကျော်အထိ နှစ်စဉ်ကာကွယ်ရေးအသုံးစရိတ်များအား တိုးမြှင့်ရန် ကြေညာထားပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)

#Germany #fighterjet #Defense #ဂျာမနီနိုင်ငံ #တိုက်လေယာဉ် #ကာကွယ်ရေး #ဆင်ဟွာ #xinhua #myanmar #xinhuamyanmar
————————–
(English Version)
Germany announces to buy Lockheed F-35 fighter jets
BERLIN, March 14 (Xinhua) — Germany would buy F-35 fighter jets by U.S. manufacturer Lockheed Martin to succeed the country’s aging Tornado fleet that was introduced more than 40 years ago, the Ministry of Defense (BMVg) announced on Monday.
The purchase would not undermine Germany’s joint plans with France to gradually replace the Eurofighter with an improved version by 2040 as part of the FCAS fighter system. “This means that important key technology remains in Germany and in Europe,” Minister of Defense Christine Lambrecht said.
Earlier in March, German Chancellor Olaf Scholz already announced a special defense fund of 100 billion euros (110 billion U.S. dollars) and to increase annual defense budgets to more than two percent of the country’s gross domestic product. (1 euro = 1.10 U.S. dollars) ■
Photo – An F-35 fighter jet performs during the annual Wings Over Houston Airshow at the Ellington Airport, state of Texas, the United States, Oct. 19, 2019. (Xinhua/Song Qiong)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.