Connect with us

Media

တရုတ်-ရုရှား ပူးပေါင်းဆောင်ရွက်မှုက မည်သည့်တတိယနိုင်ငံကိုမှ ရည်ရွယ်ပစ်မှတ်ထားခြင်းမဟုတ်ဟု တရုတ်ဝန်ကြီးချုပ်ပြော

ဘစ်ရှ်ကက်ရှ်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်-ရုရှား ပူးပေါင်းဆောင်ရွက်မှုသည် မည်သည့်တတိယနိုင်ငံကိုမှ ရည်ရွယ်ပစ်မှတ်ထားခြင်းမဟုတ်သလို မည်သည့်တတိယနိုင်ငံကိုမှ အနှောင့်အယှက်ဖြစ်လိမ့်မည် မဟုတ်ကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်က အောက်တိုဘာ ၂၅ ရက်၌ ပြောကြားခဲ့သည်။

တရုတ်နှင့် ရုရှား နှစ်နိုင်ငံအနေဖြင့် ၎င်းတို့ပြည်သူများ၏ အကျိုးကျေးဇူးရှိစေရန်၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန်၊ သာတူညီမျှမှုနှင့် တရားမျှတမှု ထိန်းသိမ်းရန်ဟူသော ရည်ရွယ်ချက်ဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို ရှေ့ဆက်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် လီက ရုရှား ဝန်ကြီးချုပ် Mikhail Mishustin နှင့် ၂၂ ကြိမ်မြောက် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အဖွဲ့ဝင်နိုင်ငံများ၏ အစိုးရခေါင်းဆောင်များကောင်စီ အစည်းအဝေး၌ သီးခြားတွေ့ဆုံမှုအတွင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာတီမာ ပူတင်တို့ မကြာသေးမီက ပေကျင်းမြို့၌ တွေ့ဆုံစဉ် စီမံကိန်းအသစ် ရေးဆွဲခဲ့ကာ တရုတ်-ရုရှား ဆက်ဆံရေး အဆင့်မြှင့်တင်မှုအတွက် ရူပါရုံအသစ်များ ဖွင့်လှစ်ခဲ့ကြောင်း ဝန်ကြီးချုပ် လီက ပြောခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ရုရှားနိုင်ငံနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများ ထပ်မံချိန်ညှိရန်၊ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုနှင့် ယူရေးရှား စီးပွားရေးသမဂ္ဂ (EEU) ကြား ပေါင်းစည်းမှု မြှင့်တင်ရန်၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး တိုးတက်မှုအရှိန်အဟုန် ထိန်းသိမ်းရန်၊ စွမ်းအင်နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှု နက်ရှိင်းမှုရှိစေရန်နှင့် ကွန်ရက်ချိန်ဆက်မှု၊ ကုန်သွယ်ရေးလွတ်လပ်မှုနှင့် အဆင်ပြေချောမွေ့မှု တိုးမြှင့်ရန် ဆောင်ရွက်သွားလိုကြောင်း လီက ပြောခဲ့သည်။

ရုရှား ဝန်ကြီးချုပ် Mikhail Mishustin က တရုတ်နိုင်ငံအနေဖြင့် တတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရပ်ဝန်းနှင့် ပိုးလမ်းမဖိုရမ်ကို အောင်မြင်စွာ ကျင်းပနိုင်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ ခေတ်သစ်အတွက် ရုရှား-တရုတ် ဘက်စုံမဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးမှာ မကြုံဖူးသော အဆင့်မြင့်မားမှု၌ ရောက်ရှိနေကြောင်း ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
China-Russia cooperation not targeted at any third party: premier
BISHKEK, Oct. 25 (Xinhua) — China-Russia cooperation is not targeted at any third party, nor will it be disturbed by any third party, Chinese Premier Li Qiang said here on Wednesday.
The two sides carry out bilateral cooperation with an aim to benefit their people, promote global development, and uphold fairness and justice, Li said when meeting with Russian Prime Minister Mikhail Mishustin on the sidelines of the 22nd Meeting of the Council of Heads of Government of the Shanghai Cooperation Organization (SCO) Member States.
Li said the recent meeting between President Xi Jinping and his Russian counterpart, Vladimir Putin, in Beijing has charted a new blueprint and opened up a new vision for the advancement of China-Russia relations.
China, Li said, is willing to further align its development strategies with Russia, promote synergy between the Belt and Road cooperation and the Eurasian Economic Union (EEU), maintain the growth momentum of cooperation on trade and investment, deepen cooperation in the field of energy, and enhance connectivity and trade liberalization and facilitation.
For his part, Mishustin congratulated China on successfully hosting the third Belt and Road Forum for International Cooperation, saying that the Russia-China comprehensive strategic partnership of coordination for a new era is at an unprecedented high level.