Connect with us

China

ဆဋ္ဌမအကြိမ်မြောက် CIIE ပြပွဲအတွင်း အမေရိကန်ပြခန်း၌ ဒေါ်လာ ၅၀၅ သန်း တန်ဖိုးရှိသော သဘောတူစာချုပ်များ လက်မှတ်ရေးထိုး

- တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ဆဋ္ဌအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ ကျင်းပသည့် အမျိုးသား ပြပွဲနှင့် ကွန်ဗင်းရှင်းစင်တာ (ရှန်ဟိုင်း) ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ဆဋ္ဌမအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) အတွင်း အမေရိကန် စားသောက်ကုန်နှင့် စိုက်ပျိုးရေးပြခန်း၌ ပါဝင်ပြသသူများက စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၀၅ သန်းတန်ဖိုးရှိသော သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြောင်း ရှန်ဟိုင်းမြို့ရှိ အမေရိကန်ကုန်သည်ကြီးများအသင်း (AmCham Shanghai) ပြောကြားချက်အရ သိရသည်။

ဆဋ္ဌမအကြိမ်မြောက် CIIE တွင် AmCham ရှန်ဟိုင်းနှင့် အမေရိကန်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနတို့၏ စီစဉ်မှုအရ အမေရိကန် စားသောက်ကုန်နှင့် စိုက်ပျိုးရေးပြခန်းပါဝင်ပြသခြင်းအားဖြင့် အဆိုပါပြပွဲ၌ အမေရိကန်အစိုးရက ပထမဆုံးအကြိမ် ပါဝင်လာခဲ့ခြင်းဖြစ်သည်။

အမေရိကန်ပြခန်းတွင် စက်မှုလုပ်ငန်းအသင်း၊ ပြည်နယ်အစိုးရများနှင့် ကုမ္ပဏီ ၁၇ ခုက စားသောက်ကုန်နှင့် စိုက်ပျိုးရေးထုတ်ကုန် အမြောက်အမြား ထည့်သွင်းပြသခဲ့ကြသည်။

အမေရိကန် စားသောက်ကုန်နှင့် စိုက်ပျိုးရေးပြခန်း ရလဒ်အနေနဲ့ကတော့ ကျွန်တော်တို့ မျှော်လင့်ထားတာထက် ကျော်လွန်ခဲ့ပါတယ်” ဟု AmCham ရှန်ဟိုင်း ဥက္ကဋ္ဌ Eric Zheng က ဆိုသည်။ “CIIE က အမေရိကန် ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို ပြသမယ့် အရေးကြီးပလက်ဖောင်းတစ်ခုလည်း ဖြစ်ပါတယ်”
AmCham ရှန်ဟိုင်းသည် အမေရိကန်ကုမ္ပဏီများအား တရုတ်နိုင်ငံတွင် ၎င်းတို့၏ စီးပွားရေးတိုးတက်စေရန် ဆက်လက်ပံ့ပိုးပေးမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
Deals worth 505 mln USD signed at American Pavilion during 6th CIIE
SHANGHAI, Nov. 10 (Xinhua) — A total of 505 million U.S. dollars worth of deals were signed by exhibitors participating in the American Food and Agriculture Pavilion during the sixth China International Import Expo (CIIE), said the American Chamber of Commerce in Shanghai (AmCham Shanghai).
Hosted by AmCham Shanghai and the U.S. Department of Agriculture, the American Food and Agriculture Pavilion at the 6th CIIE is the first time the U.S. government has participated in the grand event.
Seventeen industry associations, state governments and companies showcased a wide range of food and agriculture products at the American pavilion.
“The results of the American Food and Agriculture Pavilion exceeded our expectations,” said Eric Zheng, president of AmCham Shanghai. “The CIIE proved to be an important platform to showcase American products and services.”
He added that AmCham Shanghai will continue to support American companies in growing their business in China.
Photo: This stitched photo taken on Oct. 24, 2023 shows the National Exhibition and Convention Center (Shanghai), the main venue for the 6th China International Import Expo in east China’s Shanghai. (Xinhua/Liu Ying)