Connect with us

China

တရုတ်နိုင်ငံ၏ ၄၀ ကြိမ်မြောက် အန္တာတိက သိပ္ပံစူးစမ်းလေ့လာရေးမစ်ရှင် စတင်

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ အခြေစိုက်သင်္ဘောကျင်းတွင် သုတေသနရေခဲခွဲသင်္ဘော Xuelong နှင့် လိုက်ပါမည့် အကြိမ် ၄၀ မြောက် အန္တာတိကတိုက် သိပ္ပံပညာရပ်ဆိုင်ရာ စူးစမ်းလေ့လာရေးအဖွဲ့ဝင်များကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ၄၀ ကြိမ်မြောက် အန္တာတိက သိပ္ပံပညာရပ်ဆိုင်ရာ စူးစမ်းလေ့လာရေးအဖွဲ့သည် နိုဝင်ဘာ ၁ ရက် နံနက်ပိုင်းက ထွက်ခွာသွားခဲ့ကြောင်းနှင့် ယခုစတင်လိုက်သော မစ်ရှင်မှာ အချိန်ငါးလကြာမြင့်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။

ယခုအကြိမ်သည် တရုတ်နိုင်ငံ အန္တာတိက သိပ္ပံစူးစမ်းလေ့လာရေးမစ်ရှင်က သင်္ဘောသုံးစင်းဖြင့် ဆောင်ရွက်မည့် ပထမဆုံးမစ်ရှင်လည်း ဖြစ်သည်။
သုတေသနရေခဲခွဲသင်္ဘောများဖြစ်သော Xuelong နှင့် Xuelong 2 သို့မဟုတ် နှင်းနဂါးနှင့် နှင်းနဂါး ၂ တို့သည် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းစုပြည်နယ် ကျန်းကျားကန်းခရိုင်မှ ထွက်ခွာလာသော Tian Hui ကုန်တင်သင်္ဘော နှင့်အတူ ရှန်ဟိုင်းမြို့မှ ထွက်ခွာလာခဲ့သည်။

လူဦးရေ ၄၆၀ ကျော် ပါဝင်သော အဆိုပါ အဖွဲ့သည် အန္တာတိကဂေဟစနစ်အပေါ် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုနှင့် ရာသီဥတုပြောင်းလဲမှုတွင် အန္တာတိက၏ အခန်းကဏ္ဍကို စူးစမ်းလေ့လာသွားမည်ဖြစ်သည်။ ထိုအဖွဲ့သည် နောက်ဆုံးပေါ် သုတေသနစီမံကိန်းများနှင့်ပတ်သက်၍ နော်ဝေနှင့် ဩစတြေးလျ သိပ္ပံပညာရှင်များနှင့်အတူ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စူးစမ်းလေ့လာမှုအတွင်း ရော့စ်ပင်လယ်ပြင် ကမ်းရိုးတန်းဧရိယာတစ်လျှောက် သိပ္ပံသုတေသနစခန်းသစ် တစ်ခု တည်ဆောက်သွားမည်ဖြစ်ကာ ၎င်းစခန်းမှာ အန္တာတိကတိုက်တွင် ပဉ္စမမြောက် သုတေသနစခန်းနှင့် Changcheng နှင့် Zhongshan စခန်းများပြီးနောက် တတိယမြောက် ပုံသေစခန်းတစ်ခုဖြစ်လာခဲ့သည်။
အဆိုပါ စခန်းသည် အန္တာတိက၏ လေထုနှင့် ရေကြောင်းပတ်ဝန်းကျင်၊ ဇီဝဗေဒနှင့် ဂေဟဗေဒ အခြေအနေကို စောင့်ကြည့် လေ့လာမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ရှိ အခြေစိုက်သင်္ဘောကျင်းတွင် ၄၀ ကြိမ်မြောက် အန္တာတိကတိုက် သိပ္ပံပညာရပ်ဆိုင်ရာ စူးစမ်းလေ့လာရေးအဖွဲ့ဝင်များကို နှုတ်ဆက်နေသူများအား ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………
(English Version)
China’s 40th Antarctic scientific expedition begins
SHANGHAI, Nov. 1 (Xinhua) — China’s 40th Antarctic scientific expedition team set sail on Wednesday morning, starting a mission expected to last over five months.
This is the first time China’s Antarctic scientific research mission will be carried out by three ships.
Research icebreakers Xuelong and Xuelong 2, or Snow Dragon and Snow Dragon 2, set off from Shanghai, while cargo vessel Tian Hui departed from Zhangjiagang in east China’s Jiangsu Province.
The team, consisting of over 460 people, will investigate the impact of climate change on the Antarctic ecosystem, as well as Antarctica’s role in climate change. They will collaborate with Norwegian and Australian counterparts on cutting-edge research projects.
A new scientific research station will be established along the coastal areas of the Ross Sea during this expedition, becoming China’s fifth research station in Antarctica and the third permanent ones, after the Changcheng and Zhongshan stations.
The station will monitor and study the atmospheric and marine environment of Antarctica as well as the biological and ecological conditions there.
Photo 1: Members of China’s 40th Antarctic scientific expedition team get aboard research icebreaker Xuelong at a base dock in Shanghai, east China, Nov. 1, 2023. (Xinhua/Zhang Jiansong)
Photo 2: People see off China’s 40th Antarctic scientific expedition team at a base dock in Shanghai, east China, Nov. 1, 2023. (Xinhua/Zhang Jiansong)