Connect with us

China

တရုတ်နိုင်ငံ၏ ပင်လယ်ဖြတ်ကျော်အဝေးပြေးလမ်းသစ် ပြီးစီးရန်တစ်ဆင့်ပိုမိုနီးကပ်လာ

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ်ရှိ ဆန်းကျန့်-ကျုံးဆန်းကို ချိတ်ဆက်ထားသော Lingdingyang တံတားကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကွမ်ကျိုး၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ်ရှိ ဆန်းကျန့်မြို့နှင့် ကျုံးဆန်းမြို့ကြားရှိ ပင်လယ်ဖြတ်ကျော် အဝေးပြေးလမ်းစီမံကိန်း ပြီးစီးလုနီးပါးရှိလာပြီဖြစ်ကြောင်း သိရသည်။

အရှည် ၆.၈ ကီလိုမီတာခန့်ရှိသော ရေအောက်ဥမင်လိုဏ်ခေါင်း၏ ဥမင်ဖြတ်ပိုင်းတုံးများပေါ် နောက်ဆုံးကွန်ကရစ်လောင်းခြင်းလုပ်ငန်းကို နိုဝင်ဘာ ၂၈ ရက်က ဆောင်ရွက်ခဲ့ခြင်းကြောင့် တည်ဆောက်ရေးလုပ်ငန်းမှာ ပြီးဆုံးလုနီးပါးဖြစ်လာပြီဟု Guangdong Provincial Communication Group ကုမ္ပဏီလီမိတက်က ပြောကြားခဲ့သည်။

အဆိုပါ ဥမင်သည် ဆန်းကျန့်မြို့နှင့် ကျုံးဆန်းမြို့အား ချိတ်ဆက်ထားသည့် အရှည် ၂၄ ကီလိုမီတာရှိသော အဝေးပြေးလမ်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ကာ ပုလဲမြစ်ဝတစ်ဖက်ခြမ်းတွင် တည်ရှိသည်။
ဆန်းကျန့်-ကျုံးဆန်း ချိတ်ဆက်လမ်းသည် ကွမ်တုန်း-ဟောင်ကောင်-မကာအို မဟာပင်လယ်အော်ဧရိယာရှိ အဓိကသယ်ယူပို့ဆောင်ရေး အချက်အချာစီမံကိန်းတစ်ခုဖြစ်သည်။ ယင်းစီမံကိန်းတွင် မြေအောက်ဥမင်တစ်ခု၊ တံတားနှစ်စင်းနှင့် လူလုပ်ကျွန်းနှစ်ကျွန်း ပါဝင်ပြီး ကမ္ဘာပေါ်ရှိ စိန်ခေါ်မှုအရှိဆုံး ပင်လယ်ဖြတ်ကျော်စီမံကိန်းများအနက် တစ်ခုလည်း ဖြစ်သည်။

ပင်လယ်ဖြတ်ကျော် ချိတ်ဆက်လမ်းကို ၂၀၂၄ ခုနှစ်တွင် အများပြည်သူဖြတ်သန်းသွားလာနိုင်ရေးအတွက် ဖွင့်လှစ်ရန် လျာထားသည်။ ထိုလမ်းအား ဖွင့်လှစ်ပြီးပါက ဆန်းကျန့်မြို့နှင့် ကျုံးဆန်းမြို့ကြား ခရီးသွားကြာမြင့်ချိန်ကို လက်ရှိ ၂ နာရီရှိရာမှ မိနစ် ၂၀ ခန့်အထိ လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဟောင်ကောင်-ကျူးဟိုင်-မကာအို တံတားကဲ့သို့ တည်ဆောက်ထားသော ဆန်းကျန့်-ကျုံးဆန်း ချိတ်ဆက်လမ်းသည် မဟာပင်လယ်အော်ဒေသတွင် ပင်လယ်ဖြတ်ကျော်နှင့် မြစ်ဖြတ်ကျော်လမ်းများ ကွန်ရက် ပုံစံဖော်သွားမည်ဖြစ်ကာ မြို့များ၏ ကွန်ရက်ချိတ်ဆက်မှုကို မြှင့်တင်ပေးလျက်ရှိကြောင်း Guangdong Provincial Communication Group ကုမ္ပဏီလီမိတက် အကြီးအကဲ Deng Xiaohua က ပြောခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ်ရှိ ဆန်းကျန့်-ကျုံးဆန်းကို ချိတ်ဆက်ထားသော ရေအောက်ဥမင်လိုဏ်ခေါင်း၏ ဥမင်ဖြတ်ပိုင်းတုံးတွင် တည်ဆောက်ရေးဆောင်ရွက်နေသူများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ်ရှိ ဆန်းကျန့်-ကျုံးဆန်းကို ချိတ်ဆက်ထားသော ရေအောက်ဥမင်လိုဏ်ခေါင်း၏ ဥမင်ဖြတ်ပိုင်းတုံးတွင် တည်ဆောက်ရေးဆောင်ရွက်နေသူများကို ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………………
(English Version)
China’s new cross-sea highway one step closer to completion
GUANGZHOU, Nov. 28 (Xinhua) — A cross-sea highway project between the cities of Shenzhen and Zhongshan in south China’s Guangdong Province is one step closer to completion.
The last pouring of concrete was put in place on Tuesday, as work on the immersed tube underwater tunnel, which spans around 6.8 km, is nearing its end, said Guangdong Provincial Communication Group Co., Ltd.
The tunnel is part of a 24-km-long highway connecting Shenzhen and Zhongshan, situated on either side of the Pearl River Estuary.
Shenzhen-Zhongshan link is a core transportation hub project in the Guangdong-Hong Kong-Macao Greater Bay Area. It consists of one underwater tunnel, two bridges and two artificial islands, making it one of the most challenging cross-sea cluster projects in the world.
The cross-sea link is scheduled to open to traffic in 2024. Once operational, the travel time between Shenzhen and Zhongshan will be reduced from the current two hours to approximately 20 minutes.
Shenzhen-Zhongshan link, along with existing structures like the Hong Kong-Zhuhai-Macao Bridge, will form a network of cross-sea and cross-river passages in the Greater Bay Area, boosting connectivity of the city cluster, said Deng Xiaohua, head of Guangdong Provincial Communication Group Co., Ltd.
Photo 1: This aerial photo taken on Nov. 27, 2023 shows the Lingdingyang bridge of the Shenzhen-Zhongshan link in south China’s Guangdong Province. (Xinhua/Deng Hua)
Photo 2, 3: Builders work in the immersed tube underwater tunnel of the Shenzhen-Zhongshan link in south China’s Guangdong Province, Nov. 28, 2023. (Xinhua/Deng Hua)