Connect with us

China

ဆဋ္ဌမအကြိမ်မြောက် CIIE က ပွင့်လင်းမှုနှင့် အပြန်အလှန်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပေးမည်

တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ပဉ္စမအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ပင်မနေရာဖြစ်သော အမျိုးသား ပြပွဲနှင့် ကွန်ဗင်းရှင်းစင်တာ (ရှန်ဟိုင်း)၏ တောင်ဘက်ခြမ်းကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ကျင်းပရန် ရည်ရွယ်ထားသော ဆဋ္ဌမအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) သည် ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ ပထမဆုံးအကြိမ် လူကိုယ်တိုင်တက်ရောက်၍ အပြည့်အဝပြန်လည်ကျင်းပနိုင်သော ပြပွဲဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့ပထမဆုံး နိုင်ငံအဆင့် သွင်းကုန်အတွက် ရည်ရွယ်ကျင်းပသောပြပွဲဖြစ်သည့် CIIE သည် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု စံနမူနာသစ်အတွက် စင်မြင့်၊ အဆင့်အတန်းမြင့် တံခါးဖွင့်ဝါဒအတွက် ပလက်ဖောင်းနှင့် ကမ္ဘာကြီးတစ်ခုလုံးအတွက် ပြည်သူ့ကုန်စည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Sheng Qiuping က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ယခုနှစ် ကျင်းပမည့် CIIE သည် Global Fortune 500 စာရင်းဝင်ကုမ္ပဏီနှင့် စက်မှုလုပ်ငန်း ခေါင်းဆောင် ၂၈၉ ဦး တက်ရောက်သည့် စံချိန်သစ်လည်းတင်ခဲ့သည်။ ပြပွဲသို့ တက်ရောက်ရန် ပြပွဲပြသသူ ၃,၄၀၀ ကျော်နှင့် လေ့လာသူပညာရှင် ၃၉၄,၀၀၀ ဦးတို့က စာရင်းသွင်းထားကြောင်း သိရသည်။
ထို့ပြင် ယခုနှစ်ပြပွဲသည် ဖွံ့ဖြိုးမှုအနည်းဆုံး၊ ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများ အပါအဝင် ဒေသနှင့် နိုင်ငံတကာအဖွဲ့အစည်း ၁၅၄ ခုမှ တက်ရောက်ကြမည်ဖြစ်သည်။ (Xinhua)

………………………………
(English Version)
6th CIIE to shine spotlight on enhanced openness, win-win cooperation
SHANGHAI, Nov. 3 (Xinhua) — The sixth China International Import Expo (CIIE), scheduled in Shanghai from Nov. 5 to 10, signifies the event’s first full return to in-person exhibitions since the onset of COVID-19.
As the world’s first import-themed national-level expo, CIIE is a showcase for China’s new development paradigm, a platform for high-standard opening up, and a public good for the whole world, said Vice Minister of Commerce Sheng Qiuping at a press conference.
This edition of the CIIE has set a new record with 289 Global Fortune 500 companies and industry leaders in attendance. Over 3,400 exhibitors and 394,000 professional visitors have registered for the event.
This year’s CIIE has attracted attendees from 154 countries, regions and international organizations, including the least developed, developing and developed nations.
Photo: The south square of the National Exhibition and Convention Center (Shanghai), the main venue for the upcoming fifth China International Import Expo (CIIE), is pictured in east China’s Shanghai, Oct. 24, 2022. (Xinhua/Fang Zhe)