Connect with us

China

တရုတ်နိုင်ငံက ပြန်လည်အသုံးပြုနိုင်သော ဒုံးပျံ စမ်းသပ်ပျံတက်ခြင်းနှင့် ဆင်းသက်ခြင်း ပြီးစီး

ပေကျင်း၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ စီးပွားရေးလုပ်ငန်းသုံး ပြန်လည်အသုံးပြုနိုင်သော ဒုံးပျံ SQX-2Y သည် ဒေါင်လိုက် စမ်းသပ်ပျံတက်ခြင်းနှင့် ဆင်းသက်ခြင်း အောင်မြင်စွာပြီးစီးခဲ့ကြောင်း ပေကျင်းမြို့အခြေစိုက် ဒုံးပျံတီထွင်ထုတ်လုပ်သူ i-Space က ပြောကြားခဲ့သည်။

၁၇ မီတာမြင့်မားပြီး ပြန်လည်အသုံးပြုနိုင်သော သယ်ဆောင်ရေးဒုံးပျံနည်းပညာဖြင့် ဒီဇိုင်းထုတ်လုပ်ထားသော အဆိုပါ သရုပ်ပြဒုံးပျံကို နိုဝင်ဘာ ၂ ရက် နေ့လယ် ၂ နာရီက တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ် ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

ယင်းဒုံးပျံသည် အောက်ဆီဂျင် မီသိန်းအရည် အင်ဂျင်တွန်းကန်အားဖြင့် မြေပြင်မှ ပျံတက်ခဲ့ကာ ပင်လယ်ရေပြင်အထက် ၁၇၈.၄၂ မီတာအထိ ရောက်ရှိခဲ့သည်။ ထို ဒုံးပျံသည် အချိန် ၅၀ စက္ကန့်ကျော်ကြာ ပျံသန်းခဲ့ပြီးနောက် အမြန်နှုန်း တစ်စက္ကန့်လျှင် ၁.၀၂၅ မီတာဖြင့် သတ်မှတ်ထားသောနေရာသို့ ညင်သာစွာ ဆင်းသက်ခဲ့သည်။ ဆင်းသက်သောနေရာမှာ တိကျမှန်ကန်မှုမှာ ၁.၆၈ မီတာခန့်ရှိကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
China’s reusable rocket completes take-off, landing test
BEIJING, Nov. 3 (Xinhua) — China’s commercial reusable rocket SQX-2Y has successfully completed a vertical take-off and landing flight test, according to its developer i-Space, a Beijing-based rocket developer.
The 17-meter-tall demonstration rocket, designed to verify reusable carrier rocket technology, was lifted off at 2:00 p.m. on Thursday from the Jiuquan Satellite Launch Center in northwest China.
Propelled by a liquid oxygen methane engine, the rocket stage flew off the ground reaching an altitude of 178.42 meters. After more than 50 seconds, it landed at the target site smoothly at a speed of 0.025 meters per second. The landing position accuracy was about 1.68 meters.