Connect with us

Videos

တရုတ်နိုင်ငံက လကမ္ဘာပေါ်သို့ လူတင်ဆင်းသက်မည့် ကနဦး အစီအစဉ်အား ကြေညာ ၊ ၂၀၃၀ ပြည့်နှစ် မတိုင်မီ လကမ္ဘာသို့ ဆင်းသက်၍ သိပ္ပံပညာ စူးစမ်းလေ့လာမှုများ ပြုလုပ်သွားရန် စီစဉ်

ဝူဟန့်၊ ဇူလိုင် ၁၃ရက် (ဆင်ဟွာ)

လကမ္ဘာပေါ်သို့ လူတင်ဆင်းသက်မည့် ကနဦးအစီအစဉ်ကို တရုတ်နိုင်ငံ လူတင်အာကာသယာဉ် အေဂျင်စီ (CMSA)က ဇူလိုင် ၁၂ ရက်တွင် ထုတ်ပြန်ခဲ့ရာ လကမ္ဘာသို့ ဆင်းသက်၍ သိပ္ပံပညာ စူးစမ်းလေ့လာမှုများကို ၂၀၃၀ ပြည့်နှစ် မတိုင်မီ ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။တရုတ်နိုင်ငံ အနေဖြင့် ၂၀၃၀ ပြည့်နှစ် မတိုင်မီ လကမ္ဘာပေါ်သို့ လူဆင်းသက်၍ သိပ္ပံပညာ စူးစမ်းလေ့လာမှုများ ပြုလုပ်သွားရန် စီစဉ်ထားရာ ၎င်းတို့အနက် လကမ္ဘာပေါ်၌ သိပ္ပံနည်းပညာစမ်းသပ်စခန်း တည်ဆောက်သွား၍ စနစ်တကျနှင့် စဉ်ဆက်မပြတ်ရှိသော လကမ္ဘာ စူးစမ်းလေ့လာမှုနှင့် သက်ဆိုင်ရာ နည်းပညာစမ်းသပ်မှုများ ပြုလုပ်ခြင်းတို့ ပါဝင်ကြောင်း တရုတ်နိုင်ငံ လူတင်အာကာသယာဉ် အေဂျင်စီ (CMSA)၏ ဒုတိယ ဒီဇိုင်နာချုပ် ကျန်းဟိုင်လျန်က ယင်းနေ့ ဝူဟန့်တွင် ကျင်းပသော ၉ ကြိမ်မြောက် တရုတ်(နိုင်ငံတကာ) စီးပွားဖြစ် အာကာသကဏ္ဍ ထိပ်သီးဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။

လကမ္ဘာပေါ်သို့ လူတင်ဆင်းသက်မည့် ကနဦး အစီအစဉ်မှာ လမျက်နှာပြင် ဆင်းသက်ယာဉ်နှင့် လူတင်အာကာသယာဉ်များကို သယ်ဆောင်ရေး ဒုံးပျံ နှစ်စင်းဖြင့် ကမ္ဘာဂြိုဟ်နှင့် လကမ္ဘာသို့ ကူးပြောင်းသော ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ အသီးသီး လွှတ်တင်သွားမည် ဖြစ်ကြောင်း ၊ ယင်းယာဉ်နှစ်စီးသည် လကမ္ဘာဂြိုဟ်ပတ်လမ်းကြောင်းတွင် ချိတ်ဆက်ပြီး လူတင်အာကာသယာဉ်ထဲမှ အာကာသယာဉ်မှူးများက လမျက်နှာပြင် ဆင်းသက်ယာဉ်အတွင်းသို့ ဝင်ရောက်မည် ဖြစ်ကြောင်း သိရသည်။ ထို့နောက် လမျက်နှာပြင် ဆင်းသက်ယာဉ်သည် လကမ္ဘာရှိ သတ်မှတ်ထားသော နေရာသို့ ဆင်းသက်မည် ဖြစ်ပြီး အာကာသယာဉ်မှူးများက သိပ္ပံပညာလေ့လာမှုများနှင့် နမူနာပစ္စည်းများကို စုဆောင်းသွားမည် ဖြစ်ကြောင်း၊ တာဝန်များပြီးဆုံးပါက အာကာသယာဉ်မှူးများသည် လမျက်နှာပြင်ဆင်းသက်ယာဉ်ဖြင့် လကမ္ဘာဂြိုဟ်ပတ်လမ်းကြောင်းသို့ ပြန်သွား၍ အာကာသယာဉ်ဖြင့် ချိတ်ဆက်ကာ ယင်းအာကာသယာဉ်ဖြင့် နမူနာများ သယ်ဆောင်၍ ကမ္ဘာမြေသို့ ပြန်လာမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ တာဝန်များကို ထမ်းဆောင်နိုင်ရန် တရုတ်နိုင်ငံ သိပ္ပံသုတေသီများက Long March 10 သယ်ဆောင်ရေး ဒုံးပျံ၊ မျိုးဆက်သစ် လူတင်အာကာသယာဉ်၊ လမျက်နှာပြင် ဆင်းသက်ယာဉ်၊ လကမ္ဘာပေါ် ဆင်းသက်ရာ၌ အသုံးပြုမည့်ဝတ်စုံ ၊ လကမ္ဘာ၌ လူတင်မောင်းနှင်မည့်ယာဉ် စသည်တို့ကို တီထွင်ထုတ်လုပ်လျက်ရှိကြောင်း သိရသည်။ (Xinhua)

——————————

(航天)中国载人登月初步方案公布 计划2030年前实现登月开展科学探索
新华社武汉7月12日电(记者李国利)中国载人航天工程办公室12日公布了中国载人登月初步方案,计划2030年前实现登月开展科学探索。
当日在武汉举办的第九届中国(国际)商业航天高峰论坛上,中国载人航天工程办公室副总设计师张海联表示,我国计划在2030年前实现载人登陆月球开展科学探索,其后将探索建造月球科研试验站,开展系统、连续的月球探测和相关技术试验验证。
据了解,我国载人登月的初步方案是:采用两枚运载火箭分别将月面着陆器和载人飞船送至地月转移轨道,飞船和着陆器在环月轨道交会对接,航天员从飞船进入月面着陆器。其后,月面着陆器将下降着陆于月面预定区域,航天员登上月球开展科学考察与样品采集。在完成既定任务后,航天员将乘坐着陆器上升至环月轨道与飞船交会对接,并携带样品乘坐飞船返回地球。为完成这项任务,我国科研人员正在研制长征十号运载火箭、新一代载人飞船、月面着陆器、登月服、载人月球车等装备。(完)
1. 5月30日,搭载神舟十六号载人飞船的长征二号F遥十六运载火箭在酒泉卫星发射中心点火发射。 新华社记者 李刚 摄