Connect with us

Africa & Middle East

လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု အီဂျစ်နိုင်ငံ သမ္မတ စီစီ ကြေညာ

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် သမ္မတ အဗ္ဗဒဲလ်-ဖာတာ အယ်လ်-စီစီအား ထောက်ခံသူတစ်ဦးကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိုင်ရို၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ သမ္မတ အဗ္ဗဒဲလ်-ဖာတာ အယ်လ်-စီစီက ၎င်းအနေဖြင့် ယခုနှစ် ဒီဇင်ဘာလတွင် ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု အောက်တိုဘာ ၂ ရက်က ကြေညာခဲ့သည်။

အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် သမ္မတ အဗ္ဗဒဲလ်-ဖာတာ အယ်လ်-စီစီအား ထောက်ခံသူများကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အီဂျစ်နိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်သစ်တွင် သုံးရက်ကြာပြုလုပ်ခဲ့ပြီး အောက်တိုဘာ ၂ ရက်ကပြီးစီးခဲ့သော Story of the Homeland ကွန်ဖရင့်တွင် စီစီက အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

“အီဂျစ်နိုင်ငံသားတွေကို ကျွန်တော်အရင်က ပြောခဲ့သလိုပဲ ဒီကနေ့ ကျွန်တော်ထပ်ပြောပါမယ်။ သမ္မတသက်တမ်းသစ်အတွက် ပြန်လည်ရွေးကောက်ခံဖို့ ကျွန်တော်ဆုံးဖြတ်ထားတဲ့အကြောင်း အသိပေးလိုက်ပါတယ်” ဟု စီစီက ကြေညာခဲ့သည်။

“တိုင်းပြည်ရဲ့ သမ္မတကို ရွေးချယ်ဖို့ ရွေးကောက်ပွဲမှာ ပါဝင်မဲပေးကြဖို့ အီဂျစ်နိုင်ငံသားတွေကို တိုက်တွန်းပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

အီဂျစ်နိုင်ငံတွင် ရွေးကောက်ပွဲကို ဒီဇင်ဘာ ၁၀ ရက်မှ ၁၂ ရက်အတွင်း ကျင်းပသွားမည်ဖြစ်ကာ ပြည်ပရောက် အီဂျစ်နိုင်ငံသားများအနေဖြင့် ဒီဇင်ဘာ ၁ ရက်မှ ၃ ရက်အတွင်း ဆန္ဒမဲပေးနိုင်ကြောင်း သိရသည်။

သမ္မတ စီစီသည် ၂၀၁၄ ခုနှစ်က ပထမဆုံး ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့ကာ ၂၀၁၈ ခုနှစ်တွင်လည်း ပြန်လည်ရွေးကောက်ခြင်းခံခဲ့ရသည်။ ၂၀၁၉ ခုနှစ်တွင်မူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်များ၌ သမ္မတသက်တမ်းကို ၄ နှစ်မှ ၆ နှစ်အထိ တိုးမြှင့်လိုက်ခြင်းကြောင့် စီစီအား တတိယသက်တမ်း ဝင်ရောက်ယှဉ်ပြိုင်ရန် ခြွင်းချက်အဖြစ် အခွင့်အရေးရရှိခဲ့ခြင်းဖြစ်သည်။ (Xinhua)

………………………………
(English Version)
Egypt’s Sisi announces running for upcoming presidential elections
CAIRO, Oct. 2 (Xinhua) — Egyptian President Abdel-Fattah al-Sisi announced on Monday that he will run for the upcoming presidential election slated for December this year.
Sisi made the remarks while speaking at the three-day Story of the Homeland conference that ends on Monday in Egypt’s New Administrative Capital.
“Just as I responded to the call of the Egyptians before, today I respond to their call once again, and I announce that I’m determined to nominate myself for a new presidential term,” Sisi announced.
“I call on Egyptians to participate in the elections to choose the country’s president,” he said.
The election will take place in Egypt on Dec. 10-12, while Egyptians living abroad will cast their votes on Dec. 1-3.
Sisi won his first presidential elections in 2014 and was re-elected in 2018. In 2019, constitutional amendments stretched the presidential term to six years from four and exceptionally allowed Sisi to run for a third term.
Photo 1: A supporter of Egyptian President Abdel-Fattah al-Sisi takes part in a rally in Cairo, Egypt, on Oct. 2, 2023. (Xinhua/Ahmed Gomaa)
Photo 2: Supporters of Egyptian President Abdel-Fattah al-Sisi take part in a rally in Cairo, Egypt, on Oct. 2, 2023. (Xinhua/Ahmed Gomaa)