Connect with us

Politics, Law & Military

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အီရန်နိုင်ငံ သမ္မတ Ebrahim Raisi တို့ ပေကျင်းမြို့တော်၌ တွေ့ဆုံဆွေးနွေးမှုအတွင်း သမ္မတ ရှီ၏ မှတ်ချက်များမှ ကောက်နုတ်ဖော်ပြချက်များ (၇/၉)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အလည်အပတ်ရောက်ရှိနေသော အီရန်နိုင်ငံ သမ္မတ Ebrahim Raisi နှင့် ပေကျင်းမြို့တော်တွင် ဖေဖော်ဝါရီ ၁၄ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။ ၎င်းတို့နှစ်ဦး တွေ့ဆုံဆွေးနွေးမှုအတွင်း သမ္မတ ရှီ၏ မှတ်ချက်များမှ ကောက်နုတ်ဖော်ပြချက်များ (၇/၉)

-အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်ရေးကို ထိန်းသိမ်းခြင်းသည် ယင်းဒေသတွင်းနိုင်ငံများနှင့် ပြည်သူများ၏ သာယာဝပြောရေးအတွက် အရေးပါသလို ကမ္ဘာ့ငြိမ်းချမ်းရေးထိန်းသိမ်းခြင်း၊ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ခြင်းနှင့် တည်ငြိမ်သောစွမ်းအင်ပံ့ပိုးမှု စိတ်ချမှုရှိခြင်း စသည်တို့အတွက်လည်း အရေးကြီးသည်။

-အီရန်နိုင်ငံအနေဖြင့် ၎င်း၏ အိမ်နီးချင်းများနှင့် ဆက်ဆံရေးကို တက်ကြွစွာမြှင့်တင်ရန်၊ အငြင်းပွားမှုများရှိသော်ငြားလည်း ဆွေးနွေး၊ ညှိနှိုင်းမှုမှတစ်ဆင့် အိမ်နီးချင်းကောင်းဆက်ဆံရေး ရရှိစေရန် ဒေသတွင်း နိုင်ငံများအား ထောက်ခံအားပေးခြင်းအပေါ် တရုတ်နိုင်ငံက ကျေနပ်နှစ်သက်မိပါသည်။ တရုတ်နိုင်ငံကလည်း ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး မြှင့်တင်ရာတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ရန် အသင့်ရှိသည်။ (Xinhua)

………………………..
Chinese President Xi Jinping held talks with visiting President of the Islamic Republic of Iran Ebrahim Raisi in Beijing on Feb. 14. Here are some highlights of Xi’s remarks (7/9)
Maintaining stability in the Middle East is vital to the well-being of countries and people in the region and is crucial to safeguarding world peace, promoting global economic development and ensuring a stable energy supply.

China appreciates Iran’s willingness to actively improve relations with its neighbors, and supports regional countries in resolving disputes through dialogue and consultation to achieve good-neighborly friendship. China is ready to continue playing a constructive role in promoting regional peace and stability.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.