Connect with us

China

တရုတ်၊ ယူအေအီး ပထမဆုံး ပူးတွဲလေ့ကျင့်ရေးပြုလုပ်မည်

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) လေတပ်က ပင်လယ်ရေမျက်နှာပြင်အထက် လေ့ကျင့်ရေးမစ်ရှင် ဆောင်ရွက်နေသည်ကိုတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၃၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အာရပ်စော်ဘွားများပြည်ထောင်စု (UAE) မှ လေတပ်များသည် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်းကျန်း (ဝေဂါ) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ ဩဂုတ်လအတွင်း ပူးတွဲလေ့ကျင့်မှု ပြုလုပ်မည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၃၁ ရက်တွင် ပြောကြားခဲ့သည်။

Falcon Shield-2023 ဟု အမည်ပေးထားသော ပူးတွဲလေ့ကျင့်မှုသည် နှစ်နိုင်ငံ လေတပ်များအကြား ပထမဆုံး အတူတကွလေ့ကျင့်ခြင်းလည်းဖြစ်ကြောင်း ဝန်ကြီးဌာနအရ သိရသည်။

အဆိုပါ ပူးတွဲလေ့ကျင့်မှုသည် နှစ်နိုင်ငံစစ်တပ်များအကြား လက်တွေ့ကျသော ကူးလူးဆက်ဆံမှုများနှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန်နှင့် အပြန်အလှန် နားလည်မှုနှင့် ယုံကြည်မှု မြှင့်တင်ရန် ရည်ရွယ်ထားကြောင်း ဝန်ကြီးဌာနက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
China, UAE air forces to conduct first joint training
BEIJING, July 31 (Xinhua) — The air forces of China and the United Arab Emirates (UAE) will conduct a joint training exercise in northwest China’s Xinjiang Uygur Autonomous Region in August, the Ministry of National Defense announced Monday.
According to the ministry, the exercise, Falcon Shield-2023, will be the first joint training between the two nation’s air forces.
It aims to deepen pragmatic exchanges and cooperation between the two militaries and enhance mutual understanding and trust, the ministry added.
Photo : File photo shows the People’s Liberation Army (PLA) Air Force conducting a high-sea training mission. (Xinhua)