Connect with us

China

တရုတ်နိုင်ငံက ရပ်ဝန်းနှင့် ပိုးလမ်းမ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်အားပေးမြှင့်တင်မည်

မိုဇမ်ဘစ်နိုင်ငံ မာပူတိုမြို့တွင် တရုတ်နိုင်ငံက တည်ဆောက်ထားသော မာပူတို ပင်လယ်ဖြတ်ကျော်တံတားကို ၂၀၁၈ ခုနှစ် မေ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်အားပေးမြှင့်တင်ရန်၊ သဘာဝပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်စွာ ကာကွယ်ရန်နှင့် ရပ်ဝန်းနှင့် ပိုးလမ်းမ မိတ်ဖက်နိုင်ငံများအားလုံးရှိ ပြည်သူများအတွက် အကျိုးကျေးဇူးများ ဆောင်ကြဉ်းနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် ဒုတိယအကြီးအကဲ ချုံလျန့်က စက်တင်ဘာ ၂၆ ရက်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးမှ ပြုလုပ်သော “ကမ္ဘာလုံးဆိုင်ရာ အေးအတူ ပူအမျှအသိုက်အဝန်း – တရုတ်နိုင်ငံ၏ အဆိုပြုချက်များနှင့် ဆောင်ရွက်ချက်များ” ဟူသော ခေါင်းစဉ်ဖြင့် စက္ကူဖြူစာတမ်းဆိုင်ရာ သတင်းစာရှင်းလင်းပွဲ၌ Cong က အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံအနေဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် (BRI) အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်သွားမည်ဖြစ်သလို ကုလသမဂ္ဂ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်နှင့် အနီးကပ် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ BRI အပြည်ပြည်ဆိုင်ရာ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုမိတ်ဖက် စသည့် ပလက်ဖောင်းများ တိုးတက်မှုရှိရေးနှင့် စွမ်းဆောင်ရည်မြှင့်တင်ရေး အားကောင်းအောင်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချုံက ဆိုသည်။

BRI သည် ကမ္ဘာလုံးဆိုင်ရာ အေးအတူ ပူအမျှအသိုက်အဝန်း တည်ဆောက်ရေး၏ အရေးပါသော သာဓကတစ်ခု ဖြစ်သလို ကမ္ဘာကြီးအား တရုတ်နိုင်ငံက ပံ့ပိုးပေးသော ကမ္ဘာ့ ပြည်သူများအတွက် ကောင်းမွန်၍ ပူးပေါင်းဆောင်ရွက်မှုရှိသော ပလက်ဖောင်းတစ်ခုလည်း ဖြစ်ကြောင်း စက္ကူဖြူစာတမ်းအရ သိရသည်။
၂၀၂၃ ခုနှစ် ဇူလိုင်လမကုန်မီအထိ ကမ္ဘာကြီးရှိ နိုင်ငံ လေးပုံသုံးပုံကျော်နှင့် နိုင်ငံတကာအဖွဲ့အစည်း ၃၀ ကျော်သည် တရုတ်နိုင်ငံနှင့်အတူ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူစာချုပ်များကို လက်မှတ်ရေးထိုးထားကြောင်း စက္ကူဖြူစာတမ်း၌ ဖော်ပြထားသည်။ (Xinhua)

………………………………
(English Version)
China to continue boosting green development of Belt and Road
BEIJING, Sept. 26 (Xinhua) — China will continue to boost the green development of the Belt and Road, better protect the environment, and bring benefits to the people of all Belt and Road partner countries, Cong Liang, deputy head of the National Development and Reform Commission, told a press conference on Tuesday.
Cong made the remarks during the release of a white paper, titled “A Global Community of Shared Future: China’s Proposals and Actions,” by the State Council Information Office.
China will promote green development of the Belt and Road Initiative (BRI) and ensure it closely aligns with the UN sustainable development agenda, improve platforms such as the BRI International Green Development Coalition, and continuously strengthen capacity building, Cong said.
The BRI is a vivid example of building a global community of shared future, and is a global public good and cooperation platform provided by China to the world, according to the white paper.
By July 2023, more than three-quarters of countries in the world and over 30 international organizations had signed agreements on Belt and Road cooperation with China, the document stated.
Photo: Aerial photo taken on May 8, 2018 shows the Chinese-built Maputo Cross-sea Bridge in Maputo, Mozambique. (Xinhua)