Connect with us

China

တရုတ်နိုင်ငံက ဆယ်နှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် ကန့်သတ်စာရင်းများ လျှော့ချ

တရုတ်နိုင်ငံ အရှေ့ပိုင်း တရုတ် (ရှန်ဟိုင်း) ရှေ့ပြေး လွတ်လပ်သောကုန်သွယ်ရေးဇုန်ကို ၂၀၂၃ ခုနှစ် ဩဂုတ် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ၂၀၁၃ ခုနှစ်မှစ၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် ကန့်သတ်စာရင်းများကို ၈၀ ရာခိုင်နှုန်းအထိ လျှော့ချခဲ့ပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ထိုသို့ ကန့်သတ်စာရင်းများ လျှော့ချလိုက်ခြင်းသည် ကဏ္ဍအသီးသီး၌ တရုတ်နိုင်ငံ၏ တံခါးဖွင့်ဝါဒ တိုးတက်မှုကို ရောင်ပြန်ဟပ်ခြင်းဖြစ်ကြောင်း ရှေ့ပြေး လွတ်လပ်သောကုန်သွယ်ရေးဇုန်များ (FTZs) နှင့် လွတ်လပ်သောကုန်သွယ်ရေး ဆိပ်ကမ်းများဆိုင်ရာဌာန အကြီးအကဲ ယန်ကျိန့်ဝေက ပြောခဲ့သည်။ ဥပမာအနေဖြင့် လယ်ယာစိုက်ပျိုးရေးတွင်မူ မျိုးစေ့ကဏ္ဍ၌သာ ကန့်သတ်မှုများ ဆက်လက်ကျန်ရှိကြောင်း သိရသည်။

လွတ်လပ်သောကုန်သွယ်ရေးဇုန်များတွင် ကုန်ထုတ်လုပ်မှုနှင့် ဆက်စပ်သော ကန့်သတ်စာရင်းများကိုလည်း ရှင်းလင်းပြီးဖြစ်ကြောင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍတွင်လည်း ပြည်ပထိန်းချုပ်မှု သို့မဟုတ် နိုင်ငံခြားပိုင်စီးပွားရေးလုပ်ငန်းများကို ပိုမိုအားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယခုအချိန်တွင် နိုင်ငံရပ်ခြားမှ စီးပွားရေးလုပ်ငန်းများအနေဖြင့် ၎င်းတို့ တရုတ်နိုင်ငံသို့ ပထမဆုံး လာရောက်သည့်အခါ ကန့်သတ်စာရင်းများ စစ်ဆေးမှုကို နေသားကျလာကြပြီဖြစ်သည်။

ယခုအခါ တရုတ်နိုင်ငံတွင် လွတ်လပ်သောကုန်သွယ်ရေးဇုန် ၂၁ ခုနှင့် ဟိုင်နန် လွတ်လပ်သော ကုန်သွယ်ရေးဆိပ်ကမ်း ရှိလာပြီဖြစ်သည်။ လွတ်လပ်သောကုန်သွယ်ရေးဇုန် ၂၁ ခုသည် ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံရှိ စုစုပေါင်း သွင်းကုန်နှင့် ပို့ကုန်၏ ၁၈ ရာခိုင်နှုန်းနီးပါး ရှိကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
China’s negative lists for foreign investment shrink 80 pct over decade: official
BEIJING, Sept. 27 (Xinhua) — China’s negative lists for foreign investment have been reduced by more than 80 percent since 2013, according to an official from the Ministry of Commerce.
The shrinking negative lists mirror the progress of China’s opening-up in various sectors, said Yang Zhengwei, head of the ministry’s department of pilot FTZs and free trade ports. In agriculture, for example, restrictions remain only in the seed sector.
Negative lists related to manufacturing in FTZs have been cleared, and the services sector is encouraging more foreign-controlled or wholly foreign-owned businesses, he said.
Today, foreign enterprises have become accustomed to checking negative lists when they first come to China.
China now has 21 FTZs and the Hainan Free Trade Port. The 21 FTZs accounted for nearly 18 percent of the country’s total imports and exports in 2022.
Photo: This aerial photo taken on Aug. 1, 2023 shows a view of the China (Shanghai) Pilot Free Trade Zone in east China’s Shanghai. (Xinhua/Fang Zhe)