Connect with us

China

တရုတ်နိုင်ငံက ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် အမြန်ဆုံး ပင်လယ်ဖြတ်ကျော် မြန်နှုန်းမြင့်ရထားလမ်း ဖွင့်လှစ်

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖူကျန့်ပြည်နယ်ရှိ ဖူကျိုး-ရှမန်-ကျန်းကျိုး မြန်နှုန်းမြင့်ရထားလမ်းရှိ ချွမ်ကျိုးပင်လယ်အော် ပင်လယ်ဖြတ်ကျော်တံတားကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖူကျိုး၊ စက်တင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တရုတ်၏ အမြန်ဆုံး ပင်လယ်ဖြတ်ကျော် မြန်နှုန်းမြင့်ရထားလမ်းကို စက်တင်ဘာ ၂၈ ရက်တွင် စတင်လည်ပတ်ပြီဖြစ်ကာ ရထားများကလည်း တစ်နာရီလျှင် ကီလိုမီတာ ၃၅၀ အမြန်နှုန်းဖြင့် ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ပြေးဆွဲလျက်ရှိသည်။

ဖူရှင်း ကျည်ဆန်ရထား ခရီးစဉ်အမှတ် G9801 သည် ၂၇၇ ကီလိုမီတာရှည်လျားသော ဖူကျိုး-ရှမန်-ကျန်းကျိုး မြန်နှုန်းမြင့်ရထားလမ်းကို ဖွင့်လှစ်ခြင်း အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ် မြို့တော် ဖူကျိုးမှ ဒေသစံတော်ချိန် နံနက် ၉:၁၅ နာရီတွင် ထွက်ခွာလာခဲ့သည်။

အဆိုပါ ရထားလမ်းသည် သတ်မှတ်အမြန်နှုန်း တစ်နာရီလျှင် ၃၅၀ ကီလိုမီတာဖြင့် မောင်းနှင်နိုင်သည့် တရုတ်နိုင်ငံ၏ ပထမဆုံး ပင်လယ်ဖြတ်ကျော် မြန်နှုန်းမြင့်ရထားလမ်းဖြစ်ကြောင်း China State Railway Group ကုမ္ပဏီလီမိတက်က ပြောကြားခဲ့သည်။

ဖူကျိုး၊ ဖူထျန်၊ ချွမ်ကျိုး၊ ရှမန်နှင့် ကျန်းကျိုး စသည့်မြို့များ၌ ရပ်နားမည့် အဆိုပါရထားလိုင်းသည် တောင်ထူထပ်သောမြေပြင်အနေအထားကြောင့် သယ်ယူပို့ဆောင်ရေး ထိရောက်မှုအားနည်းလျက်ရှိသည့် ဖူကျန့်ပြည်နယ်၌ ကွန်ရက်ချိတ်ဆက်မှုကို မြှင့်တင်ပေးသော အကြီးဆုံး အခြေခံအဆောက်အအုံစီမံကိန်းလည်း ဖြစ်သည်။

ထိုရထားလမ်းသစ်ကြောင့် ဖူကျန့်ပြည်နယ်ရှိ ဖူကျိုးမြို့နှင့် စီးပွားရေးအချက်အချာနှင့် ခရီးသွားလုပ်ငန်း တွင်ကျယ်သောနေရာဖြစ်သည့် ရှမန်မြို့ကြား ခရီးသွားကြာမြင့်ချိန်မှာ တစ်နာရီပင် မကြာမြင့်တော့ပေ။ အမြန်ဆုံးရထားခရီးစဉ်တစ်ခုလုံးအနေဖြင့်မူ အချိန် တစ်နာရီနှင့် မိနစ်နှစ်ဆယ်ခန့်သာ ကြာမြင့်မည်ဖြစ်သည်။

ပင်လယ်ဖြတ်ကျော်တံတား ၃ စင်း တည်ဆောက်မှုမှာလည်း လေပြင်းတိုက်ခတ်ခြင်း၊ ဒီရေလှိုင်းပြင်းထန်ခြင်း၊ ရေနက်ခြင်းနှင့် ပင်လယ်ရေကြောင်း ပတ်ဝန်းကျင်၏ ပျက်စီးတတ်သော သဘောသဘာဝ စသည့် စိန်ခေါ်မှုများကို အောင်မြင်စွာကျော်လွှားနိုင်ခဲ့ပြီဖြစ်ကြောင်း China Railway Siyuan Survey and Design Group ကုမ္ပဏီလီမိတက် စီမံကိန်းမန်နေဂျာ လီဖိန်ကျိုးက ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
China opens its fastest cross-sea high-speed railway along Taiwan Strait
FUZHOU, Sept. 28 (Xinhua) — China’s fastest cross-sea high-speed rail started operation on Thursday, with trains running at a maximum speed of 350 km/h along the west coast of the Taiwan Strait.
A Fuxing bullet train G9801 departed from Fuzhou, the capital of east China’s Fujian Province, at 9:15 a.m., marking the opening of the 277-km Fuzhou-Xiamen-Zhangzhou high-speed railway.
This is China’s first cross-sea high-speed railway with a designed speed reaching 350 km/h, according to the China State Railway Group Co., Ltd., the country’s railway operator.
With stops in cities of Fuzhou, Putian, Quanzhou, Xiamen and Zhangzhou, the railway is the latest mega infrastructure project launched to boost connectivity in Fujian, whose transport options and efficiency have long been constrained by its mountainous terrain.
The new rail slashes travel time between Fuzhou and Xiamen, an economic hub and tourist hotspot in the province, to just under an hour. The fastest train trip used to take around 1 hour and 20 minutes.
The construction of the three bridges has successfully conquered challenges posed by strong winds, high waves, deep waters and the corrosive nature of the marine environment, Li Pingzhuo, project manager of China Railway Siyuan Survey and Design Group Co., Ltd.
Photo: This aerial photo taken on Feb. 4, 2023 shows the Quanzhou Bay cross-sea bridge, a part of the Fuzhou-Xiamen-Zhangzhou high-speed railway, in southeast China’s Fujian Province. (Xinhua/Wei Peiquan)