Connect with us

China

တရုတ်နိုင်ငံက ပြန်လည်အသုံးပြုနိုင်သော စမ်းသပ်အာကာသယာဉ် လွှတ်တင်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာရှိ အာကာသယာဉ် လွှတ်တင်ရေးနေရာသို့ သယ်ဆောင်လာသည့် Shenzhou-16 လူလိုက်ပါနိုင်သော အာကာသယာဉ်နှင့် Long March-2F သယ်ဆောင်ရေးဒုံးပျံ ပေါင်းစပ်ယာဉ်ကို ၂၀၂၃ ခုနှစ် မေ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကျိုချွမ်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ Long March-2F သယ်ဆောင်ရေးဒုံးပျံဖြင့် ပြန်လည်အသုံးပြုနိုင်သော စမ်းသပ်အာကာသယာဉ်တစ်စင်းကို ဒီဇင်ဘာ ၁၄ ရက်က လွှတ်တင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြန်လည်အသုံးပြုနိုင်သော အာကာသယာဉ်သည် တရုတ်နိုင်ငံရှိ သတ်မှတ်ထားသောဆင်းသက်နေရာသို့ ပြန်လည်မရောက်မီ အချို့အချိန်များ၌ ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း လုပ်ငန်းဆောင်ရွက်မည်ဖြစ်သည်။
ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း လုပ်ငန်းဆောင်ရွက်နေစဉ် အာကာသယာဉ်သည် အာကာသအား ငြိမ်းချမ်းစွာ အသုံးပြုခြင်းအတွက် နည်းပညာဆိုင်ရာ ပံ့ပိုးကူညီမှုပေးနိုင်ရန် ပြန်လည်အသုံးပြုနိုင်သည့် နည်းပညာများနှင့် အာကာသိပ္ပံလက်တွေ့စမ်းသပ်မှုများဆိုင်ရာ အတည်ပြုမှုများ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
China launches reusable test spacecraft
JIUQUAN, Dec. 14 (Xinhua) — China successfully launched a reusable test spacecraft by a Long March-2F carrier rocket from the Jiuquan Satellite Launch Center in northwest China on Thursday.
The reusable test spacecraft will operate in orbit for some time before returning to the scheduled landing site in China.
During the in-orbit operation, the spacecraft will conduct verifications for reusable technologies and space science experiments to provide technical support for the peaceful use of space.
Photo: The combination of the Shenzhou-16 crewed spaceship and a Long March-2F carrier rocket is transferred to the launching area in Jiuquan Satellite Launch Center in northwest China, May 22, 2023. (Photo by Wang Jiangbo/Xinhua)