Connect with us

China

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုနိုင်ငံများက အေးအတူပူအမျှအသိုက်အဝန်းနှင့် ဒေသတွင်း ခေတ်မီအသွင်ပြောင်းမှု ပူးတွဲတည်ဆောက်ရန် ကတိပြု

ပေကျင်း၊ ဒီဇင်ဘာ ၂၆ ရက် (ဆင်ဟွာ)

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု (MLC) နိုင်ငံ ၆ နိုင်ငံမှ ခေါင်းဆောင်များက အေးအတူပူအမျှအသိုက်အဝန်းနှင့် ဒေသအတွင်း ခေတ်မီအသွင်ပြောင်းမှု ပူးတွဲတည်ဆောက်ရန် ဒီဇင်ဘာ ၂၅ ရက်က ကတိပြုခဲ့ကြောင်း သိရသည်။

စတုတ္ထအကြိမ်မြောက် MLC ခေါင်းဆောင်များအစည်းအဝေးကို အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့ပြီးနောက် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ် နိုင်ငံများမှ ခေါင်းဆောင်များက အပြန်အလှန်ယုံကြည်မှုနှင့် လေးစားမှု မြှင့်တင်ရန်၊ အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုဗျူဟာများ ပေါင်းစည်းရန်၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန်နှင့် စိန်ခေါ်မှုများကို စုပေါင်းတုံ့ပြန်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့သည်။

ထို့ပြင် ခေါင်းဆောင်များက မဲခေါင်-လန်ချန်းဒေသခွဲအတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေး၊ မဲခေါင်-လန်ချန်း နိုင်ငံများကြား ငြိမ်းချမ်းသာယာ၍ ပိုမိုကောင်းမွန်သော အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးဆီသို့ ကြိုးပမ်းအားထုတ်မှုများ ပိုမိုလေးနက်စွာ ဆောင်ရွက်ရေးအတွက် အတူတကွဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။
“နေပြည်တော်ကြေညာချက်” အရ ခေါင်းဆောင်များက ဘုံစိန်ခေါ်မှုများကိုင်တွယ်ဖြေရှင်းရေး၊ လန်ချန်း-မဲခေါင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရပ်ဝန်း (LMEDB) ၏ ပြည်သူအခြေပြု ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန် သဘောတူရေး၊ သိပ္ပံနှင့် နည်းပညာ အဆင့်မြှင့်တင်မှုအသစ်မှ အခွင့်အလမ်းများ အမိအရဖမ်းဆုပ်ရေးနှင့် စီးပွားရေးပြန်လည်ကောင်းမွန်လာမှု၊ ဒေသတွင်း သာယာဝပြောမှုနှင့် ပြန်လည်နိုးကြားမှု မြှင့်တင်ရေးအတွက် စက်မှုအသွင်ပြောင်းလဲရေး အတူတကွဆောင်ရွက်ရန် ကတိကဝတ်များကို ထပ်လောင်းပြောကြားခဲ့သည်။

ထို့ပြင် အစည်းအဝေးတက်ရောက်လာသော ခေါင်းဆောင်များက တရုတ်နိုင်ငံမှ အဆိုပြုထားသော ရပ်ဝန်းနှင့် ပိုးလမ်းမ (BRI) ၊ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု အဆိုပြုချက်၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်နှင့် ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက်အောက်တွင် အရည်အသွေးမြင့် ပူးပေါင်းဆောင်ရွက်မှုကို ပံ့ပိုးကူညီရန် ဆန္ဒရှိကြောင်းလည်း ပြောကြားခဲ့ကြသည်။

MLC အဖွဲ့ဝင်ခြောက်နိုင်ငံက MLC (၂၀၂၃-၂၀၂၇) ငါးနှစ်တာလုပ်ငန်းအစီအစဉ်ကိုလည်း ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းအစီအစဉ်သည် MLC နိုင်ငံများကြား ကောင်းမွန်သော အိမ်နီးချင်း၊ ချစ်ကြည်ရင်းနှီးမှုနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရန်၊ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု မောင်းနှင်ရန်၊ ပြည်သူများ၏ ကြွယ်ဝချမ်းသာမှု မြှင့်တင်ရန်၊ ပိုမိုခိုင်မာ၍ ကြံ့ကြံ့ခံနိုင်ရည်ရှိသော LMEDB တစ်ခု တည်ဆောက်ရန်၊ ငြိမ်းချမ်း၊ လုံခြုံစိတ်ချ၊ ကြွယ်ဝ၊ လှပ၍ သင့်မြတ်သော လန်ချန်း-မဲခေါင်ဒေသတစ်ခု အတူတည်ဆောက်ရန်၊ မဲခေါင်-လန်ချန်းနိုင်ငံများကြား ပိုမိုနီးကပ်သော အေးအတူပူအမျှ အသိုက်အဝန်းနှင့် သာယာဝပြောမှုဆီသို့ ကြိုးပမ်းအားထုတ်မှုအသစ်များ ဆောင်ရွက်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

ထို့ပြင် အဆိုပါ ခြောက်နိုင်ငံက MLC တီထွင်ဆန်းသစ်မှုစင်္ကြံတည်ဆောက်မှုဆိုင်ရာ ပူးတွဲကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့ရာ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု (STI) ပူးပေါင်းဆောင်ရွက်ရေးမူဘောင်အား ထပ်မံပံ့ပိုးခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် လူမှုရေးတိုးတက်မှုကို တိုးမြှင့်လျက် လန်ချန်း-မဲခေါင် နိုင်ငံများအကြား ငြိမ်းချမ်း၍ သာယာဝပြောသော အေးအတူပူအမျှ အသိုက်အဝန်းတစ်ရပ် တည်ဆောက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Mekong-Lancang Cooperation countries vow to jointly build community of shared future, modernization
BEIJING, Dec. 25 (Xinhua) — Leaders of the six Mekong-Lancang Cooperation (MLC) countries pledged on Monday to jointly build a community of shared future and modernization in the region.
In a declaration issued following the fourth MLC Leaders’ Meeting held virtually, leaders from Cambodia, China, Laos, Myanmar, Thailand and Vietnam reaffirmed that they will continue to enhance mutual trust and respect, synergize national development strategies, deepen practical cooperation, and respond to challenges collectively.
The leaders agreed to work together to promote peace, stability, and sustainable development in the Mekong-Lancang sub-region, and make greater efforts towards building a better community of shared future of peace and prosperity among Mekong-Lancang countries.
According to the “Nay Pyi Taw Declaration,” the leaders reaffirmed commitments to working together to address common challenges, agreed to advance a people-centered development of the Lancang-Mekong Economic Development Belt (LMEDB), and seize opportunities from new scientific and technological advancement, as well as industrial transformation to boost economic recovery, regional prosperity and revitalization.
The leaders also voiced their willingness to support high-quality cooperation under the China-proposed Belt and Road Initiative (BRI), the Global Development Initiative, the Global Security Initiative, and the Global Civilization Initiative.
The six MLC member countries also released a five-year plan of action on the MLC (2023-2027), which aims to deepen good neighborliness, friendship and practical cooperation among the MLC countries, drive the economic and social development, enhance the people’s well-being, develop a more robust and resilient LMEDB, jointly build a peaceful, safe and secure, prosperous, beautiful and amicable Lancang-Mekong region, and make new strides towards a closer community of shared future of peace and prosperity among Mekong-Lancang countries.
Besides, the six countries issued joint initiatives on the MLC innovation corridor development, saying that further improving the framework of science, technology and innovation (STI) cooperation will promote economic development and social progress, and build a community of shared future of peace and prosperity among Lancang-Mekong countries.