Connect with us

China

တရုတ်နိုင်ငံ ပြည်တွင်းထုတ် C919 ခရီးသည်တင်လေယာဉ် ပုံမှန်လမ်းကြောင်းသစ်ပြေးဆွဲ

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပေကျင်း တာ့ရှင်း အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဆင်းသက်လာသော C919 ခရီးသည်တင်လေယာဉ်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ပြည်တွင်းထုတ် ခရီးသည်တင်လေယာဉ်ကြီး C919 သည် မြို့ကြီးများဖြစ်သော ပေကျင်းနှင့် ရှန်ဟိုင်းကြား ချိတ်ဆက်ထားသော လမ်းကြောင်းသစ်ကို ဇန်နဝါရီ ၁၀ ရက် စတင်ပြေးဆွဲခဲ့ကြောင်း သိရသည်။

China Eastern Airlines မှ ပြေးဆွဲသော ခရီးစဉ်အမှတ် MU5137 လေယာဉ်သည် ရှန်ဟိုင်း Hongqiao အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မွန်းလွဲ ၃:၄၀ နာရီခန့်က ထွက်ခွာသွားခဲ့သည်။ ခရီးသည်ပါဝင်မှု ၈၅ ရာခိုင်နှုန်းကျော်ဖြင့် အဆိုပါ ခရီးစဉ်သည် အချိန်နှစ်နာရီနီးပါးကြာပြီးနောက် ပေကျင်း တာ့ရှင်း အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဆိုက်ရောက်ခဲ့သည်။

အဆိုပါ ခရီးစဉ်သည် ရှန်ဟိုင်း Hongqiao-ချိန်တူးထျန်းဖူလမ်းကြောင်းပြီးနောက် C919 လေယာဉ်၏ ဒုတိယမြောက် ပုံမှန်ခရီးစဉ်လမ်းကြောင်းလည်းဖြစ်သည်။

“ပေကျင်း-ရှန်ဟိုင်း လမ်းကြောင်းပေါ် C919 ပြေးဆွဲတာက အထူးအရေးကြီးပါတယ်” ဟု China Eastern Air ဟိုးလ်ဒင်းကုမ္ပဏီလီမိတက်၏ ဒါရိုက်တာ Tang Bing က ပြောခဲ့သည်။
“ဒီလမ်းကြောင်းမှာ C919 ရဲ့ ပုံမှန်ပြေးဆွဲခြင်းနဲ့အတူ အလိုက်သင့်ပြောင်းလဲနိုင်စွမ်းနှင့် ဘက်စုံပံ့ပိုးပေးနိုင်စွမ်းများကြောင့် ဈေးကွက်ကို ထပ်မံမြှင့်တင်နိုင်မှာပါ” ဟု Tang က ဆိုသည်။

ခရီးသည်များအနေဖြင့်လည်း တရုတ်နိုင်ငံ ပြည်တွင်းထုတ် ခရီးသည်တင်လေယာဉ်ကြီးကို စီးနင်းရသော အတွေ့အကြုံကို ပိုမိုရရှိရန် အခွင့်အလမ်းများပံ့ပိုးပေးနိုင်မည်ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

C919 လေယာဉ်သည် ၂၀၂၃ ခုနှစ် မေလတွင် ပထမဆုံး စီးပွားရေးလုပ်ငန်းသုံးလေကြောင်းခရီးစဉ်ကို စတင်ခဲ့ပြီး ရှန်ဟိုင်းမြို့နှင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်မြို့တော် ချိန်တူးကြား ပုံမှန် ပြေးဆွဲခဲ့ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ China Eastern Airlines ၏ C919 လေယာဉ်များက ဘေးကင်းလုံခြုံသော ခရီးစဉ် ကြာမြင့်ချိန် နာရီပေါင်း ၂,၂၀၀ ကျော် ပြေးဆွဲနိုင်ခဲ့ပြီး စီးပွားရေးလုပ်ငန်းသုံးခရီးစဉ် ၆၅၅ ကြောင်းရှိခဲ့ကာ ခရီးသည် ၈၂,၀၀၀ နီးပါး ပို့ဆောင်ပေးနိုင်ခဲ့သည်။

China Eastern Airlines သည် တစ်ဦးတည်းမှာယူမှုအများဆုံးအဖြစ် C919 လေယာဉ် အစင်းရေ ၁၀၀ ထပ်မံဝယ်ယူရန် Commercial Aircraft Corporation of China လီမိတက် (COMAC) နှင့် ၂၀၂၃ ခုနှစ် စက်တင်ဘာလက အရောင်းအဝယ်စာချုပ်အား လက်မှတ်ရေးထိုးခဲ့သည်။

COMAC မှ ထုတ်လုပ်သော ပထမဆုံး C919 လေယာဉ်သည် ၂၀၁၅ ခုနှစ် နိုဝင်ဘာလက ရှန်ဟိုင်းမြို့ရှိ ထုတ်လုပ်ရေးလုပ်ငန်းမှ ထုတ်လုပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင်မူ ပွဲဦးထွက်ပျံသန်းမှု အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။
တရုတ်နိုင်ငံတွင် ကြီးမားသော အလားအလာဖြင့် မြို့ပြလေကြောင်းဈေးကွက်ကြီးရှိကြောင်း၊ ၂၀၂၂ ခုနှစ် နှောင်းပိုင်းတွင် COMAC မှ ထုတ်ပြန်သော ဈေးကွက်ခန့်မှန်းချက်အရ ၂၀၂၂-၂၀၄၁ ကာလအတွင်း တရုတ်နိုင်ငံ၏ မြို့ပြလေကြောင်းဈေးကွက်သည် ကိုယ်ထည်ကျဉ်းလေယာဉ် အစင်းရေ ၆,၂၈၈ စင်း အပါအဝင် လေယာဉ်သစ် ၉,၂၈၄ စင်း လက်ခံရရှိမည်ဖြစ်ကြောင်း သိရသည်။

၂၀၄၁ ခုနှစ်တွင်မူ တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး မြို့ပြလေကြောင်းဈေးကွက်နိုင်ငံ ဖြစ်လာမည်ဟု ခန့်မှန်းချက်အရ သိရသည်။ (Xinhua)

………………………………
(English Version)
China’s homegrown C919 jetliner flies on new regular route
SHANGHAI, Jan. 10 (Xinhua) — The C919, China’s self-developed large passenger aircraft, commenced operation on a new route connecting the megacities of Beijing and Shanghai on Tuesday.
Flight MU5137, operated by China Eastern Airlines, departed from Shanghai Hongqiao International Airport around 3:40 p.m. With a seat occupancy rate of over 85 percent, the flight reached Beijing Daxing International Airport nearly two hours later.
This marks the second regular route for the C919, following the previously launched Shanghai Hongqiao-Chengdu Tianfu route.
“The operation of the C919 on the Beijing-Shanghai route holds special significance,” said Tang Bing, director of China Eastern Air Holding Company Limited.
“With the C919’s regular operations on this route, it will further enhance its market adaptability and overall support capabilities,” Tang said, adding that it will also provide opportunities for more passengers to experience the country’s homegrown large passenger aircraft.
The C919 launched its first commercial flight in May 2023 and has operated regularly between Shanghai and Chengdu, the capital of southwest China’s Sichuan Province.
As of Dec. 31, the China Eastern Airlines’ C919 fleet has accumulated more than 2,200 safe flight hours, completed 655 commercial flight trips, and transported nearly 82,000 passengers.
China Eastern Airlines signed a purchase contract in September 2023 with Commercial Aircraft Corporation of China, Ltd. (COMAC) for an additional 100 C919 planes, marking the largest single order for this aircraft.
Developed by COMAC, the first C919 aircraft rolled off the production line in Shanghai in November 2015. The plane conducted a successful maiden flight in 2017.
China has a massive civil aviation market with great potential. According to a market forecast released by COMAC in late 2022, over the 2022-2041 period, China’s civil aviation market will receive 9,284 new planes, including 6,288 single-aisle jetliners.
By 2041, China is expected to become the world’s largest single-country civil aviation market, according to the forecast.
Photo: A C919 passenger aircraft lands at Beijing Daxing International Airport in Beijing, capital of China, Jan. 9, 2024.(Xinhua)