Connect with us

Asia

ဆွန်ခရန်ပွဲတော်ရာသီအတွင်း နိုင်ငံခြားခရီးသွား ၁ ဒသမ ၉ သန်း ထိုင်းနိုင်ငံသို့လာရောက်

ထိုင်းနိုင်ငံ အယုဒ္ဓယမြို့တွင် ဆုန်ခရန်ပွဲတော်ဆင်နွှဲရန် ဆင်များနှင့် ရေပက်ကစားနေသူများကို ၂၀၂၄ ခုနှစ် ဧပြီ ၉ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဧပြီ ၂၄ ရက် (ဆင်ဟွာ)

ဧပြီ ၁ ရက်မှ ၂၁ ရက်အထိ ကျင်းပသော ဆွန်ခရန်ပွဲတော်အတွင်း ထိုင်းနိုင်ငံက နိုင်ငံခြားခရီးသွား ၁ ဒသမ ၉၂ သန်းကို ကြိုဆိုခဲ့သည်။ ပွဲတော်အတွင်း လာရောက်ခဲ့သော ခရီးသွားအရေအတွက်သည် လွန်ခဲ့သောနှစ်ကထက် ၃၇ ဒသမ ၅၄ ရာခိုင်နှုန်းတိုးလာခဲ့သည့်အတွက် နိုင်ငံ၏ အဓိကခရီးသွားကဏ္ဍကို တိုးတက်စေခဲ့ကြောင်း ဧပြီ ၂၃ ရက်ကထုတ်ပြန်လိုက်သော တရားဝင်စာရင်းဇယားများအရ သိရသည်။


ထိုင်းခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၁ ရက်ကြာ ပွဲတော်ရာသီတွင် ဘတ် ၁၄၀ ဒသမ ၃၃ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၈ ဘီလီယံ) ရရှိစေခဲ့ကြောင်းနှင့် ဒေသတွင်းနှင့် နိုင်ငံတကာခရီးသွားများသည် အဆိုပါပွဲတော်ကို နှစ်ခြိုက်သဘောကျကြောင်း ဖော်ပြခဲ့သည်။အဆိုပါပွဲတော်ရာသီအတွင်း တရုတ်ခရီးသွားအများဆုံး ထိုင်းနိုင်ငံသို့လာရောက်ခဲ့ပြီး လွန်ခဲ့သော နှစ်ကထက် ၈၉ ဒသမ ၁၆ ရာခိုင်နှုန်းတိုးလာခဲ့သည်။
စုစုပေါင်း တရုတ်ခရီးသွား ၃၉၅,၈၃၀ ဦး လာရောက်ခဲ့သည်။ မလေးရှားနိုင်ငံမှ ၂၉၈,၂၆၃ ဦး၊ အိန္ဒိယနိုင်ငံမှ ၁၁၄,၃၃၀ ဦး၊ ရုရှားနိုင်ငံမှ ၁၀၄,၅၃၈ ဦး၊ တောင်ကိုရီးယားနိုင်ငံမှ ၈၄,၅၃၉ ဦး လာရောက်ခဲ့ကြောင်း ထိုင်းခရီးသွားလာရေးနှင့် အားကစားဝန်ကြီးဌာက ထုတ်ပြန်ခဲ့သည်။

ဗီဇာကင်းလွတ်ခြင်းနှင့် လူဝင်မှုကြီးကြပ်ရေးလုပ်ထုံးလုပ်နည်းများ ဖြေလျှော့ပေးခြင်းကဲ့သို့သော ခရီးသွားကဏ္ဍဆိုင်ရာ ဖြည့်ဆည်းဆောင်ရွက်မှုများကြောင့် ယခုလို ခရီးသွားအရေအတွက် မြင့်တက်လာခြင်းဖြစ်သည်။ မတ် ၁ ရက်မှ စတင်သက်ရောက်ခဲ့သော အပြန်အလှန်ဗီဇာကင်းလွတ်ခြင်းသဘောတူညီချက်ကြောင့် တရုတ်နှင့် ထိုင်းနိုင်ငံအကြား ယုံကြည်မှုများ အပြန်အလှန်တိုးတက်လာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လွန်ခဲ့သောနှစ်က ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံ နှင့် ယဉ်ကျေးမှုအဖွဲ့က ဆွန်ခရန်ပွဲတော်ကို ထိုင်းနှစ်သစ်ကူးရိုးရာပွဲတော်အဖြစ် ထည့်သွင်းခဲ့သည်။ အဆိုပါပွဲတော်သည် ပုံမှန်အားဖြင့် ဧပြီ ၁၃ ရက်မှ ၁၅ ရက်အထိဖြစ်သည်။ (Xinhua)

………………………..
(English Version)
Thailand welcomes 1.9 mln foreign tourists during Songkran festival
BANGKOK, April 23 (Xinhua) — Thailand welcomed 1.92 million foreign tourist arrivals during the extended Songkran festival between April 1-21, a surge of 37.54 percent over a year earlier, giving a boost to the country’s vital tourism industry, official data showed on Tuesday.
According to the Thai Ministry of Tourism and Sports, the Songkran festival generated 140.33 billion baht (3.78 billion U.S. dollars) in revenue over the 21-day celebration, as both local and international visitors enjoyed the festivities across the Southeast Asian nation.
China came in as the leading source of inbound tourists to Thailand during the period, with an 89.16 percent jump compared to the previous year, bringing in 395,830 visitors, followed by 298,263 from Malaysia, 114,330 from India, 104,538 from Russia and 84,539 from South Korea, the ministry said in a statement.
The rising number of inbound tourists was attributed to the government’s efforts to facilitate travel, including the visa-free entry scheme and eased immigration procedures. The mutual visa exemption agreement between Thailand and China, effective from March 1, also helped boost confidence in travel between the two countries, the statement said.
Last year, the United Nations Educational, Scientific and Cultural Organization added the Songkran festival, the traditional Thai New Year, which normally falls on April 13-15, to its list of intangible cultural heritage of humanity.■

People and elephants splash water to each other to celebrate the upcoming Songkran Festival in Ayutthaya, Thailand, April 9, 2024.