Connect with us

Media

ဂါဇာဒေသ၌ အစ္စရေးစစ်ဆင်ရေးက ကိုယ့်ကိုယ်ကိုယ်ခုခံကာကွယ်မှုထက် ကျော်လွန်သွားပြီဖြစ်ကြောင်း အီဂျစ်သမ္မတ ပြောကြား

ကိုင်ရို၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနိုင်ငံ၏ စစ်ဆင်ရေးက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်မှုထက်ကျော်လွန်သွားပြီ ဖြစ်ကြောင်းနှင့် ဒဏ်ခတ်အရေးယူမှုအဖြစ်သို့ ရောက်ရှိသွားခဲ့ကြောင်း အီဂျစ်နိုင်ငံ သမ္မတ အဗ္ဗဒဲလ်-ဖာတာ အယ်လ်-စီစီက အောက်တိုဘာ ၁၅ ရက်တွင် သတိပေးခဲ့သည်။

အီဂျစ်နိုင်ငံ သမ္မတက မြို့တော်ကိုင်ရို၌ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့် တွေ့ဆုံစဉ် ထိုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်ကြောင်း အီဂျစ်သမ္မတရုံးထံမှ သိရသည်။ (Xinhua)

………………………………
(English Version)
Israeli operation in Gaza goes beyond self-defense: Egyptian president
Egyptian President Abdel-Fattah al-Sisi warned on Sunday that the Israeli operation in the Gaza Strip has gone beyond self-defense and turned into collective punishment.
Sisi made the remarks during a meeting with U.S. Secretary of State Antony Blinken in the Egyptian capital of Cairo, according to the Egyptian presidency.
Xinhua News Agency correspondents reporting from Cairo.(XHTV)