Connect with us

Videos

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဦးဆောင်သည့် ပါတီက ရွေးကောက်ပွဲတွင် အမတ်နေရာ ၁၂၅ နေရာအနက် နေရာ ၁၂၀ အနိုင်ရရှိကြောင်း တရားဝင်ရလဒ်ထုတ်ပြန်

ဖနွမ်းပင် ၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန်ဦးဆာင်သည့် အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ(CPP)က မကြာသေးမီက ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အမတ်နေရာ ၁၂၅ နေရာအနက် နေရာ ၁၂၀ အနိုင်ရရှိခဲ့ကြောင်း အမျိုးသားရွေးကောက်ပွဲကော်မရှင်(NEC)က ဩဂုတ် ၅ ရက်တွင် ထုတ်ပြန်သော တရားဝင်ရလဒ်များအရ သိရသည်။တော်ဝင်မင်းသား Norodom Chakravuth ၏ Funcinpec ပါတီက ကျန်ရှိသည့် အမတ်နေရာ ၅ နေရာအား ရရှိခဲ့ကြောင်း ကမ္ဘောဒီးယား နိုင်ငံပိုင် ရုပ်မြင်သံကြားမှတစ်ဆင့် ကြေညာခဲ့သည့် ရလဒ်များတွင် ဖော်ပြထားသည်။

သတ္တမအကြိမ်မြောက် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၁၈ ခုဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ကမ္ဘောဒီးယားပြည်သူ့ပါတီ(CPP)က စုစုပေါင်း ခိုင်လုံမဲများနက် ဆန္ဒမဲ ၆.၄ သန်းနီးပါး သို့မဟုတ် ၈၂.၃ ရာခိုင်နှုန်း ရရှိခဲ့ပြီး Funcinpec ပါတီက ခိုင်လုံမဲ ၇၁၆,၄၉၀ သို့မဟုတ် ၉.၂ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း NEC က ပြောကြားခဲ့သည်။ (Xinhua)
———————–
Cambodian PM-led party wins 120 out of 125 parliamentary seats in recent election: official results
The ruling Cambodian People’s Party (CPP) led by Prime Minister Samdech Techo Hun Sen won 120 out of 125 parliamentary seats in a recent general election, according to the National Election Committee (NEC) official results released on Saturday.
The Funcinpec Party of Prince Norodom Chakravuth gained the remaining five seats, said the results announced on the state-run National Television of Cambodia.
Eighteen political parties contested in the seventh general election. The NEC said the CPP garnered almost 6.4 million votes, or 82.3 percent, of the total valid votes, and the Funcinpec Party received 716,490 votes, or 9.2 percent.
Xinhua News Agency correspondents reporting from Phnom Penh.(XHTV)