Connect with us

Politics & Security

အာဆီယံ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိများ ပူးပေါင်းဆောင်ရွက်ရေး ကမ္ဘောဒီးယား နိုင်ငံတွင် ဆွေးနွေး

တွေ့ဆုံဆွေးနွေးခဲ့ကြသည့် အာဆီယံလူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိများကို တွေ့ရစဉ်။(ဆင်ဟွာ)

ဖနွမ်းပင်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

အာဆီယံ ၁၀ နိုင်ငံက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အဆင့်မြင့်အရာရှိများသည် တနင်္လာနေ့၌ ကမ္ဘောဒီး ယားနိုင်ငံတွင် တွေ့ဆုံ၍ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်နိုင်ရန် နည်းလမ်းများအား ဆွေးနွေးကြကြောင်း ကမ္ဘောဒီးယားနိုင်ငံ အကြီးတန်း အရာရှိက ပြောသည်။

ကမ္ဘောဒီးယားနိုင်ငံ အထွေထွေလူဝင်မှု ကြီးကြပ်ရေး ဌာန၏ ယာယီ ရွှေ့ပြောင်းနေထိုင်သူများ ဆိုင်ရာနှင့် နည်းပညာဌာန ညွှန်ကြားရေးမှူး ဗိုလ်ချုပ် Sok Veasna က အစည်းအဝေး၏ ရည်ရွယ်ချက်မှာ အာဆီယံ အဖွဲ့ဝင်နိုင်ငံ များအကြား သတင်းအချက်အလက်နှင့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ သတင်းထောက်လှမ်းမှု မျှဝေ ခြင်းမှတဆင့် ဒေသ တွင်းပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန် ရည်ရွယ်ထားကြောင်း ၁၁ ကြိမ်မြောက် အာဆီယံ လူဝင်မှု သတင်းအချက်အလက် ထောက်လှမ်းရေး ဆိုင်ရာဖိုရမ် အဖွင့်မိန့်ခွန်းတွင် ပြောသည်။

“ ထောက်လှမ်းမှုဆိုင်ရာ မျှဝေခြင်းဟာ နယ်စပ်တွေ တစ်ခုကနေတစ်ခုဖြတ်ကျော် ဝင်ရောက်လာတဲ့ မလို လားအပ်တဲ့ ခရီးသွားတွေကို ကာကွယ်ရာမှာ အလွန်အသုံးဝင်လာမှဖြစ်ပါတယ်၊ ဒါ့အပြင် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် တစ်ဦးနှင့် တစ်ဦး အလေ့အကျင့်ကောင်းတွေ၊ အတွေ့အကြုံကောင်းတွေ သင်ယူနိုင်မှာ ဖြစ်တယ်” ဟု သူက ပြောသည်။

အာဆီယံ ဒေသတွင်းနိုင်ငံ တိုင်းသည် ကြုံတွေ့လာသည့် မည်သည့်ခြိမ်းခြောက်မှုမျိုးကိုမဆို အတူတကွ လက်တွဲတိုက်ခိုက် နိုင်ရန် သတင်းထောက်လှမ်းမှု မျှဝေခြင်းကို ဖြစ်နိုင်သမျှမြန်မြန် လုပ်ဆောင်သင့်ကြောင်း သူက ပြောကြားခဲ့သည်။

အစည်းအဝေးတွင် ပါဝင်ဆွေးနွေးသူများကလည်း ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ အရေးပေါ်ဖုန်း ဆက်သွယ်မှု ဖန်တီးခြင်း၊ သတင်း ထောက်လှမ်းခြင်း ဆိုင်ရာ အချက်အလက် မျှဝေရေး လုပ်ထုံးလုပ်နည်းများနှင့် လူများ ပုံမှန်မဟုတ်သောရွှေ့ပြောင်းမှု နှင့်ဆိုင်သော ကိစ္စရပ်များအား ဆွေးနွေးကြမည်ဖြစ်သည်။

ဤအစည်းအဝေးသည် အင်္ဂါနေ့တွင် ပြုလုပ်မည့် ၁၉ ကြိမ်မြောက် အာဆီယံ လူဝင်မှုကြီးကြပ်ရေး ဌာန ညွှန်ကြားရေးမှူးချုပ်များ အစည်းအဝေးနှင့် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ကောင်စစ်ဝန်ရေးရာဋ္ဌာနခွဲ ခေါင်းဆောင်များ အစည်းအဝေး အတွက် ကြိုတင်ပြင်ဆင်ခြင်းလည်း ဖြစ်သည်။

အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN)အား ၁၉၆၇ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒို နီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.