Connect with us

Local

တတိယအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာ အချောထည်နှင့် လက်ဝတ်ရတနာပြပွဲ ၂၀၂၀ ကျင်းပမည်

၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာအချောထည် ပြပွဲကို ရန်ကုန်မြို့၊ ပြည်လမ်းရှိ Lotte Hotel ၌ ကျင်းပ ပြုလုပ်နေမှုများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

တတိယအကြိမ်မြောက် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာအချောထည်နှင့် လက်ဝတ်ရတနာပြပွဲ-၂၀၂၀ (3rd Yangon International Gems & Jewellery Fair 2020)ကို ဇန်နဝါရီ ၁၀ ရက်မှ ၁၃ ရက်အထိ  ရန်ကုန်မြို့ ပြည်လမ်းရှိ Lotte ဟိုတယ်၌ ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။

ယင်းပြပွဲကို သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းချုပ်နှင့်  ကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်း(ရန်ကုန်)တို့က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး နေ့စဉ် နံနက် ၁၀ နာရီမှ ည ၈ နာရီအထိ ခင်းကျင်းပြသသွားမည် ဖြစ်ကြောင်းသိရသည်။

၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာအချောထည် ပြပွဲကို ရန်ကုန်မြို့၊ ပြည်လမ်းရှိ Lotte Hotel ၌ ကျင်းပ ပြုလုပ်နေမှုများအား တွေ့ရစဉ်(ဆင်ဟွာ) 

၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာအချောထည် ပြပွဲကို ရန်ကုန်မြို့၊ ပြည်လမ်းရှိ Lotte Hotel ၌ ကျင်းပ ပြုလုပ်နေမှုများအား တွေ့ရစဉ်(ဆင်ဟွာ) 

အဆိုပါပြပွဲတွင် ပြခန်းပေါင်း ၁၂၈ ခန်း ပါဝင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှ ထွက်ရှိသော သဘာ၀ကျောက်မျက်ရတနာများဖြစ်သည့် ပတ္တမြား၊ နီလာ၊ ကျောက်စိမ်းနှင့် အခြားရှားပါး ကျောက်မျက်ရတနာ အတွဲပေါင်း ၇၄ တွဲကို ခင်းကျင်းပြသထားမည်ဖြစ်ပြီး၊ အနိမ့်ဆုံးကြမ်းခင်းဈေးမှာ အမေရိကန် ဒေါ်လာ ၂,၀၀၀ မှစတင်ကာ အမြင့်ဆုံး ကြမ်းခင်းဈေး အမေရိကန်ဒေါ်လာ ၁၂ သိန်းအထိ လေလံတင်ရောင်းချ သွားမည်ဖြစ်ကြောင်း  နိုင်ငံပေါင်း ၄၅ နိုင်ငံမှ ကျောက်မျက်ကုန်သည် ၁,၀၀၀ကျော်နှင့် ပြည်တွင်း ကျောက်မျက်ကုန်သည် ၁၀,၀၀၀ကျော်တို့ကို ဖိတ်ကြားထားကြောင်း  ပြန်ကြားရေးဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်အရသိရသည်။

ပြပွဲကို ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာများ ကမ္ဘာ့ ဈေးကွက်၌ ထိုက်တန်စွာ နေရာရရှိရေး၊ မြန်မာနိုင်ငံတွင်လည်း ရတနာဈေးကွက် ရာနှုန်းပြည့် ဖြစ်ထွန်းတိုး တက်လာစေရေးနှင့် မြန်မာ့ကျောက်မျက်ရတနာများကို အရိုင်းသတ်သတ် ရောင်းချခြင်းမဟုတ်ဘဲ အချောထည်များအဖြစ် ထုတ်လုပ်ရောင်းချခြင်းအားဖြင့် ကျောက်မျက်ရတနာလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းပြုသူ များအားလုံး အလုပ်အကိုင်အခွင့် အလမ်းများပိုမိုရရှိလာစေရန်ရည်ရွယ် ကျင်းပခြင်း ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ပြပွဲတွင် ကျောက်မျက်ရတနာနှင့်ပတ်သက်သည့် ပညာရပ်ဆိုင်ရာ ဟောပြောပွဲများ၊ ကျောက်မျက်ရတနာ ဒီဇိုင်းဖန်တီးမှုပြိုင်ပွဲများလည်း ပါဝင်မည်ဖြစ်ကြောင်းသိရသည်။ (Xinhua)