Connect with us

Culture & Entertainment

လွှမ်းမိုးမှုအရှိဆုံး ဘာသာပြန်စာအုပ်များစာရင်း Amazon China က ထုတ်ပြန်

ဂါစီယာ မာကွတ်စ် (Garcia Marquez) ရေးသားသော “One Hundred Years of Solitude” စာအုပ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ပေကျင်း၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ အတွင်း လွှမ်းမိုးမှုအရှိဆုံး ဘာသာပြန်စာအုပ် ၂၅ အုပ်စာရင်းကို Amazon China က မကြာသေးမီက ထုတ်ပြန်လိုက်ကြောင်း China Daily က ဒီဇင်ဘာလ ၂၈ ရက်က ဖော်ပြလိုက်သည်။

အင်တာနက်သုံးစွဲသူ ၁၆,၀၀၀ ကျော်အား အွန်လိုင်းစစ်တမ်းတစ်ခုပြုလုပ်ကာ ရွေးချယ်ထားသည့် စာအုပ်များတွင် ဂါစီယာ မာကွတ်စ် (Garcia Marquez) ရေးသားသော “One Hundred Years of Solitude” ၊ ဆိုမာဆတ် မော်ဂန် (Somerset Maugham) ၏ “The moon and Sixpence” ကဲ့သို့သော နာမည်ကျော် ဝတ္ထုများနှင့် ရုသ် ဘန်နီဒစ် (Ruth Benedict) ရေးသားသည့် “The Chrysanthemum and the sword” နှင့် စတီဖန်ဟော့ကင်း (Stephen Hawking) ၏ “A Brief History of Time” တို့အပါအဝင် ဖြစ်ရိုးဖြစ်စဉ် သို့မဟုတ် လူမှုသိပ္ပံနယ်ပယ်တွင် အကောင်းဆုံး လက်ရာများ ပါဝင်ခဲ့သည်။

ထို့ပြင် အဆိုပါ စာရင်း၌ မကြာသေးမီက ရောင်းအားအကောင်းဆုံး ဝတ္ထုအချို့စာရင်းဝင်များလည်း ပါဝင်ကြောင်း၊ ဥပမာအားဖြင့် ဂျပန်ဝတ္ထုရေးဆရာ Keigo Higashino ရေးသားသော “Miracles of the Namiya General Store” ဖြစ်ကြောင်း သိရသည်။

“Raise the Red Lantern” ကိုရေးသားသူ တရုတ်စာရေးဆရာ Su Tong က “ဒီရလဒ်က အထူးသဖြင့် ကျွန်တော့်အတွက်တော့ အရမ်းကို ကောင်းပါတယ်” ဟုပြောကြားခဲ့ပြီး ၎င်းအနေဖြင့် စာရေးသားရာတွင် စကားလုံးရွေးချယ်ခြင်း၊ ဇာတ်လမ်းနှင့် ဇာတ်ကောင်စရိုက်များ၌ ဂါစီယာမာကွတ်စ်၏ ရေးသားဟန်များက လွှမ်းမိုးမှုရှိကြောင်း ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.