Connect with us

Politics, Law & Military

စီးပွားရေး လုပ်ငန်းစဉ်များ လွယ်ကူ မြန်ဆန်စေရန် အမြန်ဆုံး ပြုပြင်ပေးမည်

ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ် အစည်းအဝေးခန်းမသို့  ကြွရောက်လာစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများ ပိုမို လွယ်ကူ မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး အတွက် အမြန်ဆုံး ပြုပြင် ပြောင်းလဲပေးဖို့ ကြိုးပမ်းလျက်ရှိကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေက ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားခဲ့သည်။

“မြန်မာနိုင်ငံအနေနဲ့ Ease of Doing Business Ranking ကို ကမ္ဘာ့ဘဏ်က သတ်မှတ်ထားတဲ့ လက်ရှိ အဆင့် ၁၇၁ ကနေ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ အဆင့် ၁၀၀ အတွင်း ရောက်ရှိအောင် သက်ဆိုင်ရာ ဌာနတွေကနေ အခြေခံပြီး ပုဂ္ဂလိက ကဏ္ဍနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်၊ သတ် မှတ် အဆင့် မြင့်တက်ဖို့ သက်သက် မဟုတ်ဘဲ ဌာနဆိုင်ရာတွေရဲ့ အသားကျနေတဲ့ လုပ်နည်း လုပ်ဟန်တွေကို ပြောင်းလဲဖို့ ၊ အထူးသဖြင့် နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ကြိုးနီစနစ် ထူပြောခြင်း၊ အဂတိလိုက်စားမှု မြင့်မားခြင်းနဲ့ လက်ရှိ နိုင်ငံတော် အစိုးရရဲ့ မူဝါဒ လမ်းညွှန်ချက်တွေ နဲ့ ဌာန ဆိုင်ရာaတွရဲ့ ဖွဲ့စည်း လုပ်ကိုင်ဆောင်ရွက်မှု မကိုက်ညီခြင်းတွေကို အမြန်ဆုံး ပြုပြင် ပြောင်းလဲဖို့ ကြိုးပမ်းလျက်ရှိပါတယ်” ဟု နိုင်ငံတော် အစိုးရ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ကြိုးပမ်း ဆောင်ရွက်မှုဆိုင်ရာ အစီရင်ခံစာကို ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား ပြည်ထောင်စု လွှတ်တော်သို့ ယနေ့ တင်ပြရာတွင် ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင့်ဆွေက ရှင်းလင်း တင်ပြစဉ် (ဆင်ဟွာ)

မြန်မာကျပ်ငွေတန်ဖိုးကျစေသည့် အကြောင်းရင်းများစွာအနက် ငွေလဲနှုန်းကို လွှမ်းမိုးထားသည့် အဓိက အချက်များမှာ ကုန်သွယ်မှု လိုငွေ၊ အတိုးနှုန်း၊ ငွေဖောင်းပွမှုနှုန်းနှင့် တိုင်းပြည်၏ စီးပွား ဖွံ့ဖြိုးမှု အလားအလာများပဲ ဖြစ်ကြောင်း၊ ပြည်တွင်း စီးပွားရေး အခြေအနေ မညီမျှမှု ပြသနာများနှင့် စီးပွားရေးဆိုင်ရာ အခြေခံ အားနည်းချက်များ(Weak EconomicFundamentals) ရှိနေကြောင်း၊ ၂၀၁၅ – ၁၆ တွင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလျံ၊ ၂၀၁၆ – ၁၇ တွင် ဒေါ်လာ ၅ ဒသမ ၂ ဘီလျံ ရှိခဲ့သော ကုန်သွယ်မှု လိုငွေကို ၂၀၁၇ – ၁၈ တွင် ဒေါ်လာ ၃ဒသမ ၈ ဘီလျံသို့ လျှော့ချနိုင်ခဲ့ပြီ ဖြစ်ကြောင်း၊ ကုန်သွယ်မှု လိုငွေ လျှော့ချနိုင်ဖို့နှင့် ပြည်တွင်း စီးပွားရေး ဖွဲ့စည်း တည်ဆောက်မှု မှန်ကန်ခိုင်မာပြီး သက်ရောက်မှု အမျိုးမျိုးကို ခံနိုင်ရည် ရှိစေဖို့အတွက် နိုင်ငံတော် အစိုးရအနေဖြင့် ပုဂ္ဂလိကကဏ္ဍမှ သက်ဆိုင်သူများနှင့် ထိတွေ့ပြီး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လျက်ရှိကြောင်း၊ ကုန်ထုတ်စွမ်းအား မြှင့်တင်ရေး၊ စီးပွားရေး ကဏ္ဍ၏ အဓိက မောင်းနှင်အားများ တိုးတက်ရေး၊ စီးပွားရေး လုပ်ငန်းများ လုပ်သာကိုင်သာ ဖြစ်စေရေးနှင့် ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင် ကောင်းမွန်စေ ရေး တို့အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် အစိုးရဌာနများနှင့် ချိတ်ဆက် ဆောင်ရွက် နိုင်ရေး အစီအမံများလည်း စတင်နေပြီဖြစ်ကြောင်း၊ ဌာနအသီးသီးက ထုတ်ပေလျက်ရှိသည့် ခွင့်ပြုမိန့်၊ ပါမစ် စသည်များအတွက် စံ လုပ်ထုံး လုပ်နည်း များ (SOPs) ရေးဆွဲပြီး တစ်နေရာတည်းတွင် လာရောက် လျှောက်ထား ရယူနိုင်သည့် Singal Window စနစ်ကို များမကြာမီ အကောင်အထည် ဖော်နိုင်မှာ ဖြစ်ကြောင်း၊ ကုမ္ပဏီများ မှတ်ပုံတင်ရာ တွင်လည်း သက်ဆိုင်ရာဌာနများသို့ လာစရာ မလိုဘဲ Online စနစ်ဖြင့် ဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း၊ ထို့ကြောင့် လာမည့်နှစ်များတွင် မြန်မာ နိုင်ငံအနေဖြင့် ကမ္ဘာ့ဘဏ်က သတ်မှတ်သည့် Ease of Doing Business Index တိုးတက်လာနိုင် ကြောင်းလည်း ၎င်းက ရှင်းလင်း တင်ပြခဲ့သည်။

“အစိုးရသစ်လက်ထက်မှာ ပညာရေး ဘတ်ဂျက်နဲ့ ကျန်းမာရေး ဘတ်ဂျက်တွေကို နှစ်အလိုက် တိုးမြှင့် သုံးစွဲခဲပါတယ်” ဟုလည်း ပြည်ထောင်စု ဝန်ကြီးက တင်ပြခဲ့သည်။ ပညာရေး ဘတ်ဂျက်တွင် ၂၀၁၆ – ၁၇ ၌ ကျပ် ၁၇၂၆ ဘီလျံ၊ ၂၀၁၇ – ၁၈ ၌ ၁၇၅၆ ဘီလျံ သုံးစွဲခဲ့ပြီး ၂၀၁၈ – ၁၉တွင် ၂၁၇၅ ဘီလျံ သုံးစွဲသွားမည်ဖြစ်ကြောင်း၊ ကျန်းမာရေးဘတ်ဂျက်တွင်လည်း ၂၀၁၆- ၁၇ ၌ကျပ် ၈၈၁ ဘီလျံ၊ ၂၀၁၇ – ၁၈ ၌ ၁၀၇၆ ဘီလျံ သုံးစွဲခဲ့ပြီး ၂၀၁၈ – ၁၉ တွင် ၁၁၃၁ ဘီလျံ သုံးစွဲသွားမည် ဖြစ်ကြောင်း ၎င်းက တင်ပြခဲ့သည်။

ထို့အတူ ပြည်သူက ရွေးချယ် တင်မြှောက်ထားသော အစိုးရသစ်၏ ပြီးခဲ့သည့် နှစ်နှစ်ခွဲတာကာလ အတွင်း ကိုင်တွယ်ရ အကဲဆတ်ပြီးသိမ်မွေ့လှသော ရခိုင်ပြည်နယ်အရေး အပါအဝင်၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ လမ်းပန်းဆက်သွယ်ရေး အပါအဝင် အခြေခံ အဆောက်အအုံများ ပြည့်စုံ ကောင်းမွန် ရေး၊ မြို့ပြ အိမ်ယာများ ဖွံ့ဖြိုးရေး၊ လျှပ်စစ်မီး နှင့် စိုက်ပျိုးရေ လုံလောက်စွာ ရရှိရေး၊ လယ်ယာ ကဏ္ဍတွင် စက်ကိရိယာများ အသုံးပြုနိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ရေး၊ သဘာ၀ ဘေးအန္တရယ်ကျရောက်မှုအတွက် ကယ်ဆယ်ရေး၊ ပြန်လည် ထူထောင်ရေး၊ ကြိုတင် ကာကွယ်ရေး စသည့် လုပ်ငန်းများအား ထိရောက်စွာ ဆောင်ရွက်နိုင်ခဲ့ခြင်းများကိုလည်း ပြည်ထောင်စု ဝန်ကြီးက လွှတ်တော်သို့ ရှင်းလင်း တင်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.