Connect with us

Politics, Law & Military

၂၀၂၀ – ၂၁ ဘဏ္ဍာနှစ်တွင် ပြည်ပ ကုန်သွယ်မှုတန်ဖိုး ကန်ဒေါ်လာ ၃၅ ဘီလီယံခန့် ရရှိရန် မျှော်မှန်းထား

ပြည်ထောင်စု လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်။ (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

၂၀၂၀ – ၂၁ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းဥပဒေကြမ်းအရ ယင်းနှစ်တွင် ပြည်ပ ကုန်သွယ်မှုတန်ဖိုး အမေရိကန် ဒေါ်လာ ၃၄ ဒသမ ၇ ဘီလီယံ ရရှိရန် မျှော်မှန်းထားရှိပြီး ပို့ကုန် အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၂ ဘီလီယံနှင့် သွင်းကုန် အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၅ ဘီလီယံ ရရှိစေရန် ရည်မှန်းထား သည်ဟု စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဆက်အောင်က ပြည်ထောင်စု လွှတ်တော် ယနေ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ယနေ့နေ့လယ်ပိုင်းတွင် ကျင်းပသော ဒုတိယ အကြိမ်မြောက် ပြည်ထောင်စု လွှတ်တော် (၁၇)ကြိမ် မြောက် ပုံမှန်အစည်းအဝေးသို့ ၂၀၂၀ – ၂၁ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းဥပဒေ(မူကြမ်း) အား ပြည်ထောင်စု အစိုးရအဖွဲ့ကိုယ်စား တင်သွင်းရာ၌ ဒုတိယ ဝန်ကြီးက ပြောကြားခဲ့ခြင်း ဖြစ်ပြီး ၎င်းက “၂၀၂၀-၂၁ ဘဏ္ဍာနှစ် နှစ်ကုန်တွင် ရှိမယ့် ပြည်တွင်း ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှု တန်ဖိုးကို ပုံမှန် ဈေးနှုန်းများအရ ၆ ရာခိုင်နှုန်းတိုးတက်ရန် ခန့်မှန်းပါတယ်၊ စုစုပေါင်းပြည်တွင်း ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုးကို နှစ်အလိုက် ဈေးနှုန်းအရ ကျပ် ၁၂၅, ၈၀၃ ဒသမ ၅ ဘီလီယံ ခန့်မှန်း ထားရှိပါတယ်၊ နှစ်အလိုက် တန်ဖိုးအရ တစ်ဦးကျ ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှု တန်ဖိုး (Per Capita GDP) မှာ ကျပ် ၂,၂၈၄, ၉၇၀ ရရှိဖို့ မျှော်မှန်းထားပါတယ်” ဟုလည်း ရှင်းလင်း တင်ပြခဲ့သည်။

၂၀၁၉ – ၂၀ ဘဏ္ဍာနှစ်တွင် တစ်ဦးကျ ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှု တန်ဖိုးမှာ ကျပ် ၂, ၀၉၇, ၁၈၇ ခန့်မှန်းခဲ့ပြီး ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်တွင် ကျပ် ၁, ၉၄၅, ၅၉၃ ရရှိခဲ့ကြောင်းလည်း ဒုတိယ ဝန်ကြီးက ရှင်းပြခဲ့သည်။၂၀၂၀ – ၂၁ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း၏ စီးပွားရေး ရည်မှန်းချက်များမှာ လယ်ယာကဏ္ဍကြီး တွင် ၂ ဒသမ ၆ ရာခိုင်နှုန်း၊ စက်မှု ကဏ္ဍကြီးတွင် ၆ ဒသမ ၅ ရာခိုင်နှုန်း၊ ဝန်ဆောင်မှု ကဏ္ဍကြီးတွင် ၇ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်စေရန် ဖြစ်ကြောင်း၊ ပုံမှန် ဈေးနှုန်းများအရ ကဏ္ဍကြီးများ အလိုက် GDP ပါဝင်မှု အနေဖြင့် လယ်ယာကဏ္ဍတွင် ၂၁ ဒသမ ၃ ရာခိုင်နှုန်း၊ စက်မှု ကဏ္ဍကြီးတွင် ၃၆ ဒသမ ၂ ရာခိုင်နှုန်း၊ ဝန်ဆောင်မှု ကဏ္ဍကြီးတွင် ၄၂ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ပေါ်စေရန် ရည်မှန်းထား ကြောင်း၊ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုမှာ နိုင်ငံပိုင် အခန်းကဏ္ဍတွင် ကျပ် ၁၀, ၆၄၆ ဒသမ ၁ ဘီလီယံ ရှိကြောင်းလည်း ၎င်းက ရှင်းလင်း တင်ပြခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.