Connect with us

Social

ရန်ကုန် ခြောက်မြို့နယ်ရှိ မိလ္လာကန် နှင့် ရေဆိုးသယ်ပိုက်များ အသစ်တပ်ဆင်ရန် စီစဉ်

ရန်ကုန်မြို့လယ် မြို့နယ်များအတွင်း မိလ္လာစွန့်ပစ်စနစ် ပျက်စီးနေမှုများအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့downtown ခြောက်မြို့နယ်အတွင်း ရေဆိုးသယ်ပိုက်များ အသစ်တပ်ဆင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က ယနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောခဲ့သည်။

“ရန်ကုန်မြို့downtown ခြောက်မြို့နယ်အတွင်းရှိ လမ်းမကြီးနှင့် နောက်ဖေးလမ်းကြားများမှ ရေဆိုး သယ်ပိုက်များ အသစ်ဆောင်ရွက်နိုင်ရေး နှင့် ရေဆိုးသန့်စင် စက်ရုံ တိုးချဲ့ တည်ဆောက် နိုင်ရေးအတွက် အသေးစိတ် လေ့လာ ဆန်းစစ်နိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိပါတယ်” ဟု ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။

ကျောက်တံတား မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးနေမျိုးထက်၏ “ကျောက်တံတား မြို့နယ်အတွင်း မိလ္လာကန်များနှင့် မိလ္လာရေပိုက်များ အညစ်အကြေး၊ ရေဆိုးများသည် ရေမြောင်းအတွင်းသို့စီးဝင်နေသဖြင့် ကျန်းမာရေးအရ ထိခိုက်မှု ရှိပြီး အနံ့ အသက်များလည်း ဆိုးရွားစွာ ခံစားနေရသဖြင့် မိလ္လာကန်များနှင့် မိလ္လာရေပိုက်များ ပြုပြင်ပေးရန် အစီအစဉ်ရှိ မရှိ” မေးခွန်းကို ဝန်ကြီးက ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန် downtown ခြောက်မြို့နယ်၏ မိလ္လာ စွန့်ပစ်စနစ်မှာ ၁၈၈၈ ခုနှစ်မှ စတင်ခဲ့သည့် စနစ်ဖြစ်ပြီး ထိုစနစ်တွင် မြေဆွဲအားသုံး မိလ္လာပိုက်များ၊ လေဖိအားသုံး မိလ္လာ ပြွန်မကြီး၊ မိလ္လာ တွန်းစက်အိုး ၃၅ လုံးနှင့် လေမှုတ်စက်ရုံ နှစ်ရုံ အသုံးပြုပြီး ရေဆိုးသန့်စင် စက်ရုံတွင် သန့်စင်ပြီး အရည်ကြည်အား မြစ်အတွင်း စွန့်ပစ်ရသော စနစ်ဖြစ်ပြီး မူလက လူဦးရေ လေးသောင်း(၄၀၀၀၀)အတွက် ရည်ရွယ် တည်ဆောက်ခဲ့သော်လည်း လက်ရှိတွင် dowmtown မြို့နယ်များ၌ အထပ်မြင့် အဆောက်အအုံများ တိုးလာခြင်းနှင့် အတူနေထိုင်သူ လူဦးရေ များပြားလာပြီး မိလ္လာ စွန့်ပစ်မှု များပြားလာခြင်း၊ နောက်ဖေး လမ်းကြားတွင် အမှိုက် စွန့်ပစ်မှုကြောင့် မိလ္လာ လူဝင်ကျင်းများအတွင်း အမှိုက်များ ပိတ်ဆို့ခြင်း၊ လျှံကျခြင်းများ ဖြစ်ပေါ်လျက်ရှိ ကြောင်း၊ နှစ်ပေါင်း ၁၂၈ နှစ် ကြာမြင့်ပြီ ဖြစ်၍ မိလ္လာ လူဝင်ကျင်းများ နိမ့်ဆင်းခြင်းနှင့် အုတ်နံရံများ ပြိုကျခြင်းတို့ရှိခဲ့ကြောင်း ဝန်ကြီးက လွှတ်တော်သို့ရှင်းပြခဲ့သည်။

“Downtown ခြောက်မြို့နယ်မှာ နောက်ဖေးလမ်းကြား ၁၇၅ ခု၊ မိလ္လာတွန်းစက် ၃၅ လုံး၊ မိလ္လာကန် ၂၁၁၄ ကန်နဲ့မိလ္လာ ပိုက်လိုင်းအရှည် ၁၅၇,၀၀၀ ခန့်ရှိရာ နှစ်စဉ် လူအားဖြင့် လမ်းရှင်းအနည်ဆယ်ခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်းများကို ဘဏ္ဍာငွေ ရရှိမှုအပေါ် မူတည်၍ ဦးစားပေး အဆင့်အလိုက် ဆောင်ရွက်ပေးနေပါတယ်၊ ၂၀၁၁ ၂၀၁၆ – ငါးနှစ်တာအတွင်းမှာ နောက်ဖေးလမ်းကြား ၁၁၀ ခု၊ မိလ္လာပြွန်အရှည် ၁၂၆,၂၇၀ ပေနဲ့ မိလ္လာကန် ၈၉၇ လုံးကို လူအားဖြင့် လိုင်းရှင်း အနည်ဆယ်ခြင်းလုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်” ဟုလည်း ဝန်ကြီးက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.