Connect with us

Agriculture

တရုတ်နိုင်ငံ၏ ဂေဟစနစ်ထိန်းသိမ်းမှုနှင့် အမျိုးသားဥယျာဉ်စနစ် ရှေ့ပြေးဇုန်များ

တရုတ်နိုင်ငံ ချီလျန်တောင်တန်း အမျိုးသားဥယျာဉ်စနစ် ရှေ့ပြေးဇုန် ချင်းဟိုင်အပိုင်းတွင် ၂၀၁၈ ခုနှစ် ဧပြီ ၁၄ ရက်က ရိုက်ကူးထားသည့် နှင်းကျားသစ်တစ်ကောင်အား တွေ့ရစဉ် (ဆင်ဟွာ)ချီလျန်တောင်တန်း အမျိုးသားဥယျာဉ်စနစ် ရှေ့ပြေးဇုန်သည် တရုတ်နိုင်ငံ အနောက်ပိုင်းဒေသ အရေးပါသည့် ဂေဟလုံခြုံရေးအကာအကွယ်တစ်ခု ဖြစ်သလို ဇီဝမျိုးစုံမျိုးစိတ်ကွဲ ကာကွယ်ထိန်းသိမ်းရေး ဦးစားပေးဒေသ၊ ကမ္ဘာ့ကုန်းမြင့် အေးခဲဒေသ မျိုးစိတ်အရင်းအမြစ်စုစည်းရာနေရာနှင့် တောရိုင်းတိရစ္ဆာန်များ ရွှေ့ပြောင်းနေထိုင်ရာ အဓိက စင်္ကြံလမ်းလည်းဖြစ်ရာ ချင်းဟိုင်၊ကန်းစုပြည်နယ်နှစ်ခုတွင် တည်ရှိသည်။ အဆိုပါရှေ့ပြေးဇုန်တွင် သစ်တော၊ကန္တရ၊ရေဝပ်မြေ ဂေဟစနစ်များဖြန့်ကျက်ထားသလိုနှင်းကျားသစ်ကဲ့သို့သော အဖိုးတန် တောရိုင်းတိရစ္ဆာန်များ နေထိုင်ကျက်စားရာနှင့် အပင်များပေါက်ရောက်ရာ နေရာလည်း ဖြစ်သည်။

ပေကျင်း၊ အောက်တိုဘာ ၁၁ ရက်(ဆင်ဟွာ)

လက်ရှိတွင် တရုတ်နိုင်ငံ၌ အရှေ့မြောက်ပိုင်း ကျားနှင့်ကျားသစ် အမျိုးသားဥယျာဉ်(Northeast China Tiger and Leopard National Park)၊ ချီလျန်တောင်တန်း အမျိုးသားဥယျာဉ်(Qilian Mountain National Park)၊ ပန်ဒါဝက်ဝံကြီး အမျိုးသားဥယျာဉ်(Giant Panda National Park)၊ ဆန်းကျန်းယွမ် အမျိုးသားဥယျာဉ် (Sanjiangyuan National Park)၊ ဟိုင်နန်အပူပိုင်း မိုးသစ်တော အမျိုးသားဥယျာဉ်(Hainan Tropical Rainforest National Park)၊ ဝူရီဆန်းတောင် အမျိုးသားဥယျာဉ်(Wuyishan National Park)၊ ဆန်နုန်ကျ အမျိုးသား ဥယျာဉ်(Shennongjia National Park)၊ ဖူတာချော့ အမျိုးသားဥယျာဉ်(Potatso National Park)၊ ချန်ကျန်းယွမ် အမျိုးသားဥယျာဉ်(Qianjiangyuan National Park)၊ နန်ဆန်းတောင် အမျိုးသားဥယျာဉ်(Nanshan National Park)စသည့် အမျိုးသားဥယျာဉ်ရှေ့ပြေးဇုန် ၁၀ ခု ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံ ချီလျန်တောင်တန်း အမျိုးသားဥယျာဉ်စနစ် ရှေ့ပြေးဇုန် ချင်းဟိုင်အပိုင်းတွင် ၂၀၁၉ ခုနှစ် ဧပြီ ၂၃ ရက်က ရိုက်ကူးထားသည့် ရေခဲမြစ်တစ်နေရာ၏မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ) ချီလျန်တောင်တန်း အမျိုးသားဥယျာဉ်စနစ် ရှေ့ပြေးဇုန်သည် တရုတ်နိုင်ငံ အနောက်ပိုင်းဒေသ အရေးပါသည့် ဂေဟလုံခြုံရေးအကာအကွယ်တစ်ခု ဖြစ်သလို ဇီဝမျိုးစုံမျိုးစိတ်ကွဲကာကွယ်ထိန်းသိမ်းရေး ဦးစားပေးဒေသ၊ ကမ္ဘာ့ကုန်းမြင့် အေးခဲဒေသ မျိုးစိတ်အရင်းအမြစ်စုစည်းရာနေရာနှင့် တောရိုင်းတိရစ္ဆာန်များ ရွှေ့ပြောင်းနေထိုင်ရာ အဓိက စင်္ကြံလမ်းလည်းဖြစ်ရာ ချင်းဟိုင်၊ကန်းစုပြည်နယ်နှစ်ခုတွင် တည်ရှိသည်။ အဆိုပါရှေ့ပြေးဇုန်တွင် သစ်တော၊ ကန္တရ၊ ရေဝပ်မြေ ဂေဟစနစ်များ ဖြန့်ကျက်ထားသလို နှင်းကျားသစ်ကဲ့သို့သော အဖိုးတန် တောရိုင်းတိရစ္ဆာန်များ နေထိုင်ကျက်စားရာနှင့် အပင်များပေါက်ရောက်ရာ နေရာလည်း ဖြစ်သည်။

 

တရုတ်နိုင်ငံ ယူနန်ပြည်နယ် တီချင့်(တိဗက်လူမျိုး)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ရှန်ဂရီလာမြို့ရှိ ဖူတာချော့အမျိုးသားဥယျာဉ်တွင် ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၆ ရက်က ရိုက်ကူးသည့် ကန်ရေပြင်မြင်ကွင်း တစ်နေရာအား တွေ့ရစဉ်(ဆင်ဟွာ) ဖူတာချော့ အမျိုးသားဥယျာဉ်စနစ် ရှေ့ပြေးဇုန်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် အနောက်မြောက်ပိုင်း မြစ်သုံးသွယ် ပြိုင်တူစီးဆင်းရာ ကမ္ဘာ့သဘောဝအမွေအနှစ်၏ဗဟိုချက်မဒေသတွင် တည်ရှိရာ ရေကန်၊ ရေဝပ်ဒေသ၊ သစ်တောမြက်ခင်းပြင်၊ မြစ်ချောင်းအသွယ်သွယ်နှင့် အဖိုးတန်တိရစ္ဆာန်၊သစ်ပင်ပန်းမံများ ပေါများသည့် နေရာလည်း ဖြစ်သည်။

တရုတ်နိုင်ငံ ချန်ကျန်းယွမ် အမျိုးသား ဥယျာဉ်စနစ် စမ်းသပ်ဇုန်တွင် ၂၀၁၉ ခုနှစ် ဩဂုတ် ၂၆ ရက်က ရိုက်ကူးသည့် အမျိုးသားအဆင့် ပထမတန်းစားကာကွယ်ထိန်းသိမ်းရေး တိရစ္ဆာန် သင်းခွေချပ်တစ်ကောင်အား တွေ့ရစဉ်(ဆင်ဟွာ) ချန်ကျန်းယွမ် အမျိုးသား ဥယျာဉ်စနစ် စမ်းသပ်ဇုန်သည် တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ခိုင်ဟွာ့ခရိုင်တွင် တည်ရှိပြီး ချန်ထန်မြစ် မြစ်ဖျားခံရာအရပ်ဖြစ်သည်။ ယင်းနေရာတွင် သဘာဝသစ်တောကြီးများနှင့် တရုတ်နိုင်ငံရှိ ကမ္ဘာ့အဖိုးတန် မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ်များရှိသလို အမျိုးသားအဆင့် ပထမတန်းစား ကာကွယ်ထိန်းသိမ်းထားသည့် တောရိုင်းတိရစ္ဆာန် လည်ဖြူ ရစ်ငှက်၊ ချေနက် စသည့်တို့၏ အဓိက နားနေကျက်စားရာနေရာဖြစ်ရာ တရုတ်နိုင်ငံအရှေ့ပိုင်း အရေးပါသည့် သဘာဝမျိုးရင်းများစုဝေးရာအရပ်ဖြစ်သည်။

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ကျားနှင့်ကျားသစ် အမျိုးသားဥယျာဉ်အတွင်း တပ်ဆင်ထားသည့် အဝေးထိန်း အနီအောက်ရောင်ခြည်သုံး ကင်မရာဖြင့် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၈ ရက်က ရိုက်ကူးထားသည့် ကျားတစ်ကောင်အား တွေ့ရစဉ်(ဆင်ဟွာ) အရှေ့မြောက်ပိုင်း ကျားနှင့်ကျားသစ် အမျိုးသားဥယျာဉ် ရှေ့ပြေးဇုန်သည် တရုတ်နိုင်ငံ ကျီလင်နှင့် ဟေးလုံကျန်း ပြည်နယ်နှစ်ခုစပ်ကြားတွင် တည်ရှိပြီး တရုတ်နိုင်ငံ၏ ကျား၊ကျားသစ် မျိုးစိမ်များ အနေထိုင် ကျက်စားရာ အဓိက နေရာတစ်ခုဖြစ်သည်။

ဆန်နုန်ကျ အမျိုးသား ဥယျာဉ်တောအတွင်း သွားလာနေသည့် နှာခေါင်းလန်မျောက်များ ၂၀၂၁ ခုနှစ် မေ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ) ဆန်နုန်ကျ အမျိုးသား ဥယျာဉ် ရှေ့ပြေးဇုန်သည် တရုတ်နိုင်ငံ ဟူပေပြည်နယ် အနောက်မြောက်ပိုင်းတွင် တည်ရှိပြီး “ကမ္ဘာမြေ၏အဆုတ်”ဟု တင်စားကြသည့် အပူလျော့ပိုင်းသစ်တောဂေဟစနစ်ရှိသလို “ကမ္ဘာမြေ၏ကျောက်ကပ်”ဟု ရည်ညွှန်းကြသည့် Sphagnumရေဝပ်ဒေသဂေဟစနစ်ရှိရာနေရာလည်း ဖြစ်သည်။ ထိုနေရာတွင် ကမ္ဘာ့ သတ္တဝါ သက်ရှိရုပ်ကြွင်း စုစည်းရာ နှင့် ရှေးဟောင်း၊ အဖိုးတန်၊ အထူးမျိုးစိတ်ကွဲများ၏ ခိုလှုံရာဖြစ်ရာ မြောက်လတ္တီတွဒ် ၃၁ ဒီဂရီရှိ အစိမ်းရောင်အံ့ဖွယ်ဟု တင်စားခေါ်ဝေါ်ခံရသည့် နေရာလည်း ဖြစ်သည်။

ပန်ဒါဝက်ဝံကြီး အမျိုးသား ဥယျာဉ်တွင် ဆန်ရှီးအမြဲစိမ်းစီမံခန့်ခွဲရေး ဌာနခွဲမှ တပ်ဆင်ထားသည့် အနီအောက်ရောင်ခြည် ကင်မရာဖြင့် ၂၀၂၀ပြည့်နှစ် ဇန်နဝါရီ ၅ ရက်က ရိုက်ကူးထားသော ပန်ဒါဝက်ဝံသားအမိအား တွေ့ရစဉ်(ဆင်ဟွာ) ပန်ဒါဝက်ဝံကြီး အမျိုးသားဥယျာဉ်စနစ် ရှေ့ပြေးဇုန်သည် တရုတ်နိုင်ငံ စီချွမ်း၊ ဆန်ရှီးနှင့် ကန်းစု ပြည်နယ် သုံးခုကို ခွကျော်တည်ရှိသည့် ဥယျာဉ်ဖြစ်ရာ အမျိုးသားအဆင့် ဂေဟလုံခြုံရေး “အကာအကွယ်နှစ်ခုနှင့် ရပ်ဝန်း ၃ ခု”၏ အရေးကြီးဒေသ ဖြစ်သည်။ တစ်နိုင်ငံလုံးရှိ တောပန်ဒါဝက်ဝံအရေအတွက် တစ်စုတစ်စည်းတည် ဖြန့်ကျက်နေသည့် ရှေ့ပြေးဇုန်ဖြစ်ရာ ယင်း ဥယျာဉ်တည်ဆောက်နိုင်မှုက ပန်ဒါဝက်ဝံများနှင့်၎င်းတို့ နေထိုင်ကျက်စားရာနေရာ မူရင်းသဘာဝနှင့်ပြည့်စုံမှု၏ အားအကောင်းဆုံး ထိန်းသိမ်းကာကွယ်ခြင်းဖြစ်သည်။

ဆန်းကျန်းယွမ်ဒေသတွင် သွားလာလှုပ်ရှားနေသည့် တိဗက်တောမြည်းများအား ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ) ဆန်းကျန်းယွမ် အမျိုးသား ဥယျာဉ်စနစ် ရှေ့ပြေးဇုန်သည် တရုတ်နိုင်ငံတွင် ပထမဆုံးစိစစ်ခွင့်ပြုသည့် အမျိုးသား ဥယျာဉ်စနစ် ရှေ့ပြေးဇုန်ဖြစ်ရာ ဧရိယာအားဖြင့် စတုရန်းကီလိုမီတာ ၁၂၃,၁၀၀ ခန့်ရှိသည်။

အဆိုပါရှေ့ပြေးဇုန်များသည် ပြည်နယ် ၁၂ ခုနှင့်ဆက်စပ်နေပြီး စုစုပေါင်းဧရိယာ စတုရန်းကီလိုမီတာ ၂၂၀,၀၀၀ ကျော်ရှိရာ တရုတ်နိုင်ငံ ကုန်တွင်းပိုင်းနယ်မြေ၏ ၂.၃ ရာခိုင်နှုန်းခန့် ရှိသည်။

တရုတ်နိုင်ငံ၌ အမျိုးသားဥယျာဉ်စနစ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းသည် သဘာဝဂေဟစနစ်၏ မူလစစ်မှန်မှုနှင့်ပြည့်စုံမှုကို ထိန်းသိမ်းရန်၊ ဇီဝမျိုးစုံမျိုးစိတ်များကို ကာကွယ်ရန် ၊ ဂေဟလုံခြုံရေးအကာအကွယ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်၊ နောင်လာနောက်သားများအတွက် အဖိုးတန်သည့် သဘာဝပိုင်ဆိုင်မှုများကို ချန်ထားပေးရန်အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

ယခုနှစ်ပိုင်းများတွင် မျိုးသုဉ်းမည့် ခြိမ်းခြောက်မှုအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် တရုတ်နိုင်ငံ၏ရတနာ “ပန်ဒါဝက်ဝံကြီး” ကို မျိုးသုဉ်းရန်အန္တရာယ်ရှိသောမျိုးစိတ် (Endangered [EN])မှ မျိုးသုဉ်းရန်အန္တရာယ်ကျရောက်နိုင်သောမျိုးစိတ်(Vulnerable[VU]အဆင့်သို့ လျှော့ချနိုင်ခဲ့သည်။ မျိုးသုဉ်းလုနီးပါးအန္တရာယ်ရှိသော မျိုးစိတ် (Critically Endangered [CR])ဖြစ်သည့် ဟိုင်နန် မျောက်လွှဲကျော်၏ အကောင်ရေ တိုးပွားလာခဲ့ပြီး ချင်းဟိုင်-တိဗက်ကုန်းပြင်မြင့် တိဗက်ဒရယ်၏အရေအတွက်သည်လည်း များပြားလာခဲ့ရာ ၎င်းမှာ ဝမ်းမြောက်ဖွယ်သတင်းကောင်းဖြစ်သလို တရုတ်နိုင်ငံ၏ ဇီဝမျိုးစုံမျိုးစိတ်ကွဲ ကာကွယ်ထိန်းသိမ်းရေးအောင်မြင်မှုနှင့်ထိရောက်မှု၏ ပုံရိပ်ငယ်တစ်ခုလည်း ဖြစ်သည်။ (Xinhua)

————————————
(Chinese Version)

(新华全媒+)探秘中国十大国家公园体制试点区
2021-10-02 14:38:06
新华社照片,北京,2021年10月2日
探秘中国十大国家公园体制试点区
目前,我国正在开展东北虎豹、祁连山、大熊猫、三江源、海南热带雨林、武夷山、神农架、普达措、钱江源、南山等10处国家公园体制试点,试点区涉及12个省份,总面积超过22万平方公里,约占中国陆域国土面积的2.3%。
中国实行国家公园体制,目的是保持自然生态系统的原真性和完整性,保护生物多样性,保护生态安全屏障,给子孙后代留下珍贵的自然资产。
近年来,“国宝”大熊猫受威胁程度从“濒危”降为“易危”;极度濒危物种海南长臂猿喜添“新丁”;在青藏高原,藏羚羊数量大幅增加……这些令人欣喜的消息,是中国生物多样性保护成就的一个缩影,折射出我国生物多样性保护取得了扎实的成效。
新华社记者 胡超 摄

图说1: 这是在祁连山国家公园体制试点区青海片区拍摄的雪豹(2018年4月14日摄)。祁连山国家公园体制试点区是我国西部重要生态安全屏障,是我国生物多样性保护优先区域、世界高寒种质资源库和野生动物迁徙的重要廊道,范围涉及青海、甘肃两省。试点区森林、草原、荒漠、湿地生态系统均有分布,还是雪豹等珍稀野生动植物的重要栖息地和分布区。

图书2:这是在祁连山国家公园体制试点区青海片区内拍摄的八一冰川一角(2019年4月23日摄)。
祁连山国家公园体制试点区是我国西部重要生态安全屏障,是我国生物多样性保护优先区域、世界高寒种质资源库和野生动物迁徙的重要廊道,范围涉及青海、甘肃两省。试点区森林、草原、荒漠、湿地生态系统均有分布,还是雪豹等珍稀野生动植物的重要栖息地和分布区。

图说3: 云南省迪庆藏族自治州香格里拉市境内的普达措国家公园属都湖一景(2019年11月6日摄)。普达措国家公园体制试点区位于滇西北“三江并流”世界自然遗产中心地带,拥有湖泊湿地、森林草甸、河谷溪流、珍稀动植物等丰富资源。

图说4:这是2019年8月26日在钱江源国家公园体制试点区拍摄的国家一级保护动物穿山甲。 钱江源国家公园体制试点区位于浙江省开化县,是钱塘江的发源地,拥有大片原始森林,是中国特有的世界珍稀濒危物种、国家一级重点保护野生动物白颈长尾雉、黑麂的主要栖息地,是中国东部重要的天然基因库。

图说5:这是架设在东北虎豹国家公园内的远红外相机于2021年9月18日拍摄到的野生东北虎影像(视频截图)。 东北虎豹国家公园体制试点区选址于吉林、黑龙江两省交界的广大区域,是我国重要的虎豹栖息地之一。
图说6:2021年5月19日,金丝猴在神农架国家公园大龙潭金丝猴野外研究基地山林中活动。(新华社记者 肖艺九 摄) 神农架国家公园体制试点区位于湖北省西北部,拥有被称为“地球之肺”的亚热带森林生态系统、被称为“地球之肾”的泥炭藓湿地生态系统,是世界生物活化石聚集地和古老、珍稀、特有物种避难所,被誉为北纬31°的绿色奇迹。这里有珙桐、红豆杉等国家重点保护的野生植物,金丝猴、金雕等重点保护野生动物。

图说7:大熊猫国家公园陕西长青管理分局架设的红外相机拍摄到的一对野生大熊猫母子(2020年1月5日摄)。 新华社发(大熊猫国家公园长青管理分局供图)
大熊猫国家公园体制试点区地跨四川、陕西和甘肃三省,是国家生态安全“两屏三带”重要区域。全国野生大熊猫种群数量较集中分布于试点区。大熊猫国家公园的建立,最有力地保护了大熊猫及其栖息地的原真性和完整性。

图说8:2019年10月19日,藏野驴在三江源地区活动(无人机照片)。新华社记者 吴刚 摄
三江源国家公园体制试点是我国第一个得到批复的国家公园体制试点,面积12.31万平方公里。