Connect with us

Politics, Law & Military

တရုတ်နိုင်ငံက ယူကရိန်းအရေးကိစ္စတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်း ကျောက်လိကျန်းပြော

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းအား မတ် ၁၇ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓါတ်ပုံ- တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်)

ပေကျင်း၊ မတ် ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုဖြစ်မြောက်ရေးကဏ္ဍတွင် လုပ်ဆောင်လျက်ရှိပြီး ယူကရိန်းအရေးကိစ္စ ဖြေရှင်းရန် ကြိုးပမ်းနေကြောင်းနှင့် ယူကရိန်းအရေးကိစ္စ၌ အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည်ဟု ကျောက်လိကျန်းက မတ် ၁၇ ရက်တွင် ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းမှုကို ဖြေကြားရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။သို့သော် ပြဿနာကို အစပြုသူက ထိုကိစ္စရပ်များကို ဖြေရှင်းရန်လိုအပ်ကြောင်း၊ ထို့ပြင် ယူကရိန်း အကျပ်အတည်းကို အစပြုသူများအနေဖြင့် ယူကရိန်းအကျပ်အတည်းအတွင်း မည်သည့်အခန်းကဏ္ဍမှ ပါဝင်နေသည်ကို သေချာဝေဖန်ဆန်းစစ်ရန် လိုအပ်ကြောင်းနှင့် သူတစ်ပါးအပေါ်အပြစ်ပုံချမည့်အစား တာဝန်ဝတ္တရားကို ထမ်းဆောင်ကာ လက်တွေ့ကျသော လုပ်ဆောင်မှုများဖြင့် အခြေအနေ တင်းမာမှုကို ဖြေလျော့စေရန် ဆောင်ရွက်သင့်ကြောင်း ကျောက်လိကျန်းက အလေးထားပြောကြားခဲ့သည်။

နေတိုး (NATO) က ရုရှားနိုင်ငံအပေါ်ဆက်လက်ချဲ့ထွင်နေခြင်းက အမေရိကန် မူဝါဒ၏ အဆိပ်အတောက်တစ်ခုဖြစ်သည်ဟု ဆိုဗီယက်ယူနီယံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း George Frost Kennan က ၁၉၉၀ ပြည့်လွန်နှစ်များတွင် အမေရိကန်အစိုးရအား အကြံပြုခဲ့ကြောင်း မကြာသေးမီက နိုင်ငံတကာမီဒီယာများ၌ ကြိမ်ဖန်များစွာဖော်ပြခဲ့သည်။ ထို့ပြင်လူသိများသော နိုင်ငံတကာပညာရှင်များကလည်း ထိုကဲ့သို့သော အကြံပြုချက်များ ပေးခဲ့သော်လည်း အမေရိကန်အစိုးရကမူ လျစ်လျူရှုပြီး နေတိုးအဖွဲ့ အရှေ့ဘက်သို့ တိုးချဲ့ခြင်းကို ဆက်လက်တွန်းအားပေးလုပ်ဆောင်ခဲ့ကာ ငါးကြိမ်အထိရှိပြီဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

“နေတိုးရဲ့ အရှေ့ဘက်တိုးချဲ့မှုနဲ့ပတ်သက်ပြီး အမေရိကန် အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ ဒီနေ့ဖြစ်နေတဲ့ ယူကရိန်း အကျပ်အတည်းနဲ့ တိုက်ရိုက် ဆက်နွယ်မှုရှိပါတယ်။ ‘အမေရိကန်က ယူကရိန်းကို နေတိုးအဖွဲ့ဝင်အဖြစ် လက်မခံဘူးလို့ အာမခံချက်ပေးတာနဲ့ ဒီအကျပ်အတည်းကို အဆုံးသတ်နိုင်ပြီး စစ်ပွဲဖြစ်ပွားတာကိုလည်း တားဆီးနိုင်တယ်။ ဒါပေမဲ့ အမေရိကန်က အဲဒီလိုမလုပ်ဘူး’ ဆိုတဲ့ အမေရိကန်လွှတ်တော်အမတ်ဟောင်း Tulsi Gabbard ကပြောကြားခဲ့တဲ့ သတင်းတစ်ပုဒ်ကို မကြာမီတွေ့လိုက်တယ်” ဟု ကျောက်လိကျန်းက ပြောကြားခဲ့သည်။ ယူကရိန်း အကျပ်အတည်းကို ဖြေရှင်းရန် အဓိကသော့ချက်မှာ အမေရိကန်နှင့် နေတိုးအဖွဲ့တို့၏ လက်ထဲတွင်သာ ရှိပြီး၊ အမေရိကန်အနေဖြင့် ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံအများစုကဲ့သို့ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုဘက်ခြမ်းသို့ အတူရပ်တည်ကာ ယူကရိန်းအခြေအနေ ဆောလျင်စွာ ဖြေလျှော့နိုင်ရန် တွန်းအားပေးလုပ်ဆောင်မည်ဟု မျှော်လင့်ကြောင်း ၎င်းကပြောကြားခဲ့သည်။(Xinhua)

…………………………………………

(Chinese Version)

赵立坚说中方会继续在乌克兰问题上发挥建设性作用
2022-03-17 17:05:32 来源: 新华社微博
外交部发言人赵立坚3月17日在例行记者会上回答相关提问时说,中方确实在劝和促谈,为和平解决乌克兰危机作出努力,中方会继续在乌克兰问题上发挥建设性作用。
“但是,解铃还须系铃人。”赵立坚强调,那些乌克兰危机的始作俑者们应该好好反思一下他们在乌克兰危机中扮演的角色,切实承担起应承担的责任,为缓和局势、解决问题拿出实际行动,而不是嫁祸于人。
赵立坚说,近来国际媒体多次提到,美国前驻苏联大使乔治·凯南在上世纪90年代就对美国政府提出忠告,指出北约针对俄罗斯的持续扩张将是美国政策中“最致命的错误”。还有很多国际著名专家也作出过这样的忠告,遗憾的是美国政府对此置若罔闻,持续推进北约东扩,已经进行了五轮。
“美国政府关于北约东扩的决策,同今天的乌克兰危机有着直接的联系。最近我看到一则报道,美国前国会众议员加巴德表示,只要美国保证不接纳乌克兰加入北约,就可以结束此次危机,阻止爆发战争,但美国政府不会这么做。”赵立坚说,解决乌克兰危机的钥匙在美国和北约手中,中方希望美国能够真正同世界上多数发展中国家一道站在和平与正义的一边,推动乌克兰局势早日缓和。(记者伍岳、成欣)