Connect with us

Eastern Europe

ရုရှား ရေနံစက်ရုံတစ်ခုကို ယူကရိန်း စစ်ရဟတ်ယာဉ် လေကြောင်းတိုက်ခိုက်ခဲ့ဟုဆို

ရုရှားနိုင်ငံ ဘယ်လ်ဂါရဒ်မြို့ရှိ ရေနံစက်ရုံတစ်ခုတွင် မီးခိုးလုံးများ ထွက်ပေါ်နေသည်ကို ဧပြီ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ ဧပြီ ၂ ရက်(ဆင်ဟွာ)

ယူကရိန်းနိုင်ငံ စစ်ရဟတ်ယာဉ်နှစ်စင်းက ရုရှားနိုင်ငံ ဘယ်လ်ဂါရဒ်မြို့ရှိ ရေနံစက်ရုံတစ်ခုကို လေကြောင်းတိုက်ခိုက်ခဲ့ရာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း ရုရှားမီဒီယာက ဧပြီ ၁ ရက်တွင် ရုရှားဒေသခံအရာရှိ၏ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။

ရုရှားနိုင်ငံ ဘယ်လ်ဂါရဒ်မြို့ရှိ ရေနံစက်ရုံတစ်ခုတွင် မီးခိုးလုံးများ ထွက်ပေါ်နေသည်ကို ဧပြီ ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ယင်းနေ့တွင်ပင် ယူကရိန်းနိုင်ငံပိုင် သတင်းအေဂျင်စီ Ukrinform ကလည်း ဘယ်လ်ဂါရဒ်မြို့ရေနံစက်ရုံ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြခဲ့သော်လည်း မီးလောင်သည့်အကြောင်းအရင်းကိုမူ ဖော်ပြထားခြင်းမရှိကြောင်း သိရသည်။ (Xinhua)

—————————–
(Chinese Version)
俄媒:乌军直升机空袭俄方一石油设施
2022-04-01 13:16:13
新华社莫斯科4月1日电俄罗斯媒体1日援引俄地方官员的话报道说,两架乌克兰军用直升机空袭了俄罗斯别尔哥罗德市的一处石油设施,并引发火灾。
乌克兰国家通讯社当天也报道了别尔哥罗德市一处石油设施失火事件,但未说明起火原因。(完)
图说1:4月1日,浓烟在俄罗斯别尔哥罗德市的一处石油设施上空升起。新华社/塔斯社