Connect with us

Europe

ဒွန်းဘတ်စ်ဒေသတွင် အထူးစစ်ဆင်ရေး လုပ်ဆောင်ရန် ရုရှား ဆုံးဖြတ်

ရုရှား သမ္မတ ပူတင်အား ရုရှားကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးတွင် မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

မော်စကို၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ)

ဒွန်းဘတ်စ်ဒေသတွင် အထူးစစ်ဆင်ရေးလုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ကြောင်း ရုရှားသမ္မတ ပူတင်က ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းတွင် ရုပ်သံမိန့်ခွန်း၌ပြောကြားခဲ့သည်။
ယနေ့ Sputnikသတင်းဌာနနှင့် ရုရှားရုပ်သံ တို့၏ တိုက်ရိုက်ထုတ်လွှင့်မှုများတွင် ပူတင်က ရုရှားအနေဖြင့် ယူကရိန်းကို သိမ်းပိုက်မည့် အစီအစဉ်မရှိဟု ထည့်သွင်းပြောကြားခဲ့သည်။

ပူတင်က ဒွန်းဘတ်စ် စစ်ရေးလှုပ်ရှားမှုတွင် လွှတ်တော်၏ ရပ်တည်ချက် တသမတ်တည်းရှိမည်ဟု မျှော်လင့်ကြောင်းနှင့် ရုရှားပြည်သူများက ဤဆုံးဖြတ်ချက်ကို ထောက်ခံအားပေးမည်ဟု ယုံကြည်‌ကြောင်း ပြောကြားခဲ့သည်။

နှစ်ပေါင်း ၃၀ ကြာ ရုရှားက နေတိုးအရှေ့ဘက်သို့မချဲ့ထွင်ရေး သဘောတူညီချက်ရရန် အစဉ်တစ်စိုက် ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း လိမ်ညာမှု၊ ဖိအားပေးမှု၊ မိုက်ကြေးခွဲခြိမ်းခြောက်မှုများ ခံခဲ့ရကြောင်း ပူတင်က ၎င်း၏မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ နေတိုးအဖွဲ့၏စစ်ကားများ သည် ရုရှားနယ်စပ်ဆီ ရွေ့လားနေဆဲဖြစ်ကြောင်း ပူတင်က ထောက်ပြ ပြောကြားခဲ့သည်။ (Xinhua)

———————————————–
(Chinese Version)

(国际)普京决定在顿巴斯地区发起特别军事行动
2022-02-24 11:57:32
新华社莫斯科2月24日电(记者黄河)俄罗斯总统普京24日清晨发表电视讲话说,决定在顿巴斯地区发起特别军事行动。
综合今日俄罗斯通讯社和俄电视直播报道,普京在讲话中表示,俄罗斯没有占领乌克兰的计划。
普京说,期望议会对在顿巴斯采取军事行动持统一立场。他同时表示,相信俄公民们会支持这一决定。
普京在讲话中说,30年来俄罗斯一直试图就北约不东扩达成协议,但却受到欺骗、施压和讹诈。普京还指出,北约的战车正在朝着俄罗斯边境移动。(完)
图说1:2021年12月21日,在俄罗斯莫斯科,俄罗斯总统普京在俄国防部扩大会议上发表讲话。 新华社/美联