Connect with us

China

ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်မှသာ အောင်မြင်နိုင်မည်၊ ကောင်းမွန်နိုင်မည်၊ လုပ်ငန်းစဉ်ကြီးများကို ဖော်ဆောင်နိုင်မည်ဟု သမ္မတ ရှီကျင့်ဖိန် ပြောကြား

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ ကျင်းပသော တတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ “ရပ်ဝန်းနှင့်ပိုးလမ်းမ” ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်မှသာ အောင်မြင်နိုင်မည်၊ ကောင်းမွန်နိုင်မည်၊ လုပ်ငန်းစဉ်ကြီးများကို ဖော်ဆောင်နိုင်မည်ကို မိမိတို့အနေဖြင့် ထဲထဲဝင်ဝင် သိရှိပါကြောင်း “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူတည်ဆောက်ရေး အတွေ့အကြုံများကို သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

နိုင်ငံအသီးသီးတွင် ပူးပေါင်းဆောင်ရွက်သည့် သဘောဆန္ဒ၊ ညှိနှိုင်းဆောင်ရွက်လိုမှု ရှိပါက လမ်းဆုံးလျှင်ပင် လမ်းပေါက်ခရီးရောက်နိုင်ရာ “ကုန်းတွင်းပိတ်နိုင်ငံ”မှ “ကုန်းတွင်းဆက်နိုင်ငံ” အဖြစ်သို့ ပြောင်းလဲနိုင်သလို ဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်ရှိသည့်နေရာကို စည်ပင်သာယာဝပြောသည့်နေရာအဖြစ်သို့ ပြောင်းလဲနိုင်ကြောင်း၊ စီးပွားရေးတိုးတက်မှု လျင်မြန်သည့် နိုင်ငံအချို့က ဖွံ့ဖြိုးတိုးတက်မှု ယာယီနောက်ကျနေသည့် မိတ်ဖက်များကို လက်တွဲခေါ်ရမည် ဖြစ်ကြောင်း၊ အားလုံးက မိတ်ဆွေ၊ မိတ်ဖက်အနေဖြင့် အပြန်အလှန်ရှုမြင်၍ အပြန်အလှန်လေးစားမှု၊ အပြန်အလှန် အားပေးထောက်ခံမှု၊ အပြန်အလှန်အောင်မြင်အောင် ပံ့ပိုးပေးမှုရှိမည် ဆိုလျှင် သူတစ်ပါးအား ကူညီဖေးမခြင်းသည် မိမိကိုယ်ကိုယ် ကူညီရာရောက်သလို အများအကျိုးဆောင်၊ ကိုယ်ကျိုးအောင်မည် ဖြစ်ပါကြောင်း၊ သူတစ်ပါး၏ ဖွံ့ဖြိုးတိုးတက်မှုကို ခြိမ်းခြောက်မှုအဖြစ် ၊ စီးပွားအပြန်အလှန် အမှီသဟဲပြုခြင်းကို အန္တရာယ်အဖြစ် ရှုမြင်ခြင်းသည် မိမိတို့၏နေထိုင်မှုဘဝကို ပိုမိုကောင်းမွန်စေမည် မဟုတ်သလို ဖွံ့ဖြိုးတိုးတက်မှုကိုလည်း ပို၍ လျင်မြန်စေမည် မဟုတ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ (Xinhua)

……………………………..
(Chinese Version)
习近平:只有合作共赢才能办成事、办好事、办大事
习近平在谈到共建“一带一路”的经验时表示,我们深刻认识到,只有合作共赢才能办成事、办好事、办大事。只要各国有合作的愿望、协调的行动,天堑可以变通途,“陆锁国”可以变成“陆联国”,发展的洼地可以变成繁荣的高地。经济发展快一些的国家,要拉一把暂时走在后面的伙伴。只要大家把彼此视为朋友和伙伴,相互尊重、相互支持、相互成就,赠人玫瑰则手有余香,成就别人也是帮助自己。把别人的发展视为威胁,把经济相互依存视为风险,不会让自己生活得更好、发展得更快。
1. 10月18日,国家主席习近平在北京人民大会堂出席第三届“一带一路”国际合作高峰论坛开幕式并发表主旨演讲。