Connect with us

China

ကာဇက်စတန်နိုင်ငံက ရပ်ဝန်းနှင့် ပိုးလမ်း အဆိုပြုချက် ဖော်ဆောင်မှုနှင့်အတူ ရထားလမ်း ကီလိုမီတာ ၁,၃၀၀ တည်ဆောက်မည်

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ကာဇက်စတန်နိုင်ငံ သမ္မတ Kassym-Jomart Tokayev တို့ ပေကျင်းမြို့တော် ပြည်သူ့ခန်းမဆောင်တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

ကာဇက်စတန်နိုင်ငံသည် လာမည့် ၃ နှစ်တာအတွင်း ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် ဖော်ဆောင်မှုနှင့်အတူ ရထားလမ်းသစ် ကီလိုမီတာ ၁,၃၀၀ တည်ဆောက်ရန် စီစဉ်ထားကြောင်း ကာဇက် သမ္မတ Kassym-Jomart Tokayev က အောက်တိုဘာ ၁၈ ရက်၌ ပြောကြားခဲ့သည်။

“ကာဇက်စတန်နိုင်ငံနဲ့ တရုတ်နိုင်ငံ ပြည်သူတွေရဲ့ အခြေခံအကျိုးစီးပွား၊ ချစ်ကြည်ရင်းနှီးမှု စိတ်ဓာတ်နဲ့ မဟာဗျူဟာမြောက် ထာဝရမိတ်ဖက်ဆက်ဆံရေးကို အခြေခံပြီး မိမိတို့နိုင်ငံဟာ ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်၏ မြင့်မားတဲ့ ပန်းတိုင်တွေ ထပ်မံမြှင့်တင်ဖို့ အခိုင်အမာကတိပြုပါတယ်” ဟု တတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရပ်ဝန်းနှင့် ပိုးလမ်းမဖိုရမ် ဖွင့်ပွဲအခမ်းအနား၌ Tokayev က ပြောခဲ့သည်။

“သုံးနှစ်အတွင်း ရထားသံလမ်းအသစ် ၁,၃၀၀ ကီလိုမီတာ လမ်းခင်းဖို့ စီစဉ်ထားပါတယ်။ မိမိတို့အနေနဲ့ ကာဇက်-တရုတ် နယ်စပ်ဖြတ်ကျော် တတိယမြောက်ရထားလမ်း ဖွင့်လှစ်ဖို့ရှိပြီး ကုန်းတွင်းဆိပ်ကမ်းအသစ်တွေလည်း တည်ဆောက်သွားမှာပါ” ဟု Tokayev က ဆိုသည်။

“ဒါတွေအားလုံးက (ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်နဲ့အတူ) ကာဇက်စတန်မှာရှိတဲ့ အဓိက ပူးတွဲစီးပွားရေးစီမံကိန်းတွေရဲ့ စစ်မှန်တဲ့သာဓကတွေပါပဲ” ဟု ကာဇက်သမ္မတက ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
(BRF2023) Kazakhstan to build 1,300 km of railway in synergy with Belt and Road Initiative, says president
BEIJING, Oct. 18 (Xinhua) — Kazakh President Kassym-Jomart Tokayev said here Wednesday that Kazakhstan plans to build 1,300 km of new railways in the next three years in synergy with the Belt and Road Initiative.
“Following the fundamental interests of the people of Kazakhstan and China, the spirit of friendship and eternal strategic partnership, our country is firmly committed to further promoting the high goals of the Belt and Road Initiative,” Tokayev said at the opening of the third Belt and Road Forum for International Cooperation.
“Within three years, we plan to build 1,300 km of new railway tracks. We are going to open a third railway border crossing on the Kazakh-Chinese border, as well as build new dry ports,” Tokayev said.
“All of these are real examples of the coupling of major economic projects in Kazakhstan” with the Belt and Road Initiative, the president added.
Photo: Chinese President Xi Jinping meets with Kazakh President Kassym-Jomart Tokayev at the Great Hall of the People in Beijing, capital of China, Oct. 17, 2023. (Xinhua/Yao Dawei)