Connect with us

Asia

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း တရားဝင်စတင် လည်ပတ်ပြီဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒို ကြေညာ

အင်ဒိုနီးရှားနိုင်ငံ Purwakarta မြို့တွင် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းပေါ် ပြေးဆွဲနေသည့် ကျည်ဆန်ရထားတစ်စင်းအား ၂၀၂၃ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း တရားဝင်စတင် လည်ပတ်ပြီဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒိုက မြို့တော်ဂျကာတာရှိ Halim ဘူတာရုံတွင် အောက်တိုဘာ ၂ ရက် နံနက်ပိုင်းက ကြေညာခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ Halim ဘူတာရုံတွင် ရထားဝန်ထမ်းများအား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ Halim ဘူတာရုံတွင် ရထားဝန်ထမ်းများက ခရီးသည်များအား ကြိုဆိုနေသည်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်းသည် အင်ဒိုနီးရှားနှင့် အရှေ့တောင်အာရှ၏ ပထမဆုံး မြန်နှုန်းမြင့် ရထားလမ်း ဖြစ်ပြီး တစ်နာရီလျှင် ၃၅၀ ကီလိုမီတာအမြန်နှုန်း ပြေးဆွဲနိုင်ရာ အင်ဒိုနီးရှား သယ်ယူပို့ဆောင်ရေးလုပ်ငန်း နောက်ထပ်တစ်ဆင့် ခေတ်မီအသွင်ပြောင်းခြင်း၏ အမှတ်သညာ ဖြစ်ကြောင်း ဂျိုကို ဝီဒိုဒိုက ပြောကြားခဲ့သည်။ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းတွင် အသုံးပြုသည့် နည်းပညာနှင့် အမြန်နှုန်း စသည်တို့မှာ အင်ဒိုနီးရှားနိုင်ငံ ပြည်သူလူထုအတွက် အသစ်အဆန်းဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။

ရထားလမ်း စတင်လည်ပတ်ခြင်း အခမ်းအနားကို အင်ဒိုနီးရှားနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ China Railway International Group ၊ PT Kereta Cepat Indonesia-China (KCIC) တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
အင်ဒိုနီးရှားနိုင်ငံ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက PT Kereta Cepat Indonesia-China (KCIC) ကို စက်တင်ဘာ ၂၉ ရက်တွင် လုပ်ငန်းလည်ပတ်ခွင့်လိုင်စင် ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့် ရထားလမ်းသည် တရုတ်နိုင်ငံ၏ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူလက်တွဲ တည်ဆောက်ရေး အဆိုပြုချက်(BRI) နှင့် အင်ဒိုနီးရှားနိုင်ငံ၏ “Global Maritime Fulcrum” ရည်မှန်းချက်ကို ချိတ်ဆက်ထားခြင်း ဖြစ်ပြီး တရုတ်-အင်ဒိုနီးရှား နှစ်နိုင်ငံ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု ပြယုဂ်စီမံကိန်း ဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော် ဂျကာတာနှင့် စတုတ္ထအကြီးဆုံးမြို့ဖြစ်သည့် ဘန်ဒေါင်းကို ဆက်သွယ်ထားသည့် အဆိုပါရထားလမ်း၏ စုစုပေါင်းအရှည်သည် ၁၄၂ ကီလိုမီတာရှိပြီး တရုတ်နိုင်ငံ၏ မြန်နှုန်းမြင့်ရထားလမ်း စနစ်၊ အချက်အလက်နှင့် လုပ်ငန်းကွင်းဆက်တစ်ခုလုံးကို ပထမဆုံးပြည်ပတွင် ဖော်ဆောင်ခြင်း ဖြစ်သည်။ (Xinhua)

………………………………
(Chinese Version)
印尼总统佐科宣布雅万高铁正式启用
新华社雅加达10月2日电(记者余谦梁 汪奥娜)印度尼西亚总统佐科2日上午在印尼首都雅加达哈利姆高铁站宣布雅万高铁正式启用。
佐科说,雅万高铁是印尼和东南亚第一条高速铁路,时速可达每小时350公里,是印尼运输业进一步现代化的标志。佐科说,雅万高铁所使用的技术、达到的速度等对印尼民众来说都是“崭新的”。
中国驻印尼大使馆、中国铁路国际有限公司、印尼中国高速铁路有限公司等单位负责人参加了启用仪式。
9月29日,印尼交通部向印尼中国高速铁路有限公司颁发了运营许可。
雅万高铁是中国共建“一带一路”倡议和印尼“全球海洋支点”构想对接、中印尼两国务实合作的标志性项目,连接印尼首都雅加达和第四大城市万隆,全长142公里,是中国高铁首次全系统、全要素、全产业链在海外落地。
1. 这是9月30日在印度尼西亚普哇加达拍摄的一列行驶中的雅万高铁高速动车组(无人机照片)。
2. 10月2日,在印度尼西亚雅加达哈利姆高铁站,乘务人员准备前往站台。
3. 10月2日,在印度尼西亚雅加达哈利姆车站,乘务人员欢迎乘客和嘉宾。