Connect with us

Asia

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းက ဒေသတွင်း စီးပွားရေးတိုးတက်မှု အရှိန်အဟုန်ကို မြှင့်တင်ပေး

အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒိုအား Halim ဘူတာရုံ၌ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂ ရက်က ကျင်းပသည့် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းဖွင့်ပွဲအခမ်းအနားတွင် တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံတွင် ၈ နှစ်ကြာ တည်ဆောက်ခဲ့သည့် မြန်နှုန်းမြင့်ရထားလမ်းသည် ယခုအခါ တရားဝင် လည်ပတ်နေပြီ ဖြစ်သည်။ တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံ ပူးပေါင်းတည်ဆောက်သည့် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းသည် တရုတ်-အင်ဒိုနီးရှား နှစ်နိုင်ငံ လက်တွေ့ ပူးပေါင်းဆောင်ရွက်မှု၏ ပြယုဂ်စီမံကိန်း ဖြစ်သလို အင်ဒိုနီးရှားပြည်သူများ၏ သာယာလှပသောနေထိုင်မှုဘဝ မျှော်မှန်းချက်များကို ဆောင်ကြဉ်းပေးလျက်ရှိသည်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ Halim ဘူတာရုံတွင် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားအား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းသည် အင်ဒိုနီးရှားနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်ပေးသလို ဒေသတွင်း စီးပွားရေး တစ်ဟုန်တိုး တိုးတက်ရေး အိပ်မက်ဆီသို့ ပျံသန်းရာ အတောင်ပံလည်း ဖြစ်သည်။

အဆိုပါ ရထားလမ်းသည် အင်ဒိုနီးရှားနှင့် အရှေ့တောင်အာရှ၏ ပထမဦးဆုံးသော မြန်နှုန်းမြင့်ရထားလမ်း ဖြစ်ပြီး တရုတ်-အင်ဒိုနီးရှား နှစ်နိုင်ငံ အထူးအလေးထားသည့် “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူလက်တွဲတည်ဆောက်ရေး၏ အထင်ကရ စီမံကိန်းဖြစ်သလို နိုင်ငံတကာမျက်နှာစာတွင် ပထမဦးဆုံးသော အစိုးရဦးဆောင်၍ နှစ်နိုင်ငံ ကုမ္ပဏီလုပ်ငန်း၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် တည်ဆောက်၊ စီမံခန့်ခွဲသည့် မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်း ဖြစ်သည်။

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း တည်ဆောက်ပြီးစီးခြင်းသည် အင်ဒိုနီးရှား ပြည်သူများအတွက် လက်တွေ့ အကျိုးစီးပွားများကို ဆောင်ကြဉ်းပေးမည် ဖြစ်ပြီး တိုက်ရိုက်အကျိုးခံစားမှုအနေဖြင့် ပို၍ လွယ်ကူ လျင်မြန်စွာ ခရီးသွားလာနိုင်သည့်အနေအထားကို ဖန်တီးနိုင်ခြင်းဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာနှင့် ခရီးသွားနာမည်ကျော်မြို့ဖြစ်သည့် ဘန်ဒေါင်းမြို့အကြား သွားလာချိန်သည် ၃ နာရီကျော်ကြာမြင့်ရာမှ မိနစ် ၄၀ ကျော်အထိ လျှော့ချနိုင်ခဲ့ရာ မြို့နှစ်မြို့အကြား လမ်းပန်းဆက်သွယ်ရေးသွားလာမှု ဝန်ဖိအားကို ထိရောက်စွာ လျှော့ချပေးနိုင်ခဲ့သည်။ အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီဒိုဒို ဆိုသကဲ့သို့ပင် ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းတွင် အသုံးပြုသည့် နည်းပညာနှင့် အမြန်နှုန်းသည် အင်ဒိုနီးရှားပြည်သူလူထုအတွက်ဆိုလျှင် “အသစ်အဆန်း” ဖြစ်သည်။ မြန်နှုန်းမြင့်ရထားလမ်း တရားဝင် စတင်လည်ပတ်ခြင်းသည် ယင်းဒေသ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကို တစ်ဆင့်တိုး ကောင်းမွန်စေမည် ဖြစ်သလို အလုပ်အကိုင်အခွင့်အလမ်းတိုးလာမည် ဖြစ်ရာ လမ်းကြောင်းတစ်လျှောက် စီးပွားရေးနှင့်ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အားဖြည့်ပေးနိုင်မည် ဖြစ်သည်။

တိုးတက်မှုစမှတ်သစ်များနှင့်အတူ မြန်နှုန်းမြင့်ရထားလမ်း စီးပွားရေးစင်္ကြံ ဖြစ်တည်မှုကို အရှိန်အဟုန်မြှင့်ပုံဖော်၍ အင်ဒိုနီးရှားပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်ရေးလမ်း၊ လူနေမှုဘဝတိုးတက်ဖွံ့ဖြိုးရေးလမ်း၊ ဘုံအကျိုးဖြစ်ထွန်းသည့်လမ်းကို ဘက်စုံဖော်ဆောင်မည့် လမ်းကြောင်း ဖြစ်သည်။

ယခုနှစ်များတွင် တရုတ်နိုင်ငံ၏ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူလက်တွဲ တည်ဆောက်ရေး အဆိုပြုချက်(BRI) နှင့် အင်ဒိုနီးရှားနိုင်ငံ၏ “Global Maritime Fulcrum” ရည်မှန်းချက် ဘက်စုံ ချိတ်ဆက်မှုများ ရှိလာခြင်းနှင့်အတူ တရုတ်-အင်ဒိုနီးရှား ကုန်သွယ်စီးပွားပူးပေါင်းဆောင်ရွက်မှုသည် အောင်မြင်မှုရလဒ်များစွာ ရရှိခဲ့ပြီး နှစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာချိတ်ဆက်ခြင်း၏ “ဟန်ချက်ညီမှု” က သိသာထင်ရှားခဲ့သည်။ တရုတ်နိုင်ငံသည် ၁၀ နှစ်ဆက်တိုက် အင်ဒိုနီးရှားနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်ခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် တရုတ်-အင်ဒိုနီးရှား နှစ်ဖက်ကုန်သွယ်ရေး ပမာဏသည် အမေရိကန် ဒေါ်လာ ၁၄၉.၄ ဘီလီယံ ရှိသည်။

“ဒေသတွင်း ဘက်စုံ စီးပွားရေး စင်္ကြံ” ၊ “နှစ်နိုင်ငံ ဥယျာဉ် နှစ်ခု” စသည့် အဓိက စီမံကိန်းများ တည်ဆောက်မှုကို ဆက်လက်တွန်းအားပေးခြင်း၊ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အရည်အသွေးမြင့် တည်ဆောက်ရေး စံနမူနာသစ် ဖန်တီးခြင်းများ ဆောင်ရွက်မည့် တစ်ချိန်တည်းတွင်ပင် ကုန်သွယ်စီးပွား ပူးပေါင်းဆောင်ရွက်မှုများ ဆက်တိုက် အဆင့်မြှင့်တင်၍ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်ရေးမှာ နှစ်နိုင်ငံ “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူလက်တွဲတည်ဆောက်ရေး၊ အတူဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းရာတွင် ရရှိပြီးသော မူဝါဒသဘောတူညီမှုများ ဖြစ်သည်။

ယခုနှစ်သည် “ရပ်ဝန်းနှင့်ပိုးလမ်းမ” အဆိုပြုချက် ၁၀ နှစ်ပြည့်အခါသမယ ဖြစ်သည်။ ၁၀ နှစ်ကြာကာလတွင် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အတူလက်တွဲတည်ဆောက်ရေး အဆိုပြုချက်သည် အရှေ့တောင်အာရှနိုင်ငံများတွင် အခြေတည်၍ အောင်မြင်မှုအသီးအပွင့်များ ရရှိခဲ့သည်။ အထင်ကရစီမံကိန်းများ ဖြစ်သည့် တရုတ်-လာအို ရထားလမ်းက လာအိုနိုင်ငံ၏ “ကုန်းတွင်းချိတ်ဆက်နိုင်ငံ” ၏အိပ်မက်ကို ဖော်ဆောင်နိုင်ခြင်း၊ Phnom Penh-Sihanoukville အမြန်လမ်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ “အမြန်လမ်းခေတ်”ကို လျှောက်လှမ်းနိုင်ခြင်း၊ နိုင်ငံတကာ ကုန်လမ်း-ပင်လယ်ရေကြောင်းလမ်း ကုန်သွယ်ရေးလမ်းကြောင်းသစ်က ဒေသဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှု ရွှေရောင်လမ်းကို ဖောက်လုပ်နိုင်ခြင်းတို့သည်တရုတ်နိုင်ငံနှင့်ဒေသတွင်းနိုင်ငံများ၏ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူလက်တွဲတည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှုများပင် ဖြစ်ပြီး ဒေသတွင်းပြည်သူများအတွက် လက်တွေ့အကျိုးစီးပွားကို ဆောင်ကြဉ်းပေး၍ ဒေသပေါင်းစည်းရေးအတွက် ခိုင်မာသည့်အုတ်မြစ်ကို တစ်ဆင့်တိုး တည်ဆောက်နိုင်ခဲ့သည်။ (Xinhua)

………………………………
(Chinese Version)
雅万高铁为地区经济发展“提速”
新华社雅加达10月3日电(记者林昊)历时8年建设,如今正式启用!中国和印度尼西亚合作建设的雅加达至万隆高速铁路,是中印尼两国务实合作的标志性项目,承载着印尼人民对美好生活的期盼。雅万高铁为印尼经济发展带来加速度,为地区经济腾飞插上“梦的翅膀”。
雅万高铁是印尼和东南亚第一条高速铁路,是中印尼两国高度关注的共建“一带一路”旗舰项目,是国际上首个由政府主导搭台、两国企业合作建设和管理的高铁项目。
雅万高铁的建成将为印尼人民带来实实在在的利益,最直接的好处就是创造更加便捷的出行条件。印尼首都雅加达和旅游名城万隆的通行时间从3个多小时缩短至40多分钟,将有效缓解两地通勤交通压力。正如印尼总统佐科所说,雅万高铁所使用的技术、达到的速度等对印尼民众来说都是“崭新的”。高铁正式启用将进一步优化当地投资环境、增加就业机会,有力带动沿线商业开发和旅游发展,甚至形成新的增长点,加快形成高铁经济走廊,成为一条全面服务于印尼人民的发展之路、民生之路、共赢之路。
近年来,随着共建“一带一路”倡议与印尼“全球海洋支点”构想的全面对接,中印尼经贸合作取得了丰硕成果,中印尼两国发展战略对接的“协同效应”日益凸显。中国已连续10年成为印尼最大贸易伙伴。2022年,中印尼双边贸易额达1494亿美元。继续推进“区域综合经济走廊”“两国双园”等重点项目建设,打造高质量共建“一带一路”新标杆,同时持续提升经贸投资合作水平,拓展多领域合作,已经成为两国共建“一带一路”、谋求共同发展的政策共识。
今年是“一带一路”倡议提出10周年。10年来,共建“一带一路”倡议在东盟国家落地生根、开花结果。一个个标志性工程相继建成:中老铁路助力老挝实现“陆联国”梦想,金港高速公路引领柬埔寨迈入“高速公路时代”,国际陆海贸易新通道打通了跨区域合作黄金大通道……中国与地区国家高质量共建“一带一路”合作,给地区人民带来实实在在的利益,为下一步区域一体化打下了坚实基础。
1. 10月2日,在印度尼西亚雅加达哈利姆高铁站,印尼总统佐科(前)在雅万高铁启用仪式上按下启用键。
2. 10月2日,在印度尼西亚雅加达哈利姆高铁站,雅万高铁高速动车组停靠在站台上。