Connect with us

Africa & Middle East

အစ္စရေးနိုင်ငံစစ်တပ်က ဂါဇာအလယ်ပိုင်းဒေသကို လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အနည်းဆုံး လူပေါင်း ၁၅ ဦး သေဆုံး

ဂါဇာဒေသတောင်ပိုင်း ခန်ယွန်းနစ်မြို့ကို အစ္စရေးနိုင်ငံ မှ လေကြောင်း တိုက်ခိုက်မှု ဆောင်ရွက်ပြီးနောက် မီးလောင်ကျွမ်းနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂါဇာ၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံစစ်တပ်သည် ဂါဇာဒေသအလယ်ပိုင်း Deir aI BaIah မြို့ရှိ နေအိမ်တစ်အိမ်အား လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုဆောင်ရွက်ခဲ့ရာတွင် အနည်းဆုံးပါလက်စတိုင်းဂါဇာဒေသရှိ သတင်းပေးပို့သူတစ်ဦးက ဇန်နဝါရီ ၁ ရက်၌ ဆင်ဟွာသတင်းဌာန၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားခဲ့လူ ၁၅ ဦးသေဆုံးသွားခဲ့ကြောင်း ပါလက်စတိုင်းဂါဇာဒေသရှိ သတင်းပေးပို့သူ တစ်ဦးက ဇန်နဝါရီ ၁ ရက်၌ ဆင်ဟွာသတင်းဌာန၏ မေးမြန်းမှုအား ပြန်လည်ဖြေကြားခဲ့သည်။

သတင်းပေးပို့ချက်များအရလည်း အစ္စရေးနိုင်ငံ ဗုံးကြဲတိုက်ခိုက်မှုဆောင်ရွက်စဉ်အချိန်တွင် ထိုနေအိမ်၌ အိုးအိမ်မဲ့နေထိုင်သူအများအပြားရှိကြောင်းသိရသည်။ လက်ရှိချိန်တွင် လူအမြောက်အမြားသည် ပြိုလဲနေသည့် အဆောက်အဦးတွင် ပိတ်မိလျက်ရှိပြီးကယ်ဆယ်၍ မရနိုင်ဖြစ်နေကြောင်းသိရသည်။

ထို့ပြင်ပါလက်စတိုင်းသတင်းဌာန၏ ဇန်နဝါရီ ၁ ရက် သတင်းထုတ်ပြန်ချက်အရ အစ္စရေးနိုင်ငံစစ်တပ်သည် ထိုနေ့နံနက်ပိုင်းအချိန်တွင်ဂါဇာဒေသတောင်ပိုင်းရှိ ခန်ယွန်းနစ် ကိုအဆက်မပြတ်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူပေါင်းအနည်းဆုံး ၉ ဦးသေဆုံးခဲ့ကြောင်းသိရှိရသည်။

ဂါဇာဒေသကျန်းမာရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၁ ရက် ထုတ်ပြန်ချက်အရ အစ္စရေးနိုင်ငံအနေဖြင့် လွန်ခဲ့သည့် ၂၄ အတွင်း ဂါဇာဒေသအပေါ် ဗုံးကြဲတိုက်ခိုက်မှုဆောင်ရွက်ခဲ့ရာ လူပေါင်းအနည်းဆုံး ၁၅၆ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ ၂၀၂၃ ခုနှစ်အောက်တိုဘာ ၇ ရက် မှ စတင်ခဲ့သည့် အသစ်တစ်ဖန် တိုက်ခိုက်မှုများ စတင်ခဲ့လာပြီးနောက်တွင် ဂါဇာဒေသအတွင်း စစ်ဆင်ရေးဆောင်ရွက်မှုများကြောင့် လူပေါင်း ၂၁,၉၀၀ ကျော်သေဆုံးခဲ့ရပြီး လူပေါင်း ၅၆,၀၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်။(Xinhua)

………………………………..
(Chinese Version)
以军空袭加沙地带中部至少15人死亡
新华社加沙1月1日电(记者柳伟建)巴勒斯坦加沙地带消息人士1日在接受新华社记者采访时说,以色列军队当天空袭加沙地带中部城市代尔拜拉赫一处住宅,造成至少15人死亡。
该消息人士说,以军空袭时住宅内有大量无家可归者。目前仍有不少人被埋在废墟下无法得到救援。
另据巴勒斯坦通讯社1日报道,以军当天早上起对加沙地带南部城市汗尤尼斯进行持续轰炸,已造成至少9人死亡。
加沙地带卫生部门1日发表声明说,以军过去24小时对加沙地带的袭击共造成156人死亡。自2023年10月7日巴以新一轮冲突爆发以来,以军在加沙地带的军事行动已造成超过2.19万人死亡、5.6万余人受伤。(完)