Connect with us

Media

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒို တွေ့ဆုံဆွေးနွေး

ချိန်တူး၊ ဇူလိုင် ၂၉ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံသို့လာရောက်လည်ပတ်၍ ၃၁ ကြိမ်မြောက် ကမ္ဘာ့ တက္ကသိုလ် နွေရာသီ အားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည့် အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒိုကို ဇူလိုင် ၂၇ ရက် ညနေပိုင်းက ချိန်တူးမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် သမ္မတ ရှီကျင့်ဖိန်က ပြီးခဲ့သည့်နှစ်က မိမိနှင့် သမ္မတ ဂျိုကို ဝီဒိုဒိုတို့သည် နှစ်နိုင်ငံ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး ကဏ္ဍသစ်ကို ဖွင့်လှစ်ခဲ့ကြောင်း ၊ နိုင်ငံ၏ ခေတ်မီအသွင်ပြောင်းရေးနှင့် အမျိုးသားပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းကို ဖော်ဆောင်ရာ၌ တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့ အမြင်ချင်း တူညီကြသလို အပြန်အလှန်အားဖြင့် ဖွံ့ဖြိုးရေးအခွင့်အလမ်းများ ဖြစ်ကြရာ စိတ်သဘောထားချင်းတိုက်ဆိုင်၍ရည်ရွက်ချက်ချင်းတူညီကြသော မိတ်ဖက်ကောင်းများ ဖြစ်ကြကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တည်ဆောက်သည့် ၁၀ နှစ်ပြည့် အခါသမယ ဖြစ်သည့် ယခုနှစ်တွင် တရုတ်နိုင်ငံက အင်ဒိုနီးရှားနိုင်ငံနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းစွာ ဆောင်ရွက်သွားလိုကြောင်း၊ ဒေသနှင့်ကမ္ဘာအတွက် ပိုမို တည်ငြိမ်မှုနှင့် အပြုသဘော စွမ်းအားများကို ဖြည့်တင်းသွားမည် ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ သမ္မတ ဂျိုကို ဝီဒိုဒိုက ပြီးခဲ့သည့်နှစ် ဘာလီကျွန်းတွင် မိမိနှင့် သမ္မတ ရှီကျင့်ဖိန် တွေ့ဆုံခဲ့ရာတွင် နှစ်နိုင်ငံ ဆက်ဆံရေး လက်တွေ့တိုးတက်မှုများ ထပ်မံရရှိခဲ့ကြောင်း ၊ ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းသည် သတ်မှတ်ထားသည့်အတိုင်း ယခုနှစ် ဩဂုတ်လတွင် ဖွင့်လှစ်တော့မည် ဖြစ်သလို တရုတ်နိုင်ငံမှ တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသော အင်ဒိုနီးရှားနိုင်ငံ မြို့တော်သစ် တည်ဆောက်ရေးနှင့် မြောက်ကာလီမန်တန် စက်မှုဥယျာဉ်ဖွံ့ဖြိုးတိုးတက်ရေး စသည့် မဟာဗျူဟာမြောက် စီမံကိန်းများသည်လည်း အဆင်ပြေချောမွေ့စွာ တိုးတက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံအနေဖြင့် တရုတ် တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မာစွာ ကျင့်သုံးပြီး တရုတ်နိုင်ငံနှင့်အတူ ရင်းနှီးမြှုပ်နှံမှု၊ ပင်လယ်ငါးဖမ်းလုပ်ငန်း၊ စားနပ်ရိက္ခာဖူလုံရေး၊ ကျန်းမာရေး စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း၊ နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို တစ်ဆင့်တိုးမြှင့်သွားလိုကြောင်း၊ သမ္မတ ရှီကျင့်ဖိန် အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်(GDI)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက် (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအဆိုပြုချက်(GCI)သည် ပွင့်လင်းမှုနှင့်အားလုံးပါဝင်မှုရှိရာ အင်ဒိုနီးရှားနိုင်ငံအနေဖြင့် တက်ကြွစွာ ထောက်ခံပါကြောင်း၊ တရုတ်နိုင်ငံက အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှားနိုင်ငံ၏ ဆောင်ရွက်မှုနှင့် ဒေသတွင်းမူဘောင်တွင် အာဆီယံဗဟိုပြုမှုကို အားပေးထောက်ခံသည့်အတွက် ကျေးဇူးတင်ကြောင်း၊ အင်ဒိုနီးရှားနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ မဟာဗျူဟာ ဆွေးနွေးညှိနှိုင်းမှုများကို အနီးကပ်ထားရှိပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ ကာကွယ်စောင့်ရှောက်သွားလိုကြောင်း ပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံ ခေါင်းဆောင်များက လယ်ယာထွက်ကုန် ပစ္စည်းများ တရုတ်နိုင်ငံသို့ တင်ပို့ခြင်း၊ ကျန်းမာရေးကဏ္ဍ၊ ပူးတွဲသုတေသနပြုကဏ္ဍများ၊ အင်ဒိုနီးရှားနိုင်ငံ မြို့တော်သစ် ၊ တရုတ်-အင်ဒိုနီးရှား “နှစ်နိုင်ငံ ဥယျာဉ်နှစ်ခု ”တည်ဆောက်ရေး စသည့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းဆိုင်ရာ သဘောတူလက်မှတ်ရေးထိုးခြင်းအား သက်သေပြုခဲ့ကြသည်။ (Xinhua)

………………………………..
(Chinese Version)
(成都大运会)习近平会见印度尼西亚总统佐科
新华社成都7月27日电(记者杨依军、董小红)7月27日下午,国家主席习近平在成都会见来华出席第31届世界大学生夏季运动会开幕式并访华的印度尼西亚总统佐科。
习近平指出,去年,我同佐科总统共同开启两国共建命运共同体的新篇章。在实现国家现代化和民族复兴道路上,中国和印尼理念高度契合、互为发展机遇,是志同道合的同路人、好伙伴。中方愿以今年两国建立全面战略伙伴关系10周年为契机,同印尼深化战略合作,打造发展中国家命运与共、团结合作、共促发展的典范,为地区和世界注入更多确定性和正能量。
佐科表示,去年我在巴厘岛接待习近平主席访问以来,两国关系又取得很多实质进展。雅万高铁将于今年8月按期通车,中方积极参与的印尼新首都建设和北加里曼丹工业园开发等战略性项目进展顺利。印尼坚定奉行一个中国政策,愿同中方继续加强投资、海洋渔业、粮食安全、医疗卫生等方面合作,进一步促进两国全面战略伙伴关系发展。习近平主席提出的全球发展倡议、全球安全倡议、全球文明倡议是开放包容的,印尼积极支持。感谢中方支持印尼担任东盟轮值主席国工作,支持维护东盟在地区架构中的中心地位。印尼愿和中方密切战略沟通,共同维护地区和平稳定与发展繁荣。
会见后,两国元首共同见证签署农产品输华、卫生、联合研发以及印尼新首都、中印尼“两国双园”建设等多项双边合作文件。