Connect with us

Social, Education & Health

တရုတ်နိုင်ငံ၌ အမျိုးသားနေ့ အားလပ်ရက်အတွင်း ပြည်တွင်းခရီးသွား ၅၁၅ သန်းထိ ရှိခဲ့

ပေကျင်း ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ အမျိုးသားနေ့အားလပ်ရက် (ခုနှစ်ရက်တာ) ကာလအတွင်း ပြည်တွင်းခရီးသွား စုစုပေါင်း ၅၁၅ သန်းအထိ ရှိခဲ့ကြောင်း ယဉ်ကျေးမှု နှင့် ခရီးသွား ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက် အရ သိရသည်။ယင်းပမာဏမှာ COVID-19 ကပ်ရောဂါမဖြစ်ပွားမီက ယင်းပိတ်ရက်ကာလ(အောက်တိုဘာ ၁ ရက်မှ ၇ ရက်အထိ) သွားလာခဲ့ကြသည့် ခရီးသွားအရေအတွက်၏ ၇၀.၁ ရာခိုင်နှုန်းဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်နိုင်ငံ၌ ယခုနှစ် အမျိုးသားနေ့အားလပ်ရက်ကာလအတွင်း နိုင်ငံ၏ ခရီးသွားနေရာများ၌ ပြည်တွင်းခရီးသွားများဖြင့် စည်ကားနေသည်ကိုတွေ့စဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ ယခုနှစ် အမျိုးသားနေ့အားလပ်ရက်ကာလအတွင်း နိုင်ငံ၏ ခရီးသွားနေရာများ၌ ပြည်တွင်းခရီးသွားများဖြင့် စည်ကားနေသည်ကိုတွေ့စဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ ယခုနှစ် အမျိုးသားနေ့အားလပ်ရက်ကာလအတွင်း နိုင်ငံ၏ ခရီးသွားနေရာများ၌ ပြည်တွင်းခရီးသွားများဖြင့် စည်ကားနေသည်ကိုတွေ့စဉ်(ဆင်ဟွာ)

ခရီးသွားလုပ်ငန်း ဝင်ငွေမှာ တရုတ်ယွမ် ၃၈၉.၀၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၆၀.၃၈ ဘီလီယံ) ထိ ရရှိခဲ့ရာ ကပ်ရောဂါမတိုင်မီက ယင်းပိတ်ရက်ကာလအတွင်းရရှိခဲ့သော ဝင်ငွေ၏ ၅၉.၉ ရာခိုင်နှုန်းဖြစ်ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

တရုတ်နိုင်ငံက အောက်တိုဘာ ၁ ရက်တွင် ကျရောက်သော အမျိုးသားနေ့အောင်ပွဲကို နှစ်စဉ် စည်ကားသိုက်မြိုက်စွာ ဆင်နွှဲကြကြောင်း သိရသည်။ (Xinhua)

————————————————-
(English Version)

China sees 515 million domestic tourist trips during holiday

BEIJING, Oct. 7 (Xinhua) — China saw a total of 515 million domestic tourist trips made during the seven-day National Day holiday, according to the Ministry of Culture and Tourism.
The figure was 70.1 percent of trips made during the same period before the COVID-19 epidemic, said the ministry.

Tourism revenue reached 389.06 billion yuan (about 60.38 billion U.S. dollars), a recovery of 59.9 percent of the revenue gained in the same period before the epidemic, the ministry said.
China celebrates its National Day on Oct. 1. Enditem