Connect with us

Africa & Middle East

စီးပွားရေး ကျပ်တည်းလာစဉ် အစ္စရေး၌ အလုပ်လုပ်ခွင့်ရရန် ပါလက်စတိုင်းဆင်းရဲသား ထောင်ပေါင်းများစွာ အလုအယက်လျှောက်ထား

ဂါဇာ ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ)

ပါလက်စတိုင်း အလုပ်သမားထောင်ပေါင်းများစွာသည် အစ္စရေးတွင် အလုပ်လုပ်ခွင့် ပါမစ်လျှောက်ထားရန်အတွက် ဂါဇာမြို့ရှိ ကုန်သည်ကြီးများအသင်းရုံးချုပ်ရှေ့၌ အောက်တိုဘာ ၇ ရက်တွင် ဒုတိယမြောက်နေ့အဖြစ် စုရုံးရောက်ရှိခဲ့ကြကြောင်း သိရသည်။ဆင်းရဲနွမ်းပါးမှုဒဏ်အများဆုံးခံစားနေရသည့် ပါလက်စတိုင်းများက ဝမ်းရေးဖြည့်ဆည်းရန်အတွက် အစ္စရေး၌ အလုပ်လုပ်ကိုင်လိုသည့် ၎င်းတို့၏အသံများကို ဖွင့်ဟရန် ဤနေရာ(ကုန်သည်ကြီးများအသင်းရုံးချုပ်ရှေ့)သို့ရောက်ရှိနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

အစ္စရေးတွင် အလုပ်လုပ်ခွင့်ပါမစ်လျှောက်ထားရန် ဂါဇာရှိ ကုန်သည်ကြီးများအသင်းရုံးချုပ်ရှေ့၌ လျှောက်လွှာတင်သွင်းနေကြသော ပါလက်စတိုင်းအလုပ်သမားများအားတွေ့ရစဉ်(ဆင်ဟွာ)

လူပေါင်း ၂ သန်းကျော်နေထိုင်သည့် ဂါဇာကမ်းမြောင်မြို့လေးအား ဟားမက်စ်တို့ထိန်းချုပ်လိုက်ပြီးနောက် ၂၀၀၇ ခုနှစ်တွင် အစ္စရေးက ယင်းမြို့အားပိတ်ဆို့မှုပြုလုပ်ခဲ့သည်။ယင်းပိတ်ဆို့မှုကြောင့် ဂါဇာကမ်းမြောင်ဒေသတွင် စီးပွားရေးအခြေအနေ ပိုမို ဆိုးရွားကျပ်တည်းလာခဲ့ရသည်။

အစ္စရေးတွင် အလုပ်လုပ်ခွင့်ပါမစ်လျှောက်ထားရန် ဂါဇာရှိ ကုန်သည်ကြီးများအသင်းရုံးချုပ်ရှေ့၌ လျှောက်လွှာတင်သွင်းနေကြသော ပါလက်စတိုင်းအလုပ်သမားများအားတွေ့ရစဉ်(ဆင်ဟွာ)

ဂါဇာဒေသခံများထဲတွင် ဆင်းရဲနွမ်းပါးမှု ပမာဏသည် ၅၃ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပြီး အလွန့်အလွန် ဆိုးဆိုးရွားရွား ဆင်းရဲနွမ်းပါးမှုပမာဏမှာ ၃၃.၈ ရာခိုင်နှုန်း ရှိကြောင်း ပါလက်စတိုင်းဗဟိုစရင်းအင်းဗျူရိုမှ နောက်ဆုံးထုတ်ပြန်သော တရားဝင် ကိန်းဂဏန်းများအရ သိရသည်။

အစ္စရေးတွင် အလုပ်လုပ်ခွင့်ပါမစ်လျှောက်ထားရန် ဂါဇာရှိ ကုန်သည်ကြီးများအသင်းရုံးချုပ်ရှေ့၌ လျှောက်လွှာတင်သွင်းနေကြသော ပါလက်စတိုင်းအလုပ်သမားများအားတွေ့ရစဉ်(ဆင်ဟွာ)

“ကျွန်တော့်ကလေးတွေအတွက် ဘာအဝတ်အစားသစ်မှ မဝယ်ပေးနိုင်တာ သုံးနှစ်ကျော်လောက်ရှိနေပြီ”ဟု ဂါဇာဒေသခံ Mohammed al-Zaharna က ဆင်ဟွာသို့ပြောကြားခဲ့သည်။
အသက် ၃၈ နှစ်အရွယ်ရှိ ယာဉ်မောင်းတစ်ဦးဖြစ်သူ al-Zaharna သည် ၂၀၀၉ ခုနှစ်တွင် တက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီး ဇနီးဖြစ်သူမှာမူ ၂၀၁၀ ပြည့်နှစ်တွင် ဘွဲ့ရခဲ့ကြောင်း ၊ သို့သော်လည်း ၎င်းတို့မိသားစု စားဝတ်နေရေးအတွက် မည်သည့်အလုပ်အကိုင်မျှ မရှိကြောင်း ဆိုသည်။

ထို့ပြင် ဂါဇာမြို့မှ အသက် ၅၂ နှစ်အရွယ် လက်သမားဆရာတစ်ဦးဖြစ်သူ Moen Awwad က ၎င်းအနေဖြင့် လွန်ခဲ့သော ၁၇ နှစ်က အစ္စရေးနိုင်ငံ၌ အလုပ်လုပ်ခွင့်ရခဲ့သည်မှာ အလွန်တရာကံကောင်းကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။

အစ္စရေး၌ အလုပ်လုပ်စဉ် ရရှိခဲ့သော ဝင်ငွေဖြင့် လေးထပ်တိုက်အိမ်တစ်လုံးကို ဆောက်နိုင်ခဲ့ကြောင်း ကလေး၉ ယောက်ဖခင်ဖြစ်သူ Moen Awwad က ပြောကြားခဲ့သည်။
“ အဲဒီတုန်းက တစ်ရက်ကို အမေရိကန်ဒေါ်လာ ၁၂၀ လောက် ဝင်ငွေရှိတယ်။ ဒါပေမယ့် အခုတော့ တစ်လလုံးနေမှ ဒေါ်လာ ၂၀၀ လောက်ပဲ ဝင်ငွေရှိတော့တယ်” ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
၎င်းအနေဖြင့် အစ္စရေးသို့ တစ်ဖန်သွားရောက်ပြီး နောက်တစ်ကြိမ်ငွေရှာခွင့်ရရန် မျှော်လင့်ကြောင်း ၊ “ အစ္စရေးမှာ အလုပ်လုပ်လို့ရတဲ့ဝင်ငွေနဲ့ ကျွန်တော့်အဖေ ကျွန်တော့်ကို ပြည့်ပြည့်စုံစုံထားခဲ့သလိုမျိုး ကျွန်တော်လည်းအဲဒီမှာ အလုပ်လုပ်ပြီး ကျွန်တော့်သားအနာဂတ်အတွက် တည်ဆောက်ပေးဖို့ လိုအပ်ပါတယ်” ဟု ပြောကြားခဲ့သည်။

၂၀၀၅ ခုနှစ်မတိုင်ခင်က အစ္စရေးသည် အစ္စရေး နှင့် ပါလက်စတိုင်းအကြား ၁၉၉၄ ခုနှစ်တွင် ချုပ်ဆိုခဲ့သော ပါရီ-စီးပွားရေးသဘောတူစာချုပ်ကို အခြေခံ၍ ဂါဇာဒေသမှ အလုပ်သမားများကို အစ္စရေးနိုင်ငံအတွင်းရှိ မြို့ကြီးများတွင် အလုပ်လုပ်ကိုင်ရန် ခွင့်ပြုပေးခဲ့သည်။

ထိုစဉ်က အစ္စရေးတွင် အလုပ်လုပ်ကိုင်ခဲ့သော ဂါဇာဒေသခံ ၁၂,၀၀၀ ကျော်ရှိခဲ့ရာ ဂါဇာဒေသ၏ စီးပွားရေးအတွက် ၂၀ ရာခိုင်နှုန်းအထိ အကျိုးပြုခဲ့ကြောင်း ဂါဇာအခြေစိုက်စီးပွားရေးပညာရှင် Moen Rajab က ပြောကြားခဲ့သည်။
“ တကယ်လို့ အစ္စရေးက ပါလက်စတိုင်းတွေကို နောက်တစ်ဖန် အလုပ်လုပ်ခွင့်ပြန်ပေးမယ်ဆိုရင် ဒါဟာ နှစ်ဖက်စလုံးအတွက် အကျိုးရလဒ်ကို ဆောင်ကြဉ်းပေးနိုင်မှာဖြစ်ပါတယ်” ဟု Rajab က ဆိုသည်။ “ အစ္စရေးက အရည်အချင်းရှိတဲ့ အလုပ်သမားတွေကို လိုအပ်နေပါတယ်။ အဲဒါဟာ ဆင်းရဲနွမ်းပါးမှုက ရုန်းထွက်ပြီး ပိုမိုကောင်းမွန်တဲ့ လူမှုဘဝတစ်ခုရဖို့ ကြိုးပမ်းနေတဲ့ ပါလက်စတိုင်းတွေအတွက်လည်းပဲ အကျိုးရှိတာပေါ့” ။
ထိုသို့လုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ် ဂါဇာကမ်းမြောင်ဒေသ၌ ဈေးကွက်ထဲ ငွေကြေးစီးဆင်းမှုဖြစ်ပေါ်စေသလို ယင်းဒေသ စီးပွားရေးပြန်လည်နလံထူစေနိုင်မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။(Xinhua)

————————————————-
(English Version)

Poor Gazans seek permits to work in Israel amid deteriorating economy

GAZA, Oct. 7 (Xinhua) — Thousands of Palestinians gathered for the second day in a row in front of the headquarters of the Chamber of Commerce in the city of Gaza to apply for permits to work in Israel.
The Palestinians, most of whom suffer from poverty, said they went there to have their voices heard that they wanted to work in Israel to get out of poverty.

In 2007, Israel imposed a tight blockade on the coastal enclave, home to more than 2 million people, right after the Hamas forcibly seized it. The blockade has led to the deterioration of the economic situation in the Gaza Strip.

The poverty rate among the Gaza residents has risen to 53 percent, while the extreme poverty rate has reached 33.8 percent, according to the latest official statistics issued by the Palestinian Central Bureau of Statistics.

“For more than three years, I could not buy any clothes for my three kids,” Mohammed al-Zaharna, a resident from Gaza, told Xinhua.
The 38-year-old driver said he graduated from university in 2009 while his wife graduated in 2010, but they have not found any job to keep their family afloat.
Moen Awwad, a 52-year-old carpenter from Gaza, told Xinhua that he was lucky to work inside Israel 17 years ago.

The father of nine said he built his four-floor house with the money he earned in Israel. “I was taking about 120 U.S. dollars a day, but now I make about 200 U.S. dollars a month,” he added.
Awwad hopes he could return to Israel to make decent money again. “I need to build my sons’ future as my father did for us by working inside Israel,” he said.

Before 2005, Israel allowed the Gazan workers to work inside its cities based on the Paris economic protocol signed between the Israelis and the Palestinians in 1994.
More than 12,000 Gazans worked then in Israel, contributing about 20 percent of the economy in Gaza, according to Moen Rajab, a Gaza-based economist.
“If Israel allows workers to work inside it again, it will be a step that would achieve the interests of both sides,” Rajab said, noting that “Israel needs qualified workers and it will also help the Palestinians, who will be able to overcome poverty and get a decent life.”

He added that this will pump money into the markets in the Gaza Strip to achieve the economic recovery there.
Photos – Palestinian workers gather outside the headquarters of the Chamber of Commerce in the city of Gaza to apply for work permits in Israel, on Oct. 6, 2021. (Photo by Rizek Abdeljawad/Xinhua)