Connect with us

Europe

ဘရာဇီးနိုင်ငံ မြေပြိုမှုအတွင်း သေဆုံးသူ ၁၃၀ အထိရှိလာ

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးပြည်နယ် ပတ်ထရိုပိုလစ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီးနောက် ပျက်စီးနေသော သစ်ပင်များနှင့် မော်တော်ကားများ ပိတ်ဆို့နေသည်ကို ဖေဖော်ဝါရီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရာဇီးလီးယား၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ အရှေ့တောင်ပိုင်း ရီယိုဒီဂျရေးရိုးပြည်နယ်ရှိ ပတ်ထရိုပိုလစ်မြို့တွင် ရေကြီးရေလျှံမှုနှင့် ရွှံညွန်ပြိုကျမှုကြောင့် ဖေဖော်ဝါရီ ၁၈ အထိ သေဆုံးသူအရေအတွက်မှာ ၁၃၀ ဦးအထိရှိလာပြီဖြစ်ကြောင်း ဒေသခံအာဏာပိုင်များအရ သိရသည်။

ဖေဖော်ဝါရီ ၁၅ ရက်မှစ၍ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေလျှံခြင်းကြောင့် ရွှံ့ညွန်ပြိုကျမှုများလည်း ဖြစ်ပွားခဲ့ပြီး ပျောက်ဆုံးသူ ၂၀၀ ကျော်နီးပါးရှိနေသလို နေအိမ်များလည်း ပျက်စီးသွားခဲ့ကြောင်း၊ ဒေသန္တရ အရပ်ဘက်ကာကွယ်ရေးအေဂျင်စီထံမှ နောက်ဆုံးရရှိထားသော သတင်းအရ သိရသည်။

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးပြည်နယ် ပတ်ထရိုပိုလစ်မြို့တွင် ရေစီးဖြင့်မြောပါသွားသော မော်တော်ကားတစ်စီးအား ဖေဖော်ဝါရီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးပြည်နယ် ပတ်ထရိုပိုလစ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ပျက်စီးနေသော ဈေးဆိုင်အား ဖေဖော်ဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးပြည်နယ် ပတ်ထရိုပိုလစ်မြို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ပျက်စီးနေသော အဆောက်အဦများအား ဖေဖော်ဝါရီ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ သမ္မတ ဂျေအာ ဘိုဆိုနာရိုကလည်း ဖေဖော်ဝါရီ ၁၈ ရက်က သဘာဝဘေးဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့ပြီး ယင်းအခြေအနေအား “စစ်ပွဲမြင်ကွင်း” နှင့်ပင် တူကြောင်းနှင့် အရေးပေါ်အခြေအနေ ဆောင်ရွက်ချက်များစွာကိုလည်း လုပ်ဆောင်ရန် ဝန်ကြီးများအား ညွှန်ကြားခဲ့သည်။

ရာသီဥတုအခြေအနေများကြောင့် မြေကြီးများနှင့် အပျက်အစီးများအား ဖယ်ရှားရန် စက်ယန္တရားကြီးများ အသုံးပြုရန် ခက်ခဲသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှေးကွေးနေခဲ့သော်လည်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားပြီး လေးရက်ကြာအထိ ပြည်သူများအား အသက်ရှင်လျက် ကယ်ဆယ်နိုင်ဆဲဖြစ်ကြောင်း မီးသတ်သမားများက ပြောကြားခဲ့သည်။

ဘရာဇီး အစိုးရကလည်း သဘာဝဘေးအန္တရာယ် ဖြစ်ပွားသည့်နေရာ၌ အရေးပေါ်အခြေအနေသက်သာလျော့ပါးရေးအတွက် အသုံးပြုရန် ဘရာဇီးငွေကြေး reais သန်း ၅၀၀ ခန့် (အမေရိကန်ဒေါ်လာ ၉၅ သန်းခန့်) ထုတ်ပေးရန် မျှော်မှန်းထားကြောင်း သိရသည်။ (Xinuha)

…………………………………………
(English Version)
Death toll hits 130 in Brazil mudslides
2022-02-19 06:37:26
BRASILIA, Feb. 18 (Xinhua) — The number of fatalities due to floods and mudslides in Petropolis, a town in southeast Brazil’s Rio de Janeiro state, rose to 130 on Friday, according to local authorities.
The latest report from the local Civil Defense agency also said the number of people reported missing has almost doubled to over 200, since heavy rains on Tuesday caused rivers to overflow, sparking mudslides that destroyed many homes.
Brazil’s President Jair Bolsonaro, who flew over the disaster area at noon on Friday, said it looked like a “war scene,” and ordered his ministers to take a series of emerging measures.
Firefighters said it was still possible to rescue people alive four days after the disaster, though weather conditions slowed rescue efforts by making it difficult to use heavy machinery to move earth and rubble.
The Brazilian government is expected to release some 500 million reais (about 95 million U.S. dollars) in emergency relief for the affected area. Enditem

Photo 1 : Damaged trees and vehicles block a road after heavy rains in Petropolis in the state of Rio de Janeiro, Brazil, Feb. 16, 2022. (Xinhua/Wang Tiancong)
Photo 2 : A car washed away by floodwater is seen in Petropolis in the state of Rio de Janeiro, Brazil, Feb. 16, 2022. (Xinhua/Wang Tiancong)
Photo 3 : PETROPOLIS, Feb. 17, 2022 (Xinhua) — A damaged shop is seen after heavy rains in Petropolis in the state of Rio de Janeiro, Brazil, Feb. 16, 2022. The death toll from landslides and floods in the Brazilian city of Petropolis in Rio de Janeiro state rose to 78, including six children, local authorities said Wednesday. (Xinhua/Wang Tiancong)
Photo 4 : Damaged buildings are seen after heavy rains in Petropolis in the state of Rio de Janeiro, Brazil, Feb. 16, 2022. The death toll from landslides and floods in the Brazilian city of Petropolis in Rio de Janeiro state rose to 78, including six children, local authorities said Wednesday. (Xinhua/Wang Tiancong)