Connect with us

China

အစ္စရေးနှင့် ပါလက်စတိုင်းကြား ပြီးပြည့်စုံ၍ တည်တံ့သော အပစ်အခတ်ရပ်စဲရေးရရှိရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် သဘောတူညီမှုအသစ်အတွက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း၊ အစ္စရေးနှင့် ပါလက်စတိုင်းကြား ပြီးပြည့်စုံ၍ တည်တံ့သော အပစ်အခတ်ရပ်စဲရေး၊ ထိန်းသိမ်းထားသူများ ပြန်လွှတ်ပေးရေး၊ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ၏ အဓိကအချက်တစ်ခုဖြစ်သော နှစ်နိုင်ငံ အဖြေရှာခြင်းနည်းလမ်းဆီသို့ ပြန်လည်ရောက်ရှိရေး တွန်းအားပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက နိုဝင်ဘာ၂၈ ရက်၌ ပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က ဘရာဇီးနိုင်ငံခြားရေးဝန်ကြီး Mauro Vieira နှင့် တွေ့ဆုံဆွေးနွေးစဉ် အထက်ပါအတိုင်းမှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

ဘရာဇီးနိုင်ငံခြားရေးဝန်ကြီး Mauro Vieira ကလည်း ဘရာဇီးအနေဖြင့် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို သဘောတူကြောင်း ပြောကြားခဲ့သည်။ ပထမဆုံး ယာယီအပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးသင့်ကြောင်း၊ နောက်ဆုံး၌ ပါလက်စတိုင်းနှင့် အစ္စရေးကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှုကို နှစ်နိုင်ငံ အဖြေရှာခြင်းနည်းလမ်းဖြင့်သာ ရရှိနိုင်မည်ဖြစ်ကြောင်း Vieira က ဆိုသည်။

ထို့ပြင် ဘရာဇီးနိုင်ငံအနေဖြင့် ဆောင်ရွက်မှုအသစ်များ လုပ်ဆောင်ရေးနှင့် ညီညွတ်၍ ရှင်းလင်းတိကျသောအသံ ထုတ်ဖော်ရေး၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ထောက်ခံရေးအတွက် တရုတ်နိုင်ငံနှင့်အတူ အနီးကပ်ဆောင်ရွက်ရန် အသင့်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
Chinese FM urges comprehensive, lasting ceasefire between Israel, Palestine

NEW YORK, Nov. 29 (Xinhua) — Chinese Foreign Minister Wang Yi said here Tuesday that China and Brazil should strive for new consensus in the UN Security Council and push for a comprehensive and lasting ceasefire between Israel and Palestine, the release of captives, and a return to the two-state solution as the fundamental one to the Palestinian-Israeli conflict.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, made the remarks during talks with his Brazilian counterpart, Mauro Vieira.
For his part, Vieira said that the Brazilian side agrees with China’s position. The temporary ceasefire should be extended first and eventually the peaceful coexistence between Palestine and Israel should be achieved through the two-state solution, Vieira said.
Brazil is ready to work closely with China to prompt the UN Security Council to take new actions and make a unanimous and clear voice, he said.
Photo: Chinese State Councilor and Foreign Minister Wang Yi addresses the Manila Forum for China-Philippines Relations via video on Jan. 17, 2022. (Xinhua/Ji Chunpeng)