Connect with us

China

တတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းမှုဆိုင်ရာ ရပ်ဝန်းနှင့် ပိုးလမ်းမဖိုရမ် တရားဝင်ဝက်ဘ်ဆိုက်ကြေညာ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က နိုင်ငံတကာပူးပေါင်းမှုဆိုင်ရာ ရပ်ဝန်းနှင့် ပိုးလမ်းမဖိုရမ်၊ ခေါင်းဆောင်များ စားပွဲဝိုင်းဆွေးနွေးပွဲတွင် သဘာပတိအဖြစ်ဆောင်ရွက်နေသည်ကို ၂၀၁၇ ခုနှစ် မေ ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

တတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းမှုဆိုင်ရာ ရပ်ဝန်းနှင့် ပိုးလမ်းမဖိုရမ်၏ တရားဝင်ဝက်ဘ်ဆိုက် ဖြစ်သော http://www.beltandroadforum.org/ ကို အောက်တိုဘာ ၁၁ ရက်က ကြေညာလိုက်ကြောင်း သိရသည်။
အဆိုပါ ဖိုရမ်ကို အောက်တိုဘာ ၁၇ ရက်မှ ၁၈ ရက်အထိ ပေကျင်းမြို့တွင် ကျင်းပမည်ဖြစ်သည်။

တရုတ်နှင့် အင်္ဂလိပ် ဘာသာစကားများဖြင့် ဖော်ပြထားသော အဆိုပါ ဝက်ဘ်ဆိုက်က ဖိုရမ်သတင်းများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးမည်ဖြစ်သည်။ ၎င်းဖိုရမ်တွင် လာရောက်လေ့လာသူများအနေဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်၌ ပါဝင်သောမိတ်ဆွေအသိုင်းအဝိုင်းကို ရှာဖွေနိုင်မည့် အတွေ့အကြုံများကို 3D globe web ပုံစံဖြင့်လည်း ဖော်ပြထားမည်ဖြစ်သည်။

ထို့ပြင် ဖိုရမ်ဆိုင်ရာ မီဒီယာစင်တာ ဝက်ဘ်ဆိုက်ဖြစ်သည့် http://www.brfmc2023.cn ကိုလည်း ကြေညာခဲ့ကာ ပြည်တွင်း၊ ပြည်ပ သတင်းထောက်များအတွက် ဆက်စပ်သော သတင်းအချက်အလက်နှင့် ဝန်ဆောင်မှုများ ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Official website launched for 3rd Belt and Road Forum for Int’l Cooperation
BEIJING, Oct. 11 (Xinhua) — The official website of the third Belt and Road Forum for International Cooperation, http://www.beltandroadforum.org/, was launched on Wednesday.
The forum will take place in Beijing from Oct. 17 to 18.
The official website, featuring Chinese and English versions, will release forum news promptly. The website also features a 3D globe web interface, rendering an immersive experience for visitors to explore the circle of friends participating in the Belt and Road Initiative.
Meanwhile, a media center website for the forum, http://www.brfmc2023.cn, was also launched, providing relevant information and services for domestic and foreign news reporters.

Photo: Chinese President Xi Jinping chairs the Leaders’ Roundtable Summit at the Belt and Road Forum (BRF) for International Cooperation at Yanqi Lake International Convention Center in Beijing, capital of China, May 15, 2017. (Xinhua/Ma Zhancheng)