Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံတွင် တရုတ်ရင်းနှီးမြှုပ်နှံထားသော လေဆိပ် လေယာဉ်ပျံသန်းရေး နောက်ဆုံးသရုပ်ပြမှုများ အောင်မြင်စွာပြီးစီး

ကမ္ဘောဒီးယားနိုင်ငံ Sotr Nikum ခရိုင်တွင် တရုတ်ရင်းနှီးမြှုပ်နှံထားသော Siem Reap Angkor အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်မှုလုပ်ငန်းခွင်ကို ၂၀၂၂ ခုနှစ် ဧပြီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်း Siem Reap ပြည်နယ်တွင် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားသော Siem Reap Angkor အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လေယာဉ်ပျံသန်းရေး နောက်ဆုံးသရုပ်ပြမှုများ အောက်တိုဘာ ၅ ရက်က အောင်မြင်စွာပြီးစီးခဲ့ကြောင်း ကမ္ဘောဒီးယား မြို့ပြလေကြောင်းဌာန (SSCA) က ကြေညာခဲ့သည်။

အဆိုပါ သရုပ်ပြမှုများတွင် လေကြောင်းလိုင်း ၃ ခုက ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ Sky Angkor Airlines လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းက ဖနွမ်းပင် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လည်းကောင်း၊ Cambodia Airways လေကြောင်းလိုင်းမှ ဂျက်လေယာဉ်တစ်စင်းက Sihanoukville အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လည်းကောင်း၊ China Eastern Airlines လေကြောင်းလိုင်းမှ လေယာဉ်တစ်စင်းက တရုတ်နိုင်ငံ ကူမင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှလည်းကောင်း ပျံသန်းခဲ့ကြကြောင်း သိရသည်။

4E-အဆင့် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဂိတ်ပေါင်း ၃၈ ခုရှိပြီး ၂၀၂၄ ခုနှစ်မှစ၍ တစ်နှစ်လျှင် လေကြောင်းခရီးသည် ၇ သန်း၊ ၂၀၄၀ ပြည့်နှစ်မှစ၍ ခရီးသည် ၁၂ သန်းအထိ ကိုင်တွယ်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အဆိုပါ လေဆိပ်က လေကြောင်းကုန်စည်သယ်ဆောင်မှုအနေဖြင့် ၂၀၂၄ ခုနှစ်မှစ၍ တန်ချိန် ၁၀,၀၀၀ အထိ၊ ၂၀၄၀ ပြည့်နှစ်မှစ၍ တန်ချိန် ၂၆,၀၀၀ အထိ တင်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ လေကြောင်းပျံသန်းမှုခရီးစဉ် အနေဖြင့်မူ ၂၀၂၄ ခုနှစ်မှစ၍ တစ်နှစ်လျှင် ၆၅,၈၀၀ ခုနှင့် ၂၀၄၀ ပြည့်နှစ်တွင် ၁၁၂,၇၀၀ ခုအထိ ရှိနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

၎င်းလေဆိပ်ကို တရုတ်နိုင်ငံ Yunnan Investment Holdings လီမိတက်၏ မိတ်ဖက်ဖြစ်သော အန်ကော အပြည်ပြည်ဆိုင်လေဆိပ် ရင်းနှီးမြှုပ်နှံမှု (ကမ္ဘောဒီးယား) ကုမ္ပဏီလီမိတက်က ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ဧရိယာ ဟက်တာ ၇၀၀ ရှိသော ထိုလေဆိပ်သည် ယူနက်စကိုစာရင်းဝင် အန်ကော ရှေးဟောင်းသုတေသနဥယျာဉ်မှ ကီလိုမီတာ ၄၀ ခန့်အကွာ၊ Siem Reap ပြည်နယ်မှ ကီလိုမီတာ ၅၀ အကွာ Sotr Nikum ခရိုင်တွင် တည်ရှိသည်။

၃,၆၀၀ မီတာရှည်လျားသော ပြေးလမ်းပါရှိသည့် ၎င်းလေဆိပ်တွင် လေယာဉ်အမျိုးအစားစုံ ဆင်းသက်နိုင်ကြောင်းနှင့် အောက်တိုဘာ ၁၆ ရက်၌ လည်ပတ်မှုများစတင်မည်ဖြစ်သလို ဒီဇင်ဘာ ၁ ရက်တွင် တရားဝင်ဖွင့်ပွဲပြုလုပ်မည်ဖြစ်ကြောင်း SSCA ပြောကြားချက်အရ သိရသည်။ (Xinhua)

………………………………
(English Version)
Chinese-invested airport in Cambodia’s completes final airport flight demos
PHNOM PENH, Oct. 6 (Xinhua) — Chinese-invested Siem Reap Angkor International Airport in northwest Cambodia’s Siem Reap province successfully completed final airport flight demonstrations on Thursday, Cambodia’s State Secretariat of Civil Aviation (SSCA) announced.
Three airlines took part in the airport flight demos, the SSCA said in a statement, adding that a Sky Angkor Airlines plane was flown from the Phnom Penh International Airport, a Cambodia Airways jet from the Sihanoukville International Airport, and a China Eastern Airlines aircraft from China’s Kunming International Airport.
The 4E-level international airport has 38 gates and will be able to handle 7 million air passengers per annum from 2024 and up to 12 million passengers annually from 2040, the statement said.
It added that the airport can deal with 10,000 tonnes of air cargo per year from 2024 and up to 26,000 tonnes from 2040, and is able to accommodate 65,800 flights per year from 2024 and up to 112,700 flights annually from 2040.
According to the statement, the airport has been invested by the Angkor International Airport Investment (Cambodia) Co., Ltd., an affiliate of China’s Yunnan Investment Holdings Ltd.
Covering a parcel of 700 hectares, the airport is located in Sotr Nikum district, about 40 km from the UNESCO-listed Angkor Archaeological Park and 50 km from Siem Reap provincial town.
SSCA said the airport, with a 3,600-meter runway, can handle the landing of all kinds of aircraft and that it will commence operations on Oct. 16, with an official launching ceremony on Dec. 1.
Photo: Aerial photo taken on April 3, 2022 shows the construction site of Chinese-invested Siem Reap Angkor International Airport in Sotr Nikum district, about 40 km from the UNESCO listed Angkor Archaeological Park and 50 km from Siem Reap provincial town, Cambodia. (Photo by Ly Lay/Xinhua)