Connect with us

China

တရုတ်နိုင်ငံသမ္မတ ရှီက စစ်ဘက်ဆိုင်ရာ စီမံခန့်ခွဲမှု ဘက်စုံအားကောင်းစေရန် တိုက်တွန်းပြောကြား

ပေကျင်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ဖြစ်သူ ရှီက စစ်ဘက်ဆိုင်ရာ စီမံအုပ်ချုပ်မှု ဘက်စုံအားကောင်းစေရန်လိုအပ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ဇူလိုင် ၂၄ ရက်က ကျင်းပသော CPC ဗဟိုကော်မတီ နိုင်ငံရေးဗျူရို၏ အဖွဲ့လိုက် လေ့လာခြင်း အစည်းအဝေး၌ ရှီက သဘာပတိအဖြစ်ဆောင်ရွက်စဉ် အဆင့်မြင့်အုပ်ချုပ်မှုပုံစံဖြင့် တပ်မတော်၏ အရည်အသွေးမြင့်မားသည့် ဖွံ့ဖြိုးတိုးတက်ရေးအားမြှင့်တင်ရန် တိုက်တွန်းပြောကြားခဲ့သည်။

သြဂုတ် ၁ ရက် တွင် ကျရောက်မည့် တရုတ်နိုင်ငံ၏ တပ်မတော်နေ့ မတိုင်မီ ယင်းအစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်သည်။ (Xinhua)

…………………………
(English Version)
Xi stresses strengthening all-around military governance
BEIJING, July 25 (Xinhua) — Xi Jinping, general secretary of the Communist Party of China (CPC) Central Committee, has stressed the need to strengthen all-around military governance.
Presiding over a group study session of the Political Bureau of the CPC Central Committee on Monday, Xi called for promoting high-quality development of the armed forces with high-level governance.
The session was convened ahead of China’s Army Day, which falls on Aug. 1. ■