Connect with us

China

တရုတ်ရေတပ်ဆေးရုံသင်္ဘော လူသားချင်းစာနာထောက်ထားမှုမစ်ရှင်အတွက် ရွက်လွှင့်ထွက်ခွာ

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ကျိုးဆန်းမြို့ရှိ ဆိပ်ကမ်း၌ တရုတ်ရေတပ်ဆေးသင်္ဘောဖြစ်သော “ငြိမ်းချမ်ရေးသင်္ဘော” ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟန်ကျိုး၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

တရုတ်ရေတပ်ဆေးရုံသင်္ဘောဖြစ်သည့် “ငြိမ်းချမ်းရေးသင်္ဘောကြီး” သည် ခီရီဘာတီ၊ တွန်ဂါ၊ ဗန်နူအာတူ၊ ဆော်လမွန်ကျွန်းစုနှင့် အရှေ့တီမော စသည့်နိုင်ငံများ၌ လူသားချင်းစာနာထောက်ထားမှု ဆေးဘက်ဆိုင်ရာမစ်ရှင် ဆောင်ရွက်ရန် ဇူလိုင် ၃ ရက်က ရွက်လွှင့်ထွက်ခွာသွားပြီဖြစ်သည်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ကျိုးဆန်းမြို့ရှိ ဆိပ်ကမ်း၌ တရုတ်ရေတပ်ဆေးရုံသင်္ဘောဖြစ်သော “ငြိမ်းချမ်ရေးသင်္ဘောကြီး” ရွက်လွှင့်ထွက်ခွာနေသည်ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ယခုခရီးစဉ်သည် ခီရီဘာတီနိုင်ငံနှင့် ဆော်လမွန်ကျွန်းစုများဆီသို့ တရုတ်ရေတပ်သင်္ဘောက ပထမဆုံးအကြိမ် သွားရောက်ခြင်းဖြစ်ကာ ယင်းနိုင်ငံများ၌ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုများ ဆောင်ရွက်သွားမည်ဖြစ်သည်။

အစီအစဉ်အရ ဆေးရုံသင်္ဘောကြီးသည် နိုင်ငံတစ်နိုင်ငံချင်းစီရှိ ဆိပ်ကမ်းတစ်ခုခု၌ ဆိုက်ကပ်မည်ဖြစ်ကာ ဒေသခံပြည်သူများ၊ တရုတ်အဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့် ပြည်ပရောက် တရုတ်နွယ်ဖွားများအတွက် သီတင်းပတ်ကြာ ကျန်းမာရေးဝန်ဆောင်မှုများကို အခမဲ့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် မစ်ရှင်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဆက်စပ်သောနိုင်ငံများနှင့် ကူးလူးဖလှယ်မှုများနှင့် ပညာရပ်ဆိုင်ရာဆွေးနွေးပွဲများကိုလည်း ပြုလုပ်သွားမည်ဖြစ်သည်။
ထိုဆေးရုံသင်္ဘောတွင် ကျန်းမာရေးဝန်ထမ်း ၁၂၆ ဦး၊ ကျန်းမာရေးဌာနငယ် ၂၆ ခုနှင့် အရန်ဌာန ၇ ခုတို့ ပါရှိသည်။ ယင်းသင်္ဘောပေါ်တွင် ကျန်းမာရေးစစ်ဆေးမှု၊ ဆေးကုသမှုနှင့် အထွေထွေခွဲစိတ်မှု၊ အရိုးရောဂါကုသမှု၊ သားဖွားနှင့် မီးယပ်ရောဂါတို့အပြင် အမျိုးအစား ၄၀ ကျော် ဆောင်ရွက်နိုင်စွမ်းရှိကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Chinese naval hospital ship sets sail for humanitarian mission
HANGZHOU, July 3 (Xinhua) — Chinese naval hospital ship “Peace Ark” set sail on Monday for a humanitarian medical mission in Kiribati, Tonga, Vanuatu, Solomon Islands and East Timor.
This is the first time a Chinese naval vessel will visit Kiribati and Solomon Islands, and carry out humanitarian medical services there.
According to the plan, the hospital ship will dock at one port in each country, providing week-long medical services free of charge for local people, personnel from Chinese institutions and overseas Chinese.
Exchanges and professional seminars with relevant countries will also be conducted as part of this mission.
The hospital ship has 126 medical staffers, and boasts 26 clinical departments and 7 auxiliary departments. It is capable of carrying out more than 40 kinds of examinations, treatments, and operations in general surgery, orthopedics, obstetrics and gynecology and other disciplines.
Photo 1: This photo shows Chinese naval hospital ship “Peace Ark” at a port in Zhoushan, east China’s Zhejiang Province, July 3, 2023. (Photo by Li Yu/Xinhua)
Photo 2: Chinese naval hospital ship “Peace Ark” sets sail at a port in Zhoushan, east China’s Zhejiang Province, July 3, 2023. (Photo by Han Lin/Xinhua)