Connect with us

Africa & Middle East

လက်ဘနွန်နိုင်ငံရှိ တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်ဦးရေ ၄၁၀ ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးဆုတံဆိပ်များ ပေးအပ်

လက်ဘနွန်နိုင်ငံ တောင်ပိုင်း Hanniyah ကျေးရွာရှိ တရုတ်တပ်ဖွဲ့ဝင်များစခန်းတွင် ကျင်းပသော ဆုတံဆိပ်ချီးမြှင့်ခြင်းအခမ်းအနား၌ တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များ ချီတက်နေသည်ကို ၂၀၁၉ ခုနှစ် ဧပြီ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘေရွတ်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

လက်ဘနွန်နိုင်ငံရှိ ၂၁ ဖွဲ့မြောက် တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်ဦးရေ ၄၁၀ ကို နိုင်ငံတောင်ပိုင်း၌ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးထိန်းသိမ်းမှု အောင်မြင်စွာဆောင်ရွက်နိုင်သည့်အတွက် ကုလသမဂ္ဂ ငြိမ်းချမ်းရေးဆုတံဆိပ်များ ဇူလိုင် ၄ ရက်က ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆုတံဆိပ်ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို လက်ဘနွန်နိုင်ငံ တောင်ပိုင်း Hanniyah ကျေးရွာရှိ တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များစခန်း၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
ယခုလိုဆုတံဆိပ်ချီးမြှင့်ခြင်းသည် လက်ဘနွန်လူမှုအဖွဲ့အစည်းကြား၊ ပြည်သူများနှင့် အာဏာပိုင်များ၊ UNIFIL ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များကြား ချစ်ကြည်ရင်းနှီးမှုဆက်ဆံရေး၏ သာဓကလည်းဖြစ်ကြောင်း လက်ဘနွန်နိုင်ငံအခြေစိုက် ကုလသမဂ္ဂယာယီတပ်ဖွဲ့ (UNIFIL) အကြီးအကဲက မှတ်ချက်ပြုခဲ့သည်။

၂၁ ဖွဲ့မြောက် တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့တွင် ဘက်စုံကျွမ်းကျင်အင်ဂျင်နီယာတပ်ဆွယ်တစ်ခု၊ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ဆွယ်တစ်ခုနှင့် ဆေးဘက်ဆိုင်ရာတပ်ဆွယ်တစ်ခုတို့ ပါဝင်ပြီး ၂၀၂၂ ခုနှစ် ဩဂုတ်လကတည်းက ကုလသမဂ္ဂမစ်ရှင်ကို တာဝန်ထမ်းဆောင်ခဲ့ကြခြင်းဖြစ်သည်။

ထို့ပြင် အဆိုပါ တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်များသည် မြေမြှုပ်မိုင်းဧရိယာ စတုရန်းမီတာ ၈,၄၀၀ ကျော်ကို ရှင်းလင်းပေးခဲ့ပြီး မြေမြှုပ်မိုင်း ၁,၄၀၀ ကျော်ကို ဘေးကင်းစွာဖယ်ရှားနိုင်ခဲ့ကြောင်း၊ ဆောက်လုပ်ရေးတာဝန် ၁၀၀ ခန့်ကို မြင့်မားသောစံချိန်စံနှုန်းများဖြင့် ပြီးစီးခဲ့ကြောင်း၊ UNIFIL တပ်ဖွဲ့ဝင်နှင့် ဒေသခံပြည်သူ ၃,၀၀၀ ကျော်အား ကျန်းမာရေးကုသမှုပေးအပ်ခဲ့ကြောင်းနှင့် ယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ် ၂၀ ကျော်ကိုလည်း ပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

တရုတ်ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင် ၇,၀၀၀ ကျော်အား ၂၀၀၆ ခုနှစ်မှစ၍ လက်ဘနွန်နိုင်ငံတွင် တပ်ဖြန့်တာဝန်ချထားခဲ့ကြောင်း သိရသည်။ (Xinhua)

……………………………
(English Version)
410 Chinese peacekeepers in Lebanon awarded UN medals of peace
BEIRUT, July 4 (Xinhua) — A total of 410 peacekeepers of the 21st Chinese peacekeeping contingent to Lebanon were awarded UN medals of peace on Tuesday for their outstanding commitment to maintaining stability and peace in the south of the country.
A medal parade ceremony was held at the Chinese peacekeepers’ camp in Hanniyah village in southern Lebanon.
The UN Interim Force in Lebanon (UNIFIL) chief noted that this is a testimony of the cordial relationship between the Lebanese society, both its people and authorities, and UNIFIL peacekeepers.
The 21st Chinese peacekeeping contingent, which includes a multi-functional engineer detachment, a construction engineer detachment and a medical detachment, has been serving the UN Mission since August 2022.
So far, the Chinese peacekeepers have cleared more than 8,400 square meters of minefields, safely removed over 1,400 landmines, completed about 100 construction tasks with high standards, provided medical treatments to above 3,000 UNIFIL personnel and local people, and held over 20 cultural exchange activities, among other things.
More than 7,000 Chinese peacekeepers have been dispatched to Lebanon since 2006.
Photo: Chinese peacekeepers march during a medal ceremony held at the Chinese troop’s camp in Hanniyah village in southern Lebanon, on April 3, 2019. (Xinhua)