Connect with us

Media

ယူကရိန်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး ရာထူးမှနုတ်ထွက်စာတင်

ယူကရိန်းနိုင်ငံ Kharkiv မြို့သို့ ရောက်ရှိနေသော သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီး (ရှေ့တန်း အလယ်) ကို ၂၀၂၂ ခုနှစ် မေ ၂၉ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Ukrainian Presidential Office/Handout via Xinhua)

ကိဗ်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)
ယူကရိန်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Oleksii Reznikov က ရာထူးမှနုတ်ထွက်စာကို လွှတ်တော်ဥက္ကဋ္ဌ Ruslan Stefanchuk ထံ တင်ခဲ့ကြောင်း စက်တင်ဘာ ၄ ရက်၌ ပြောကြားခဲ့သည်။

“ယူကရိန်းခေတ်သစ်သမိုင်းမှာ အခက်ခဲဆုံးကာလဖြစ်တဲ့ လွန်ခဲ့တဲ့ ၂၂ လတာကာလအတွင်း ယူကရိန်းပြည်သူတွေနဲ့ ယူကရိန်းစစ်တပ်အတွက် တာဝန်ထမ်းဆောင်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်” ဟု ယခင်က တွစ်တာအဖြစ် လူသိများသော X လူမှုမီဒီယာပေါ်တွင် Reznikov က ရေးသားခဲ့သည်။
ကာကွယ်ရေးဝန်ကြီးအဖြစ် ၂၀၂၁ ခုနှစ် နိုဝင်ဘာလက ခန့်အပ်ခံရသော Reznikov က ၎င်းအား ပေးအပ်ခဲ့သော တာဝန်များအားလုံး ပြီးမြောက်ပြီဖြစ်ကြောင်း နုတ်ထွက်စာ၌ ပြောကြားထားသည်။

Reznikov အား ဖယ်ရှားရန်နှင့် ၎င်း၏နေရာတွင် ပုဂ္ဂလိကပိုင်လွှဲပြောင်းမှုရန်ပုံငွေ အကြီးအကဲ Rustem Umerov အား အတည်ပြုရန် ယခုသီတင်းပတ်အတွင်း လွှတ်တော်အား ပြောကြားရန် စီစဉ်ထားကြောင်း ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက စက်တင်ဘာ ၃ ရက်၌ ပြောကြားခဲ့သည်။
လွှတ်တော်အနေဖြင့် ယခုသီတင်းပတ်နှောင်းပိုင်းတွင် အဆိုပါနေရာခန့်အပ်မှုအတွက် ဆန္ဒမဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
Ukrainian defense minister submits resignation letter
KIEV, Sept. 4 (Xinhua) — Ukrainian Defense Minister Oleksii Reznikov said on Monday that he has submitted a letter of resignation to parliament chairman Ruslan Stefanchuk.
“It was an honor to serve the Ukrainian people and work for the Ukrainian army for the last 22 months, the toughest period of Ukraine’s modern history,” Reznikov said on the social media X, formerly known as Twitter.
In the letter, Reznikov, who was appointed as defense minister in November 2021, said that all the key tasks set for his mandate have been accomplished.
On Sunday, Ukrainian President Volodymyr Zelensky said that he plans to dismiss Reznikov and ask parliament this week to confirm Rustem Umerov, head of the country’s main privatization fund, as his replacement.
The parliament is set to vote on the appointment later this week.
Photo: Photo provided by the Ukrainian Presidential Office on May 29, 2022 shows Ukrainian President Volodymyr Zelensky (C, front) in a visit to Kharkiv, Ukraine. (Ukrainian Presidential Office/Handout via Xinhua)