Connect with us

China

တရုတ်နှင့် ဗီယက်နမ် မဟာဗျူဟာမြောက် အရေးပါမှုဆောင်ကြဉ်းပေးမည့် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး သဘောတူ

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ငုယင်ဖူထျောင်တို့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က တွေ့ဆုံဆွေးနွေးနေစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် မဟာဗျူဟာမြောက်အရေးပါမှု ဆောင်ကြဉ်းပေးမည့် အေးအတူ ပူအမျှ အသိုက်အဝန်းတစ်ရပ် တည်ဆောက်ရန် ဒီဇင်ဘာ ၁၂ ရက်က သဘောတူခဲ့ကြကြောင်း သိရသည်။
နှစ်နိုင်ငံအနေဖြင့် ပါတီနှစ်ခုနှင့် နှစ်နိုင်ငံကြား ဆက်ဆံရေးပုံစံအသစ်ကို ကြေညာခဲ့ပြီး ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေး နက်ရှိုင်းမှုပေါ်အခြေခံ၍ ဗျူဟာမြောက် အရေးပါမှုကို ဆောင်ကြဉ်းပေးမည့် အေးအတူ ပူအမျှ တရုတ်-ဗီယက်နမ် အသိုက်အဝန်းတစ်ရပ် တည်ဆောက်ရန် သဘောတူခဲ့ကြသည်။

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိနေစဉ် အထက်ပါ ကြေညာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ထို့ပြင် သမ္မတ ရှီသည် ဗီယက်နမ်ကွန်မြူနစ်ပါတီ (CPV) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ငုယင်ဖူထျောင်က ကြိုဆိုသော အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အဆိုပါ အခမ်းအနားပြီးနောက် ရှီသည် ထျောင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ရှီက ၎င်းအနေဖြင့် ကတိပြုထားသည့်အတိုင်း ဗီယက်နမ်နိုင်ငံသို့ လာရောက်ခြင်းနှင့် နှစ်နိုင်ငံ ခေါင်းဆောင်များကြား တတိယအကြိမ်မြောက် အပြန်အလှန်ခရီးစဉ်များ ပြည့်စုံခြင်းအတွက် ဝမ်းမြောက်မိကြောင်း၊ အထူးသဖြင့် CPV ၏ ၁၃ ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာကွန်ဂရက်မှစ၍ ဗီယက်နမ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲမှု “Doi Moi” ၏ နှစ်ပေါင်း ၄၀ နီးပါးအတွင်း ဗီယက်နမ်နိုင်ငံမှ ဆောင်ရွက်နိုင်ခဲ့သော အောင်မြင်မှုများကိုလည်း တရုတ်နိုင်ငံက ကျေနပ်ဝမ်းမြောက်မိကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် နိုင်ငံလွတ်လပ်ရေးနှင့် လွတ်မြောက်မှုအတွက် ကိုယ်တိုင်အသီးသီးရုန်းကန်မှုများကို အချင်းချင်း ပံ့ပိုးကူညီခဲ့ကြကြောင်းနှင့် ပြုပြင်ပြောင်းလဲမှု၊ တံခါးဖွင့်ဝါဒနှင့် ဆန်းသစ်တီထွင်မှုတို့တွင်လည်း တစ်နိုင်ငံနှင့် တစ်နိုင်ငံ အပြန်အလှန် လေ့လာသင်ယူခဲ့ကြကြောင်း ရှီက ဆိုသည်။
ထို့ပြင် တရုတ်နိုင်ငံသည် ဗီယက်နမ်နိုင်ငံနှင့် ဆက်ဆံရေးကို ကာလရှည်မဟာဗျူဟာမြောက် ရှုထောင့်မှ အစဉ်အမြဲရှုမြင်ကြောင်း၊ လက်ရှိတွင် ကမ္ဘာကြီး၊ အချိန်ကာလနှင့် သမိုင်းကြောင်းရှိ ပြောင်းလဲမှုများသည် မကြုံဖူးသောအခြေအနေ ဖြစ်ပေါ်လျက်ရှိကြောင်း ရှီက ပြောခဲ့သည်။

ကမ္ဘာ့ထိပ်တန်း ကွန်မြူနစ်နိုင်ငံကြီး နှစ်နိုင်ငံဖြစ်သည့်အားလျော်စွာ CPC နှင့် CPV တို့သည် မာ့ခ်ဝါဒကို လိုက်နာရေးနှင့် ဖော်ထုတ်ရေး၊ ဆိုရှယ်လစ်စနစ်လမ်းကြောင်းကို မဆုတ်မနစ်လိုက်လျှောက်ရေးနှင့် ဆိုရှယ်လစ်စနစ် တည်ဆောက်ရာတွင် နိုင်ငံကို ဦးဆောင်ရေးအတွက် ရှီက ထည့်သွင်းပြောကြားခဲ့သည်။ (Xinhua)

………………………………
(English Version)
China, Vietnam agree to build community with shared future that carries strategic significance
HANOI, Dec. 12 (Xinhua) — China and Vietnam on Tuesday agreed to build a community with a shared future that carries strategic significance.
The two sides have announced the new positioning of relations between the two parties and countries and agreed to build a China-Vietnam community with a shared future that carries strategic significance on the basis of deepening the comprehensive strategic cooperative partnership between the two sides.
The announcement was made during the ongoing state visit to Vietnam by Xi Jinping, general secretary of the Communist Party of China (CPC) Central Committee and Chinese president.
Xi attended a welcome ceremony held by General Secretary of the Communist Party of Vietnam (CPV) Central Committee Nguyen Phu Trong.
After the ceremony, Xi held a meeting with Trong. Xi said he is delighted to visit Vietnam as promised and complete the third round of mutual visits between the two leaders. China is pleased with the achievements made by Vietnam in the past nearly 40 years of “Doi Moi,” the country’s reform cause, especially since the 13th National Congress of the CPV, Xi said.
China and Vietnam have supported each other in their respective struggles for national independence and liberation, and have learned from each other in their respective undertakings of reform and opening-up as well as innovation, Xi said.
Xi said China always sees its ties with Vietnam from a strategic and long-term perspective, noting that at present, changes in the world, times and history are unfolding in an unprecedented manner.
As the world’s top two ruling Communist parties, both the CPC and the CPV have been adhering to and developing Marxism, unswervingly following the path of socialism, and leading their respective country in socialist construction, said Xi.
Photo: General Secretary of the Communist Party of China Central Committee and Chinese President Xi Jinping holds talks with General Secretary of the Communist Party of Vietnam Central Committee Nguyen Phu Trong in Hanoi, capital of Vietnam, Dec. 12, 2023. (Xinhua/Pang Xinglei)