Connect with us

China

တရုတ်နိုင်ငံခြားရေးဝန်ကြီး ထိုင်းနိုင်ငံသို့သွားရောက်လည်ပတ်ကာ အမေရိကန် အမျိုးသား လုံခြုံရေးအကြံပေးနှင့် တွေ့ဆုံမည်

တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေးဆိုင်ရာ မနီလာဖိုရမ်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် မိန့်ခွန်းပြောကြားနေသော တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၆ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara ၏ ဖိတ်ကြားချက်အရ ဇန်နဝါရီ ၂၆ ရက်မှ ၂၉ ရက်အထိ ထိုင်းနိုင်ငံသို့ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝန်ပင်းက ဇန်နဝါရီ ၂၅ ရက်တွင် ကြေညာခဲ့သည်။

ထို့ပြင် ဝမ်သည် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့ သဘောတူထားသည့်အတိုင်း အမေရိကန်နိုင်ငံ အမျိုးသား လုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်နှင့် ဘန်ကောက်မြို့တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ (Xinhua)

………………………………
(English Version)
Chinese FM to visit Thailand, hold talks with U.S. national security advisor
BEIJING, Jan. 26 (Xinhua) — At the invitation of Parnpree Bahiddha-Nukara, Thai deputy prime minister and minister of foreign affairs, Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, will visit Thailand from Jan. 26 to 29, foreign ministry spokesperson Wang Wenbin announced Friday.
As agreed by China and the United States, Wang will hold a new round of talks with U.S. National Security Advisor Jake Sullivan in Bangkok, the spokesperson said.
Photo: Chinese State Councilor and Foreign Minister Wang Yi addresses the Manila Forum for China-Philippines Relations via video on Jan. 17, 2022. (Xinhua/Ji Chunpeng)